ဦးရေပြားကိုအေးမြစေတဲ့ လွယ်လွယ်ကူကူအိမ်တွင်းပစ္စည်းတွေဆိုတာ…
(၅) ရှားစောင်းလက်ပတ်
Unicode
သင်တို့ဦးရေပြားဟာ မျိုးစုံ ဖြောင့်လိုက်ကောက်လိုက် ဆေးဆိုးလိုက်တွေကြောင့် အနည်းငယ်တော့အထိနာနေကြမှာပါ။ အထူးသဖြင့် မိန်းကလေးတွေဆိုပိုပြီးဆိုးပါတယ်။ ဒီလို ဦးရေပြားကို ထိခိုက်စေတာတွေခဏ ခဏလုပ်မိကြပင်မဲ့ ပြန်လည်အေးမြပြီးကောင်းမွန်လာအောင်လုပ်ဖို့မေ့နေတတ်ကြပါတယ်။ ဒါကြောင့်သင့်ရဲ့ဦးရေပြားလေးအေးမြကျန်းမာဖို့အတွက် ဘယ်လိုနည်းနာလေးတွေက အကျိုးရှိစေနိုင်မလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်…
(၁) ခေါင်းမလျှော်ခင်တစ်ရက်အလိုမှာ အုန်းဆီရွှဲနေအောင်လိမ်းပြီးအိပ်ပါ
မနက် ခေါင်းမလျှော်ခင်ညအိပ်ကတည်းက ခေါင်းကို အုန်းဆီးရွှဲနေအောင်လိမ်းပြီးအိပ်ပါ။ ဒီလိုလိမ်းထားပြီးမှခေါင်းလျှော်ခြင်းဟာ ဆံပင်ကိုသန်စေပြီး ခေါင်းလျှော်ပြီး အပူမှုတ်တဲ့ဒဏ်ကြောင့် ဆံသားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) ကြက်ဥအကာသုတ်လိမ်းပါ
ခေါင်းမလျှော်ခင်နာရီဝက်လောက်အလိုမှာ ကြက်ဥအကာကို ဦးရေပြားနဲ့ဆံသားတွေအပေါ်သုတ်လိမ်းပေးပါ။ နာရီဝက်ကြာထားပြီးမှခေါင်းလျှော်ပါ။ ဒီလိုတစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးပါကသင့်ဦးရေပြားကိုကျန်းမာလာစေပြီး ဆံပင်ပိုသန်စေပါတယ်။
(၃) အပူချောင်းတွေ ကိုတတ်နိုင်သလောက်ရှောင်ပါ
ဆံပင်ကို အဓိကပျက်စီးစေပြီး ဦးရေပြားကိုထိခိုက်စေတာက ဆံပင်တွေကို အပူချောင်းတွေနဲ့ထိတွေ့တာပါပဲ။ မဖြစ်မနေလုပ်မရမယ်ဆိုတဲ့ အခြေနေမျိုးမှာသာ အပူချောင်းတွေကိုသုံးသင့့်ပါတယ်။
(၄) ခေါင်းလျှော်ရည်ကို စွဲသုံးပါ
ကိုယ်သုံးနေကျခေါင်းလျှော်ရည်နဲ့အမလျှော်ပဲ တစ်ခါလာတစ်မျိုးပြောင်းသုံးတာမျိုး မကောင်းပါဘူး။ တစ်သတ်မတ်တည်းထားပြီး ကိုယ်နဲ့တကယ်လိုက်ဖက်တဲ့ခေါင်းလျှော်ရည်မျိုးကိုရွေးသုံးပါ။ ခေါင်းလျှော်ရည် ပြောင်းလဲသုံးခြင်းက သင့်ရဲ့ဦးရေပြားကိုထိခိုက်စေနိုင်ပါတယ်။
(၅) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အနှစ်ကို ဦးရေပြား တစ်လျှောက်အတွင်းထဲထိစိမ့်ဝင်အောင် ပွက်လိမ်းပေးသင့်ပါတယ်။
165 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.