ခဏခဏကျိုးလွယ်ပြီး အားနည်းနေတဲ့ လက်သည်းကို သဘာဝနည်းလမ်းတိုင်း ပြုပြင်မယ်

လက်သည်းအရှည်ထားရတာ ကြိုက်ပေမယ့် ခဏခဏ ကွဲအက် ကျိုးလွယ်နေလို့ လက်သည်းနီဆိုးရတာအဆင်မပြေ၊ ကျန်းမာလှပတဲ့ လက်သည်းလေး ပိုင်ဆိုင်နိုင်ဖို့အတွက် သဘာဝနည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။

ဗီတာမင် အီး


ဗီတာမင် အီးအဆီဟာ လက်သည်းကျိုးပဲ့လွယ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေတဲ့ လက်သည်းခွံကို ပြန်လည်ကျန်းမာစေပြီး အပေါ်ယံလွှာလေးတွေကို ပိုလှလာစေပါတယ်။ အိပ်ရာဝင်တော့မယ်ဆိုတာနဲ့ ဗီတာမင် အီးအဆီကို လိမ်းပြီး အိပ်ရုံပါပဲ။

အုန်းဆီ


အုန်းဆီမှာ ကောင်းမွန်တဲ့ antioxidant တွေပါဝင်ပါတယ်။ လက်သည်းမှာရှိတဲ့ မူလင်းအရင်းအမြစ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပိုးမွှားတွေကို သန့်စင်စေနိုင်ပြီး antifungal characteristics ပါဝင်ပါတယ်။

ပန်းသီး ရှာလကာရည်


ကွဲအက်ပြီး အဖက်လန်နေတဲ့ လက်သည်းခွံအတွက် ပန်းသီးရှာလကာရည်ဟာ အကောင်းဆုံးပါပဲ။
လက်သည်းခွံတွေကို သန်မာစေပြီး အရှည်လည်းမြန်စေပါတယ်။ ရေနွေးလေးထဲမှာ ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး မိနစ်အနည်းငယ်လောက် စောင့်လိုက်ပါ။ ကောင်းမွန်တဲ့ ရလဒ်ရတယ်ဆိုရင် နေ့စဉ်အသုံးပြုနိုင်ပါတယ်။

Tea tree oil


Tea tree oil မှာ အားပြင်းတဲ့ antiseptic နဲ့ antifungal တွေပါဝင်ပါတယ်။Tea tree oil ကို တိုက်ရိုက်လိမ်းတာမျိုးမလုပ်ပဲ အခြားအဆီတစ်မျိုးမျိုး နဲ့ရောပြီးအသုံးပြုပေးပါ။ tea tree oil ကို တစ်စက် ၊ နှစ်စက်ထည့်ပြီး olive oil (သို့) အုန်းဆီတို့ကိုရောပြီး လက်သည်းနဲ့ အရေပြားမှာ လိမ်းပေးပါ။

625 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.