ဒါလေးတွေဟာ အသေးမွှားဆိုပေမယ့် ကျန်းမာရေးအတွက် အကျိုးပြုနေတတ်ပါတယ်..

တစ်ချို့ မထင်မှတ်ထားတဲ့ အရာလေးတွေဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် ထူးထူးဆန်ဆန်းအကျိုးပြုနေတတ်ပါတယ်။ ကဲ.. ဘယ်လိုအရာတွေက အကျိုးပြုတာဖြစ်မလဲ ကြည့်လိုက်ကြရအောင်…

ရေချိုးနေရင်း သေးပေါက်ခြင်းက တချို့ လူတွေက ညစ်ပတ်တယ်လို့ သတ်မှတ်ကြတယ်။ ဒါပေမယ့်
ဆေးပညာအရ လေ့လာကြည့်မယ်ဆိုရင် အားကစားသမားတွေဆို ခြေထောက်အတွက် အနာတရကင်းစေပြီး ကောင်းမွန်စေတယ်လို့ သိရပါတယ်။

ဖိနပ်ပေါက်တဲ့အခါ ခြေထောက်က ကြာကြာလည်းမလျှောက်နိုင် သိပ်ခံရခက်ပါတယ်။ ပလာစတာတွေ ပေပွနေအောင် ကပ်ထားမယ့်အစား ပုံထဲကအတိုင်း တိပ်ကို ခြေထောက်ပေါက်တတ်တဲ့နေရာတွေမှာ ကပ်ထားလိုက်ပါ။ ခရီးဝေးဝေးသွားရမှာတို့မှာ ဖိနပ်ပေါက်တတ်ရင် ဒီလိုကပ်ထားလိုက်တာလေးက သက်သာစေမှာပါ။

မိန်းမသုံး ပစ္စည်းမို့ ဆောင်ထားရမှာအဆင်မပြေပေမယ့် သူ့ရဲ့အရေးပေါ်အသုံးဝင်ပုံလေးကို ပြောပြပေးချင်ပါတယ်။ မတော်တဆ ထိခိုက်မိသွားတဲ့အခါ သွေးထွက်ခြင်းကို တားဆီးနိုင်ဖို့ မိန်းမသုံးပစ္စည်းကို အသုံးပြုနိုင်ပါတယ်။

အနာတစ်ခုခုဖြစ်တဲ့အခါ ပေါင်ဒါမှုန့်နဲ့ သကြားကိုရောပြီး ဒဏ်ရာကို သိပ်ပေးနိုင်ပါတယ်။ သကြားဓာတ်ကဘတ်တီးရီးယားတွေကို သေစေနိုင်ပြီး အနာကျက်မြန်စေပါတယ်။

742 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.