လမ်းဘယ်လောက်လျှောက်မှ ၀ိတ်ကျမှာလဲ?
Source:practo
Unicode
လမ်းများများလျှောက်ရင် ၀ိတ်ကျတယ်ဆိုတဲ့စကားကိုကြားဖူးမှာပါ။ဒါပေမဲ့ ဘယ်လောက်လျှောက်ရမှာလဲ၊ဘယ်လိုလျှောက်ရမှာလဲဆိုတာတော့ သိတဲ့သူရှားပါတယ်။Gym မကစားပဲ ငါးလကြာအချိန်ထိ မကြာခဏလမ်းလျှောက်ပေးရုံနဲ့ ကိုယ်အလေးချိန် ၈ကီလိုဂရမ်ထိကျနိုင်ပါတယ်တဲ့။ကဲ ဒီတော့ လမ်းလျှောက်ရင်း ဘယ်လို၀ိတ်ချကြမလဲ?
လမ်းလျှောက်ရုံနဲ့ဝိတ်ကျတယ်ဆိုပေမဲ့ ကယ်လိုရီအနည်းအများဟာ ကိုယ့်ရဲ့အလေးချိန်၊လမ်းလျှောက်တဲ့အချိန်အတိုင်းအတာပေါ်မှာလည်းမူတည်နေပါသေးတယ်။ပုံမှန်အားဖြင့် တစ်နာရီကို ၅ကီလိုမီတာ အရှိန်နှုန်းမှန်မှန်လမ်းလျှောက်ပေးတာက တစ်နာရီကို ကယ်လိုရီ ၄ဝဝနီးပါးကျဆင်းစေပါတယ်။ဒါပေမဲ့ ၅ကီလိုမီတာထိလျှောက်ပေးဖို့မလိုပါဘူး။တစ်နာရီအတွင်း ၃ကီလိုမီတာအကွာအဝေးလျှောက်ပေးမယ်ဆိုရင် တစ်ရက်ကို ကယ်လိုရီ ၃၀၀ နီးပါးကျဆင်းစေမှာပါ။ကိုယ်က လမ်းများများလျှောက်ရတဲ့သူဆိုရင် ကိုယ်စားလိုက်တဲ့အစားပမာဏာနဲ့ချေဖျက်ပြီးသားဖြစ်လို့ ၀ိတ်လည်းအလွယ်တကူမတက်စေပါဘူး။
ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်ရက်ကို ခြေလှမ်းပေါင်း ၂၀၀၀ လောက်လျှောက်ဖို့လိုအပ်ပါတယ်။တစ်မိုင်ကို ကယ်လိုရီ ၁၀၀ နီးပါး ကျပါတယ်။တစ်မိုင်က ခြေလှမ်းပေါင်း ၂၀၀၀ နဲ့ညီမျှတဲ့အတွက် လမ်းတစ်မိုင်လျှောက်တိုင်း သင့်ရဲ ့ကယ်လိုရီ ၁၀၀ ဟာကျဆင်းနေမှာပါ။ဒါပေမဲ့ တစ်ပတ်မှာ ၃၅၀၀ ကယ်လိုရီကျဆင်းစေဖို့အတွက်တော့ သင့်အနေနဲ့ တစ်နေ့ကို ခြေလှမ်းပေါင်း ၁၀၀၀၀ လျှောက်ဖို့လိုပါတယ်။ခြေလှမ်းပေါင်း ၁၀၀၀၀ စမလျှောက်ရင်တောင် အနည်းဆုံး ၅ဝဝဝဝကနေ စပြီးလျှောက်ကြည့်ပါ။
လမ်းများများလျှောက်ဖြစ်ဖို့အတွက် အိုင်ဒီယာလေးတွေက…
*ကားနဲ့သွားရလောက်တဲ့အထိမလိုဘူးဆိုရင် လမ်းလျှောက်သွားပါ
*အလုပ်မှာဆိုရင် မကြာခဏရေထထည့်တာ၊သန့်စင်ခန်းသွားတာမျိုးလုပ်ပါ
*ဓာတ်လှေကားနဲ့တက်ဖို့ထိမလိုတဲ့တိုက်ခန်းနေရာမျိုးဆို လှေကားနဲ့တက်ပါ
*မနက်တိုင်းလမ်းလျှောက်နေကျဆိုလည်းတစ်နေရာတည်းဆိုငြီးငွေ့သွားတတ်ပါတယ်။ဒီတစ်ခါဘယ်ဘက်ဆို၊နောက်တစ်ခါညာဘက်လမ်းကိုပြောင်းလျှောက်တာမျိုး၊ကိုယ့်အတွက်အားအင်ပြည့်စေမယ့်၊လန်းဆန်းစေမယ့်လေကောင်းလေသန့်ရမယ့်နေရာမျိုးကို ရွေးချယ်သွားလာတာမျိုးလုပ်ပါ
*အိမ်မှာနေလည်း ထရမှာကိုမပျင်းပါနဲ့။သေးသေးပိစိလေးတွေကအစ မပျင်းမရိထလျှောက်ပြီးယူပါ။အဲ့ဒါဆိုနောက်ပိုင်းတွေအကျင့်ဖြစ်သွားပါလိမ့်မယ်။
လမ်းလျှောက်တဲ့အခါမှာလည်း ကိုယ်အလေးချိန်ကျဆင်းစေဖို့ ရှေ့ခြေလှမ်း ၁၀၀ လောက်မှာမျက်လုံးကိုထားလျှောက်ပါ။လမ်းလျှောက်ရင်း အသက်ကို ဖြည်းဖြည်းချင်းသေချာရှုရှိုက်ထုတ်ပါ။ဒါကသင့်ရဲ ့လေ့ကျင့်ခန်းအတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။
Source:practo
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.