သူ့မင်းအပေါ်တကယ်မချစ်ပါဘူး :-(

လက်ရှိချစ်သူအပေါ်တကယ်မချစ်တဲ့သူတွေဆိုတာ ဘယ်လိုပုံစံတွေများပါလိမ့်….

1. ဆန့်ကျင်ဖက်လိင်သူငယ်ချင်း ကိုအရမ်းအလေးပေးတာ၊ လိုတာထက်ပိုတာ

ဆန့်ကျင်ဖက်လိင်သူငယ်ချင်း ကိုအရမ်းအလေးပေးတာ၊ လိုတာထက်ပိုတာ ကိုယ့်ချစ်သူရဲ့စိတ်ခံစားချက်ကိုထည့်သွင်းစဉ်းစားတာမျိုးမရှိပဲ ဆန့်ကျင်ဖက်လိင်သူငယ်ချင်းဆိုသူနဲ့အင်မတန်ရောရောထွေးထွေးနေတတ်ကြပါတယ်။သင်မကြိုက်ဘူးဘာညာပြောရင်လည်းသင်ကပဲနားမလည်နိုင်တဲ့ပုံစံမျိုးဖြစ်သွားပါသေးတယ်။ ဒီလိုကိုယ့်ချစ်သူရဲ့စိတ်ကိုထည့်မစဉ်းစားပေးတတ်တာဟာသင့်ကိုမချစ်တာအသေချာပါပဲ။

2. သင်မသိအောင် ဖုန်းသုံးစွဲတာ

သင်မသိအောင် ဖုန်းသုံးစွဲတာ  ကိုယ့်စည်းသူ့စည်းနဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုယ်ဆီရှိတယ်ဆိုတာသဘာဝပါပဲ။ ဒါပင်မဲ့ ကိုယ့်ချစ်သူရှေ့မှာတင်ရဲဝံ့စွာတစ်ပါးသူနဲ့ Chatနိုင်ရပါမယ်။ ရိုးသားတာမှန်ရင်ပေါ့။ဒီလိုမှမဟုတ်ပဲ ကိုယ့်ကို မသိစေချင်တဲ့ Secret Message တွေများနေပြီဆိုရင်တော့သတိထားသင့်ပါပြီ။

3. သင့်မကောင်းကြောင်းတစ်ပါးသူတွေရှေ့မှာပြောဆိုတာ

 သင့်မကောင်းကြောင်းတစ်ပါးသူတွေရှေ့မှာပြောဆိုတာ သင့်ကိုချစ်တဲ့သူဆိုတာ လူအများကြားသင့်ကွယ်ရာမှာသင့်ရဲ့ကောင်းကြောင်းတွေကိုပဲပြောချင်နေတတ်ကြသူတွေပါ။ သူ့အပေါင်းသင်းတွေကြားသင့်ကိုထိခိုက်စေမဲ့စကားတွေကိုပြောဆိုပြီး ငြီးတွားတတ်နေပြီဆိုရင်တော့သူသင့်ကိုတကယ်မမြတ်နိုးတာသေချာနေပါပြီ။

4. စိတ်ဂနာမငြိမ်တာ

စိတ်ဂနာမငြိမ်တာလက်ရှိရည်းစားရှိနေလျက်နဲ့တစ်ခြားတစ်ယောက်ကိုစိတ်ရောက်နေတာမျိုး၊ တစ်ခြားသူထံအကြည့်တွေရောက်နေတာမျိုး၊ တစ်ခြားသူရဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားနေတာမျိုးဆိုရင်တော့ သေချာပါတယ်သင့်ပေါ်နည်းနည်းလေးမှစိတ်မရှိပါဘူး။

5. သင်မသိတဲ့လျို့ဝှက်သူငယ်ချင်းတစ်ယောက်ရှိနေတာ

သင်မသိတဲ့လျို့ဝှက်သူငယ်ချင်းတစ်ယောက်ရှိနေတာ   သင့်ကိုမပြောပြထားတဲ့ လျို့ဝှက်သူငယ်ချင်းတွေ သင်မသိသေးတဲ့သူရဲ့အရင်းနှီးဆုံး ဆန့်ကျင်ဖက်လိင်မိတ်ဆွေတွေရှိနေပြီဆိုရင်တော့သင့်အပေါ်မှာသူ့စိတ်ကရိုးသားခြင်းသိပ်မရှိလှပါဘူး။

6. သူ့ရဲ့ငွေကြေးကိစ္စတွေကိုလိမ်ပြောတာ

သူ့ရဲ့ငွေကြေးကိစ္စတွေကိုလိမ်ပြောတာသူ့ရဲ့ပိုင်ဆိုင်မှုငွေကြေးကိစ္စတွေနဲ့ပတ်သတ်ပြီး အမှန်တိုင်းမပြောပဲလျို့ဝှက်တတ်ကြတယ်ဆိုရင်တော့ သူ့ရဲ့ကိစ္စတွေကိုသင့်ကို အမှန်ပြောပြဖို့လောက်သင်ကသူ့ဘ၀မှာအရေးမပါလှပါဘူး။

7. ဘယ်တော့မဆို သင့်ဘက်ကရပ်တည်ပေးခြင်းမရှိပဲ အပြစ်ပဲပြောဆိုတတ်တာ

 ဘယ်တော့မဆို သင့်ဘက်ကရပ်တည်ပေးခြင်းမရှိပဲ အပြစ်ပဲပြောဆိုတတ်တာ    တစ်ခြားသူနဲ့ကိုယ်ရန်ဖြစ်စကားများတာမျိုးပဲဖြစ်ဖြစ် အချေအတင်ဖြစ်ရတဲ့အခါမျိုးပဲဖြစ်ဖြစ်ကိုယ့်ဘက်ကမပါပဲ ရပ်တည်ပေးခြင်းမရှိဘူးဆိုရင်တော့ သူသင့်အပေါ်မှာချစ်တဲ့စိတ်ကာကွယ်ချင်တဲ့စိတ်မရှိဘူးဆိုတာသေချာနေပါပြီ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.