လူတစ်ယောက်အတွက် ဘယ်အချိန်ဟာ ဆွဲဆောင်မှုအရှိဆုံးလဲ ?

ဆွဲဆောင်မှုရှိတယ်ဆိုတာ တမင်လုပ်ယူရတာမျိုးလား? လူတစ်ယောက်အတွက် ဘယ်လိုအချိန်ဟာ
ဆွဲဆောင်မှုအရှိဆုံးလဲ ? မင်းထင်ထားတာထက် ဆွဲဆောင်မှုရှိတဲ့ ပုံစံဆိုတာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။သိပံ္ပပညာရှင်များရဲ့လေ့လာမှုအရ ဥာဏ်ရည်ကောင်းမွန်ခြင်းဟာ ဆွဲဆောင်မှုအရှိဆုံးလို့ သိရပါတယ်။

Related image

ဦးနှောက်ဟာ ရှုပ်ထွေးတဲ့ အစိတ်ပိုင်းတွေဆက်စပ်ထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါ လူတစ်ယောက်ရဲ့ဦးနှောက်ပြေးမှုက အခြားလူတွေရဲ့အမြင်မှာ အထင်ကြီးစရာလည်းဖြစ်သလို အလိုလိုကို ဆွဲဆောင်မှုရှိနေတာပါ။

Image result for Intelligence

သူစိတ်ဝင်စားတဲ့ အရာနဲ့ပတ်သတ်ပြီး ဗဟုသုတတွေကို သိကျွမ်းနေတာဟာ အလွန်ဆွဲဆောင်မှုရှိစေပါတယ်။ ကိုယ်က အေးဆေးအလုပ်လုပ် ၊ ကိုယ့်ပုံစံအတိုင်းနေနေပေမယ့် အလိုလိုနေရင်း အခြားလူအမြင်မှာကြည့်ကောင်းနေတာ ရှိနိုင်သလို ၊ ကြည့်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Related image

နောက်ထပ် လေ့လာမှုတစ်ခုမှာ IQ မြင့်မားသူတွေဟာ အိပ်ရာထက်က လိင်မှုကိစ္စတွေမှာလည်း
အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ နည်းနည်းတော့ အပျင်းကြီးပါတယ်။ အကျင့်ဆိုးလေးတွေလည်း ရှိနေတတ်ပါတယ်။ လူတိုင်းမှာတော့ အကျင့်ဆိုးဆိုတာရှိပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ.. ဆွဲဆောင်မှုဆိုတာ တမင်လုပ်ယူတာမျိုးမဟုတ်ပဲ သူ့အလိုလို နေရင်းထိုင်ရင်းဆွဲဆောင်မှုရှိနေတာမျိုးလေးပါ။

316 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.