“The New York Times” သတင်းစာကနေ ဖော်ပြခံရတဲ့ မင်းသား Yoo Ah In
Congratulations!
Unicode
တောင်ကိုရီးယားရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Yoo Ah In ကတော့ တိုင်းပြည်အတွက်ဂုဏ်ဆောင်ခဲ့တယ်ပြောရမှာပါပဲ။
ဒီဇင်ဘာ ၆ရက်နေ့တုန်းက The New York Times အမေရိကန်သတင်းစာတိုက်ကနေထုတ်ဝေတဲ့မဂ္ဂဇင်းမှာ “The Best Actors of 2018” စာရင်းပါဝင်ခဲ့ပါတယ်။အဲ့ဒီစာရင်းထဲမှာ မင်းသားချော Yoo Ah In ကလည်းပါဝင်ခဲ့ပါတယ်တဲ့။
Burning ဇာတ်ကားမှာပါဝင်ခဲ့တဲ့သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် ဒီ ၂၀၁၈ အတွက်အကောင်းဆုံးမင်းသားအယောက်၂ဝစာရင်းမှာပါဝင်လာခဲ့တာပါပဲ။Yoo Ah In ဟာ ဒီလိုအမေရိကန်ရဲ ့နာမည်ကျော်သတင်းစာထဲမှာ ပါဝင်လာခဲ့တဲ့ ပထမဆုံးသောအာရှအနုပညာရှင်လည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့သူတို့အိုင်ဒေါလ်အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။
Yoo Ah In ဟာ သိပ်မကြာခင်ကာလကတော့ Default ဆိုတဲ့ဇာတ်ကားမှာ Yoon Jung Hak ဆိုတဲ့ဇာတ်ကောင်နေရာနဲ့ပါဝင်ထားပြီး အဲ့ဒီဇာတ်လမ်းတွဲကိုလည်းပရိသတ်တွေက ကြိုက်နှစ်သက်ကြတယ်လို့သိရပါတယ်။
Congratulations!
221 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.