K-Pop ပရိသတ်တွေကို ဒီလိုစကားမျိုးတွေလုံးဝမပြောမိပါစေနဲ့…
*သူ့ကိုကြည့်ရတာ မိန်းကလေးကျနေတာပဲ/ သူ့ကိုကြည့်ရတာ ယောက်ျားလေးနဲ့တူတယ်
*သူတို့က Gay တွေလား
Ref:Koreaboo
Unicode
အခုနောက်ပိုင်းမှာ ကိုရီးယားသီချင်းတွေဟာ ကမ္ဘာအနှံ့ကိုပျံ့နှံ့ရေပန်းစားလာကြပါတယ်။ကမ္ဘာတစ်ဝန်းလုံးမှာ K-Pop ပရိသတ်တွေကလည်းမနည်းမနောပါပဲ။ပြီးတော့ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလို သင့်အနေနဲ့ K-Pop ပရိသတ်တစ်ယောက်နဲ့ခင်မင်ပြီဆိုရင် ရောယောင်ပြီးတောင် မပြောသင့်တဲ့စကားလေးတွေရှိပါတယ်။အဲ့ဒါက ဘာတွေလဲဆိုတော့…
*ကိုရီးယားတွေကိုသိတောင်မသိ မမြင်ဖူးပဲ ဘာလို့ကေပေါ့ပ်သီချင်းတွေနားထောင်နေတာလဲ?
ဒီစကားကို တကယ့်ကေပေါ့ပ်ပရိသတ်စစ်စစ််တစ်ယောက်ကိုသွားပြောမယ်ဆိုရင် အခင်မင်ပျက်သွားတော့မှာအသေအချာပါပဲ ။လူတိုင်းမှာလွတ်လပ်စွာကြိုက်ပိုင်ခွင့်ရှိပါတယ်။တစ်ယောက်နဲ့တစ်ယောက် မသိလည်း မမြင်ဖူးလည်း အားပေးတယ်ဆိုတာ ခံစားချက်နဲ့နားထောင်ပြီး အားပေးတာပါ။ဒီတော့ သင်ဒီစကားကိုတော့ လုံးဝလုံးဝ မပြောမိပါစေနဲ့။
*သူ့ကိုကြည့်ရတာ မိန်းကလေးကျနေတာပဲ/ သူ့ကိုကြည့်ရတာ ယောကျ်ားလေးနဲ့တူတယ်
ကေပေါ့ပ်ပရိသတ်တွေရှေ့မှာ သူတို့ကြိုက်တဲ့အဆိုတော်မင်းသမီးကို ဒီလိုသွားပြောရင် စိတ်ဆိုးကြမှာပါ။တစ်ချို့သော ယောကျ်ားလေးအဆိုတော်တွေဟာချောလွန်းလို့ မိန်းကလေးအလားထင်မှတ်ရတာပါ။ဒါပေမဲ့သူတို့က သူတို့အလုပ်ကိုအမြဲအာရုံစိုက်ပြီးကြိုးစားကြတာ အခုအောင်မြင်နေတဲ့ BTS တို့ EXO တို့ကိုကြည့်ရင်သိသာပါတယ်။ကိုယ်မကြိုက်ရင်တောင် သူတစ်ပါးရဲ့အကြိုက်ကို လေးစားသင့်ပါတယ်။
*အားလုံးကခွဲစိတ်ထားလို့လှနေတာပါ
ကဲ ဒီစကားကိုပြောမိရင် အားလုံးက ကန့်ကွက်ကြမှာပါ။ကိုယ်မြင်တာမဟုတ်တဲ့အတွက် သူတို့ခွဲစိတ်ပြုပြင်ထားတဲ့အလှလား ၊တကယ့်သဘာဝအလှလားဆိုတာ မသိနိုင်ပါဘူး။တကယ့်အလှစစ်နဲ့လှတဲ့သူတွေလည်းရှိကြပါတယ်။အများစုက ခွဲစိတ်ပြုပြင်မှုလုပ်ထားတယ်ဆိုပေမဲ့အားလုံးတော့ မဟုတ်ပါဘူး။ဒါကြောင့် ကိုယ်မမြင်နိုင် သေချာမသိနိုင်တဲ့စကားကိုမပြောတာအကောင်းဆုံးပါ။
*သူတို့အတွက် ပိုက်ဆံမဖြုန်းသင့်ဘူး
ကေပေါ့ပ်ပရိသတ်တွေကသူတို့ ချစ်တဲ့အိုင်ဒေါလ်ရဲ ့အခွေတွေဝယ်တယ်။ပုံတွေဝယ်တယ်။သူတို့အတွက်ဒီကနေ မွေးနေ့့ပွဲတွေလုပ်ပေးတယ်။တစ်ချို့ဆို ကိုရီးယားထိလက်ဆောင်ရောက်အောင်ပို့ပေးကြတယ်။ဒါကို တစ်ခြားသူတွေအနေနဲ့ ပိုက်ဆံဖြုန်းတယ်လို့ မြင်လို့မရပါဘူး။သူလည်းသူချစ်တဲ့အရာတစ်ခုအတွက်ပေးဆပ်ထားသလို ကိုယ့်မှာလည်းတစ်ခြားတန်ဖိုးထားစရာရှိတယ်မဟုတ်လား။အကြိုက်ချင်းမတူတာနဲ့တစ်ခြားသူဟာက တန်ဖိုးမဲ့တယ်ပြောလို့မရပါဘူး။
*သူတို့ရုပ်တွေက တစ်ပုံစံတည်းပဲ ဘာမှမထူးဘူး
ဒါကတော့ သီချင်းဆိုရင် တူညီဝတ်စုံဝတ်တာ၊အကကတာ တူညီတာတွေကြောင့် ရုပ်ချင်းဆင်တယ်၊ရုပ်တွေကတစ်ပုံစံတည်းပဲရယ်လို့ထင်ကြတာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ အတိအကျတူနေတာမျိုးတော့မဟုတ်ပါဘူး။
*သီချင်းတွေဒေါင်းလို့ရရဲ့သားနဲ့ ဘာလို့အယ်လ်ဘမ်ဝယ်နေတာလဲ?
အွန်လိုင်းကနေ သီချင်းတွေဒေါင်းလို့ရတယ်ဆိုပေမဲ့ သူတို့အိုင်ဒေါလ်အတွက် သူတို့က အမြဲပံ့ပိုးပေးချင်ကြတာပါ။ကေပေါ့ပ်ပရိသတ်တွေကသူတို့အိုင်ဒေါလ်အတွက် အများကြီးလုပ်ပေးချင်တဲ့စိတ်တွေရှိကြပါတယ်။အယ်လ်ဘမ်ဝယ်တယ်ဆိုုတာလည်းသူတို့စိတ်ကို တတ်နိုင်သလောက်ဖော်ပြကြတာပါ။ဒါကြောင့် kpoper လေးတွေကို အပြစ်မတင်ပါနဲ့။အယ်လ်ဘမ်ဆိုပေမဲ့ တစ်ချို့နာမည်ကြီးအဆိုတော်အဖွဲ့တွေက ပို့စကတ်လေးတွေ၊ဓာတ်ပုံစာအုပ်လေးတွေပါ လက်ဆောင်ထည့်ပေးလေ့ရှိပါတယ်
*သူတို့က Gay တွေလား
တစ်ခါတစ်လေ ယောကျ်ားလေးအဆိုတော်အချင်းချင်းပွေ့ဖက်တာ၊စနောက်ကျီစယ်တာမျိုး မြင်တွေ့ဖူးပါလိမ့်မယ်။ဒါပေမဲ့ အဲ့ဒါကို မြင်တာနဲ့ Gay လို့ပြောလို့မရပါဘူး။သူတို့က ယောကျ်ားလေးမိန်းကလေးဆိုပြီးမဟုတ်ပဲ သူတို့ရဲ့အဖွဲ့ဝင်အပေါ်နွေးထွေးမှုကိုပြသတာပါ။ဒါကို ပရိသတ်မဟုတ်ရင် မြင်ကြည့်လို့မရပါဘူး။ကေပေါ့ပ်ပရိသတ်မဟုတ်တဲ့သူကိုလည်း အပြစ်တင်လို့မရပါဘူး။ဒါက သူတို့အပေါ်ထားတဲ့ ကိုယ့်ရဲ ့ခံစားချက်နဲ့ပဲသက်ဆိုင်တာပါ။
လူတိုင်းမှာ ကိုယ့်အကြိုက်သူ့အကြိုက်ဆိုတာရှိလို့ ကေပေါ့ပ်အဆိုတော်တွေကိုကြိုက်တဲ့သူတွေကို ဝေဖန်ပြစ်တင်တာမျိုး၊မကြိုက်တဲ့သူတွေကိုလည်း မကြိုက်ရကောင်းလားဆိုတာတွေမရှိတာအကောင်းဆုံးပါပဲ။လူတစ်ယောက်နဲ့တစ်ယောက် အလကားနေရင်း အမြင်ကတ်နေတာမျိုး၊မုန်းနေတာမျိုးက မဖြစ်သင့်ဘူးလေ။သူ့အကြိုက်ကိုလည်း လေးစားပေး ၊ကိုယ့်အကြိုက်ကိုလည်းနားလည်ပေးမယ်ဆို အားလုံးက ကျေနပ်စရာကြီးပါပဲ။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.