ခ်စ္သူဘ၀မွာကတည္းကညစဥ္ ကိုယ္႔ခ်စ္သူကိုဦးခ်ျပီးအိပ္တတ္တဲ႔ ေကာင္မေလးေတြရွိလား…

လက္မထပ္ခင္ဘ၀တည္းက ကိုယ္႔ရဲ႕တစ္ဘ၀လံုးစာလက္တြဲေဖာ္ကို ရိုေသေလးစားတတ္တဲ႔မိန္းကေလးမ်ိဳးရွိျကပါတယ္။ ဦးခ်တယ္ကန္ေတာ႔တယ္ဆုိတာ ဗမာလူမ်ိဳးေတြအတြက္ေတာ႔ရွက္စရာရယ္ ေအာက္က်စရာရယ္လို႕ ထင္စရာမလုိပါဘူး။ ယူေတာင္မယူရေသးဘူး ဒီလူကို ဒီလုိပက္စားေပးစရာလုိလုိ႕လားဆိုတဲ႔အေတြးမ်ိဳးကို ၀င္တဲ႔မိန္းကေလးဟာ ဦးခ်ဖို႕မထုိက္တန္တဲ႔အမ်ိဳးသားလက္တြဲေဖာ္ကိုရထားလို႕ပဲျဖစ္နုိင္ပါတယ္( ဦးမခ်တဲ႔သူတုိင္းကိုလည္းဘဲကိုမရိုေသဘူးလုိ႕မဆုိလိုဘူးေနာ္)

ဒါဆို ဘာလုိ႕ ကိုယ္႔ရဲ႕တစ္ဘ၀လံုးအတြက္ရည္မွန္းထားတဲ႔ အမ်ိဳးသားကို ခ်စ္သူဘ၀တည္းက မွန္းျပီးဦးခ်ကန္ေတာ႔ျကတာလဲ…ဒီခ်စ္သူေယာက္်ားဟာ ကိုယ္႔မိဘျပီးရင္ ကိုယ္႔အတြက္အားကိုးရာပါ။ ကိုယ္႔ကိုယ္ကိုယ္အားကိုယ္နုိင္တယ္ဆုိပင္မဲ႔ တစ္ေနရာရာမွာေတာ႔ သူ႕အကူညီေတြ ကို ကိုယ္ယူခဲ႔ဖူးတာပါပဲ။ မုန္႔၀ယ္ေကၽြးဖူးတာပဲျဖစ္ျဖစ္ ကိုယ္လိုခ်င္တဲ႔အရာေလးေတြကို ၀ယ္ေပးတာပဲျဖစ္ျဖစ္ သူက ကိုယ္႔အေပၚမွာေတာ႔ ေက်းဇူးရွိဖူးတဲ႔သူပါပဲ။ ျပီးေတာ႔ေယာက္်ားေလး ေယာက်ား္ေလးဆုိတာ ကိုယ္႔ထက္ငယ္ငယ္ျကီးျကီး ကိုယ္႔ထက္ေတာ႔ဘုန္းကံျမင္႔တယ္လို႕ဗုဒၶဘာသာအားျဖင္႔ယူဆျကလို႕ ဘုရားေတြေပၚေရႊသကၤန္းကပ္ရင္ေတာင္ေယာက္်ားမွတက္ရမယ္ဆိုတာမ်ိဳးေတြရွိသြားျကတာမဟုတ္လား…ဒါေျကာင္႔ကိုယ္႔ထက္ဘုန္းကံျကီးတဲ႔အမ်ိဳးသားကိုကန္ေတာ႔ရလို႕မိန္းကေလးေတြဘာမွမထိခိုက္သြားပါဘူး၊ ကိုယ္႔အေပၚလိုခ်င္တာေတြျဖည္႔ဆည္းကူညီေပးခဲ႔သူ၊ ကိုယ္႔အတြက္တန္ဖိုးထားထိုက္သူပဲေလ။

မယံုမရွိနဲ႕ဗ်…ကိုယ္႔ခ်စ္သူကို တရိုတေသနဲ႕ ညစဥ္ဘုရားရွီခိုးျပီးတုိင္း မိဘေတြျပီးတာနဲ႕မွန္းျပီးကန္ေတာ႔တတ္ျကတဲ႔ေကာင္မေလးေတြတကယ္ရွိတယ္။ ထုတ္သာမေျပာျပရင္ေနမယ္ သူတုိ႕စိတ္ထဲသင္႔ကို ရိုေသေလးစားျပီးသားပါ။

ဒီလိုမိန္းကေလးမ်ိဳးပိုင္ဆုိင္ထားျပီဆုိရင္ေတာ႔တန္ဖိုးထားဖို႕လိုပါလိမ္႔မယ္..ဘာလို႕လဲဆိုေတာ႔ အခုေခတ္ျကီးထဲမွာ ငါတေကာေကာေနတဲ႔ သူေတြ၊ ကိုယ္႔ကိုယ္ကိုယ္မာန္တက္ေနတဲ႔သူေတြအမ်ားျကီးပါ။ ဒီလုိလူေတြျကားထဲမွာ ကိုယ္႔အေပၚရိုေသေလးစားတဲ႔မိန္းကေလးရထားတာကိုသိပ္ဂုဏ္ယူသင္႔႔ပါတယ္။ ကဲ Trend ပရိတ္သတ္ျကီးထဲမွာေကာ ကိုယ္႔ဘ၀လက္တြဲေဖာ္လို႕သတ္မွတ္ထားတဲ႔ကိုကိုေတြကို ညတိုင္းဦးခ်တတ္တဲ႔သူေတြရွိလား…

Unicode

လက်မထပ်ခင်ဘဝတည်းက ကိုယ့်ရဲ့တစ်ဘဝလုံးစာလက်တွဲဖော်ကို ရိုသေလေးစားတတ်တဲ့မိန်းကလေးမျိုးရှိကြပါတယ်။ ဦးချတယ်ကန်တော့တယ်ဆိုတာ ဗမာလူမျိုးတွေအတွက်တော့ရှက်စရာရယ် အောက်ကျစရာရယ်လို့ ထင်စရာမလိုပါဘူး။ ယူတောင်မယူရသေးဘူး ဒီလူကို ဒီလိုပက်စားပေးစရာလိုလို့လားဆိုတဲ့အတွေးမျိုးကို ဝင်တဲ့မိန်းကလေးဟာ ဦးချဖို့မထိုက်တန်တဲ့အမျိုးသားလက်တွဲဖော်ကိုရထားလို့ပဲဖြစ်နိုင်ပါတယ်( ဦးမချတဲ့သူတိုင်းကိုလည်းဘဲကိုမရိုသေဘူးလို့မဆိုလိုဘူးနော်)

ဒါဆို ဘာလို့ ကိုယ့်ရဲ့တစ်ဘဝလုံးအတွက်ရည်မှန်းထားတဲ့ အမျိုးသားကို ချစ်သူဘဝတည်းက မှန်းပြီးဦးချကန်တော့ကြတာလဲ…ဒီချစ်သူယောက်ျားဟာ ကိုယ့်မိဘပြီးရင် ကိုယ့်အတွက်အားကိုးရာပါ။ ကိုယ့်ကိုယ်ကိုယ်အားကိုယ်နိုင်တယ်ဆိုပင်မဲ့ တစ်နေရာရာမှာတော့ သူ့အကူညီတွေ ကို ကိုယ်ယူခဲ့ဖူးတာပါပဲ။ မုန့်ဝယ်ကျွေးဖူးတာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့အရာလေးတွေကို ဝယ်ပေးတာပဲဖြစ်ဖြစ် သူက ကိုယ့်အပေါ်မှာတော့ ကျေးဇူးရှိဖူးတဲ့သူပါပဲ။ ပြီးတော့ယောက်ျားလေး ယောကျား်လေးဆိုတာ ကိုယ့်ထက်ငယ်ငယ်ကြီးကြီး ကိုယ့်ထက်တော့ဘုန်းကံမြင့်တယ်လို့ဗုဒ္ဓဘာသာအားဖြင့်ယူဆကြလို့ ဘုရားတွေပေါ်ရွှေသင်္ကန်းကပ်ရင်တောင်ယောက်ျားမှတက်ရမယ်ဆိုတာမျိုးတွေရှိသွားကြတာမဟုတ်လား…ဒါကြောင့်ကိုယ့်ထက်ဘုန်းကံကြီးတဲ့အမျိုးသားကိုကန်တော့ရလို့မိန်းကလေးတွေဘာမှမထိခိုက်သွားပါဘူး၊ ကိုယ့်အပေါ်လိုချင်တာတွေဖြည့်ဆည်းကူညီပေးခဲ့သူ၊ ကိုယ့်အတွက်တန်ဖိုးထားထိုက်သူပဲလေ။

မယုံမရှိနဲ့ဗျ…ကိုယ့်ချစ်သူကို တရိုတသေနဲ့ ညစဉ်ဘုရားရှီခိုးပြီးတိုင်း မိဘတွေပြီးတာနဲ့မှန်းပြီးကန်တော့တတ်ကြတဲ့ကောင်မလေးတွေတကယ်ရှိတယ်။ ထုတ်သာမပြောပြရင်နေမယ် သူတို့စိတ်ထဲသင့်ကို ရိုသေလေးစားပြီးသားပါ။

ဒီလိုမိန်းကလေးမျိုးပိုင်ဆိုင်ထားပြီဆိုရင်တော့တန်ဖိုးထားဖို့လိုပါလိမ့်မယ်..ဘာလို့လဲဆိုတော့ အခုခေတ်ကြီးထဲမှာ ငါတကောကောနေတဲ့ သူတွေ၊ ကိုယ့်ကိုယ်ကိုယ်မာန်တက်နေတဲ့သူတွေအများကြီးပါ။ ဒီလိုလူတွေကြားထဲမှာ ကိုယ့်အပေါ်ရိုသေလေးစားတဲ့မိန်းကလေးရထားတာကိုသိပ်ဂုဏ်ယူသင့့်ပါတယ်။ ကဲ Trend ပရိတ်သတ်ကြီးထဲမှာကော ကိုယ့်ဘဝလက်တွဲဖော်လို့သတ်မှတ်ထားတဲ့ကိုကိုတွေကို ညတိုင်းဦးချတတ်တဲ့သူတွေရှိလား…

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.