ယူတုိ႔လံုး၀ထင္ထားမွာမဟုတ္တဲ႔ ၾကက္သြန္ျမိတ္ရဲ ႔အက်ိဳးေက်းဇူးေလးေတြ…

ကိုယ္ေတြၾကိဳက္ႏွစ္သက္စြာစားေသာက္ေနတဲ႔ ၾကက္သြန္ျမိတ္ဟာ အလွအပအတြက္လည္းသံုးလုိ႔ရပါတယ္။ၾကက္သြန္ျမိတ္ကုိ ပါးပါးလွီးျပီးေမႊစက္ထဲထည့္ေမႊလုိ႔ရလာတဲ႔အရည္ကုိ အလွအပအတြက္သံုးေပးရမွာပါ။အသားအရည္အတြက္ေရာ၊ဆံသားအတြက္ပါ အက်ိဳးေက်းဇူးေတြရရွိေစပါတယ္။

ၾကက္သြန္ျမိတ္မွာ ဗီတာမင္၊အမိုင္ႏုိအက္စစ္၊ေဖာ့စေဖာရပ္စ္၊ကယ္လ္စီယမ္၊သံဓာတ္၊မဂၢနီဆီယမ္၊ပုိတက္ဆီယမ္၊လိေမၼာ္သီးနဲ႔မုန္လာဥထဲမွာပါ၀င္တဲ႔ဗီတာမင္ေတြထက္ ပိုမ်ားတဲ႔ဗီတာမင္ေအ၊ဗီတာမင္စီ၊ဗီတာမင္အီး၊ဗီတာမင္ေကနဲ႔ ဗီတာမင္ဘီတုိ႔ မ်ားစြာပါ၀င္ပါတယ္။ျပီးေတာ့ ၾကက္သြန္ျမိတ္ဟာ ခႏၶာကုိယ္ထဲကေသြးနီဥေတြကုိ တုိးပြားေစတယ္လုိ႔လည္းသိရပါတယ္။

အခုေတာ့ ၾကက္သြန္ျမိတ္ေဖ်ာ္ရည္ကုိ အလွအပအတြက္ဘယ္လုိသံုးမလဲ ၾကည့္လိုက္ပါဦး

*အသားအရည္အတြက္
ၾကက္သြန္ျမိတ္ေဖ်ာ္ရည္ကုိ ေရခဲေလးနဲ႔ပံုမွန္ေသာက္သံုးေပးတာက အသားအရည္ေပၚမွာက်န္ေနရစ္ခဲ့တဲ႔အမာရြတ္ေတြကုိ ေလ်ာ့ပါးလာေစျပီးပ်က္စီးေနတဲ႔အသားအရည္ပုိင္းကုိ ျပန္လည္ျပဳျပင္ေပးပါတယ္။ဒါ့အျပင္ အေရျပားေရာဂါေတြလည္းမျဖစ္ေစေတာ့ပါဘူး။အသားအရည္ၾကည္လင္လာမယ့္အျပင္ ၀က္ျခံျဖစ္ေစတဲ႔ဘတ္တီးရီးယားပိုးေတြကိုလည္းဖယ္ရွားေပးပါတယ္။ေဖ်ာ္ရည္ကုိမေသာက္ပဲ ကိုယ့္ရဲ ႔ေရခ်ိဳးကန္ထဲမွာထည့္ျပီး မိနစ္ ၃၀ေလာက္ ေရစိမ္္ေပးမယ္ဆုိရင္ ခႏၶာကုိယ္က သန္႔စင္သြားျပီး အနံ႔ဆုိးထြက္တာမ်ိဳးလည္းမျဖစ္ေစပါဘူး။

*ဆံပင္
အသားအရည္အတြက္တင္မက ဆံပင္အတြက္ပါ ၾကက္သြန္ျမိတ္ေဖ်ာ္ရည္က အသံုး၀င္ေနပါတယ္။ၾကက္သြန္ျမိတ္ဟာ ဦးေရျပားေပၚက ဆဲလ္ေသေတြနဲ႔အညစ္အေၾကးေတြကုိ ဖယ္ရွားေပးပါတယ္။ေခါင္းမေလ်ွာ္ခင္ ၾကက္သြန္ျမိတ္ေဖ်ာ္ရည္အနည္းငယ္ကုိဦးေရျပားမွာလိမ္းျပီး ၂မိနစ္ေလာက္ၾကာေအာင္ႏွိပ္နယ္ေပးပါ။ႏွိပ္နယ္ျပီး မိနစ္ ၂၀ေလာက္ထားေပးပါ။မိနစ္ ၂၀ ျပည့္ရင္ေတာ့ပံုမွန္အတိုင္းေခါင္းေလ်ွာ္ရည္နဲ႔ေလ်ွာ္လုိ႔ရပါျပီ။ဒါက သင့္ဆံသားကုိ ေတာက္ပေစျပီး ႏူးညံ႔ေပ်ာ့ေပ်ာင္းလာေစပါတယ္။

*ခႏၶာကုိယ္သြယ္လ်ေစ
၀ိတ္အနည္းငယ္ခ်ဖုိ႔လိုအပ္ေနျပီလား?ဒါဆုိရင္ ၾကက္သြန္ျမိတ္ေဖ်ာ္ရည္ကုိသတိရလိုက္ပါ။ၾကက္သြန္ျမိတ္ေဖ်ာ္ရည္ေသာက္ေပးတာက ခႏၶာကုိယ္ထဲက အဆိပ္အေတာက္ေတြကုိဖယ္ရွားေပးျပီး မလုိအပ္တဲ႔အဆီပုိေတြကုိဖယ္ရွားေပးပါတယ္။ဒါ့အျပင္ၾကက္သြန္ျမိတ္ေဖ်ာ္ရည္ဟာ သြိဳင္းရြိဳက္ဂလင္းန္ကုိလည္း ေကာင္းမြန္စြာထိန္းခ်ဳပ္ေပးပါတယ္တဲ႔။တစ္ပတ္ကုိ သံုးခါေလာက္ ၾကက္သြန္ျမိတ္ေဖ်ာ္ရည္ေလးေသာက္ေပးမယ္ဆုိရင္ က်န္းမာျပီးအဆိပ္အေတာက္ကင္းတဲ႔ခႏၶာကုိယ္ေလးကုိပုိင္ဆုိင္ရမွာပါ။

ကဲ ဒီလုိအက်ိဳးေက်းဇူးေတြ ၾကက္သြန္ျမိတ္မွာရွိေနပါတယ္။ဒါေၾကာင့္ ေသခ်ာအသံုးခ်ၾကည့္ေနာ္

Source:organicauthority

Unicode

ကိုယ်တွေကြိုက်နှစ်သက်စွာစားသောက်နေတဲ့ ကြက်သွန်မိတ်ဟာ အလှအပအတွက်လည်းသုံးလို့ရပါတယ်။ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီးမွှေစက်ထဲထည့်မွှေလို့ရလာတဲ့အရည်ကို အလှအပအတွက်သုံးပေးရမှာပါ။အသားအရည်အတွက်ရော၊ဆံသားအတွက်ပါ အကျိုးကျေးဇူးတွေရရှိစေပါတယ်။

ကြက်သွန်မြိတ်မှာ ဗီတာမင်၊အမိုင်နိုအက်စစ်၊ဖော့စဖောရပ်စ်၊ကယ်လ်စီယမ်၊သံဓာတ်၊မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ်၊လိမ္မော်သီးနဲ့မုန်လာဥထဲမှာပါဝင်တဲ့ဗီတာမင်တွေထက် ပိုများတဲ့ဗီတာမင်အေ၊ဗီတာမင်စီ၊ဗီတာမင်အီး၊ဗီတာမင်ကေနဲ့ ဗီတာမင်ဘီတို့ များစွာပါဝင်ပါတယ်။ပြီးတော့ ကြက်သွန်မြိတ်ဟာ ခန္ဓာကိုယ်ထဲကသွေးနီဥတွေကို တိုးပွားစေတယ်လို့လည်းသိရပါတယ်။

အခုတော့ ကြက်သွန်မြိတ်ဖျော်ရည်ကို အလှအပအတွက်ဘယ်လိုသုံးမလဲ ကြည့်လိုက်ပါဦး

*အသားအရည်အတွက်
ကြက်သွန်မြိတ်ဖျော်ရည်ကို ရေခဲလေးနဲ့ပုံမှန်သောက်သုံးပေးတာက အသားအရည်ပေါ်မှာကျန်နေရစ်ခဲ့တဲ့အမာရွတ်တွေကို လျော့ပါးလာစေပြီးပျက်စီးနေတဲ့အသားအရည်ပိုင်းကို ပြန်လည်ပြုပြင်ပေးပါတယ်။ဒါ့အပြင် အရေပြားရောဂါတွေလည်းမဖြစ်စေတော့ပါဘူး။အသားအရည်ကြည်လင်လာမယ့်အပြင် ဝက်ခြံဖြစ်စေတဲ့ဘတ်တီးရီးယားပိုးတွေကိုလည်းဖယ်ရှားပေးပါတယ်။ဖျော်ရည်ကိုမသောက်ပဲ ကိုယ့်ရဲ ့ရေချိုးကန်ထဲမှာထည့်ပြီး မိနစ် ၃ဝလောက် ရေစိမ််ပေးမယ်ဆိုရင် ခန္ဓာကိုယ်က သန့်စင်သွားပြီး အနံ့ဆိုးထွက်တာမျိုးလည်းမဖြစ်စေပါဘူး။

*ဆံပင်
အသားအရည်အတွက်တင်မက ဆံပင်အတွက်ပါ ကြက်သွန်မြိတ်ဖျော်ရည်က အသုံးဝင်နေပါတယ်။ကြက်သွန်မြိတ်ဟာ ဦးရေပြားပေါ်က ဆဲလ်သေတွေနဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ခေါင်းမလျှော်ခင် ကြက်သွန်မြိတ်ဖျော်ရည်အနည်းငယ်ကိုဦးရေပြားမှာလိမ်းပြီး ၂မိနစ်လောက်ကြာအောင်နှိပ်နယ်ပေးပါ။နှိပ်နယ်ပြီး မိနစ် ၂ဝလောက်ထားပေးပါ။မိနစ် ၂၀ ပြည့်ရင်တော့ပုံမှန်အတိုင်းခေါင်းလျှော်ရည်နဲ့လျှော်လို့ရပါပြီ။ဒါက သင့်ဆံသားကို တောက်ပစေပြီး နူးညံ့ပျော့ပျောင်းလာစေပါတယ်။

*ခန္ဓာကိုယ်သွယ်လျစေ
၀ိတ်အနည်းငယ်ချဖို့လိုအပ်နေပြီလား?ဒါဆိုရင် ကြက်သွန်မြိတ်ဖျော်ရည်ကိုသတိရလိုက်ပါ။ကြက်သွန်မြိတ်ဖျော်ရည်သောက်ပေးတာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး မလိုအပ်တဲ့အဆီပိုတွေကိုဖယ်ရှားပေးပါတယ်။ဒါ့အပြင်ကြက်သွန်မြိတ်ဖျော်ရည်ဟာ သွိုင်းရွိုက်ဂလင်းန်ကိုလည်း ကောင်းမွန်စွာထိန်းချုပ်ပေးပါတယ်တဲ့။တစ်ပတ်ကို သုံးခါလောက် ကြက်သွန်မြိတ်ဖျော်ရည်လေးသောက်ပေးမယ်ဆိုရင် ကျန်းမာပြီးအဆိပ်အတောက်ကင်းတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ရမှာပါ။

ကဲ ဒီလိုအကျိုးကျေးဇူးတွေ ကြက်သွန်မြိတ်မှာရှိနေပါတယ်။ဒါကြောင့် သေချာအသုံးချကြည့်နော်

Source:organicauthority

317 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.