ပရိတ်သတ်တွေ အသည်းယားအောင် ဖမ်းစားထားတဲ့ BTS အဖွဲ့ဝင် V ရဲ့အသည်းပုံ သင်္ကေတလေး

BTS အဖွဲ့ဝင် V ကို ပရိတ်သတ်တွေက heart-singer လို့ ချစ်စနိုးလို့ ခေါ်ကြပါတယ်။ သူက ပရိတ်သတ်တွေတွေ့ရင် အမြဲ အသည်းပုံသင်္ကေတလေး လုပ်ပြတယ်။

bts v new heart 9

အရင်တုန်းက ကိုရီးယားတွေရဲ့heart signဟာ လက်နှစ်ဖက်ကို ခေါင်းပေါ်မှာ တင်ပြတာဖြစ်ပြီး နောက်ပိုင်း trend ဖြစ်လာတာကတော့ လက်မနဲ့ လက်ညှိုးလေးကို cross ပြတဲ့ heart-sign ပုံစံလေးဖြစ်ပါတယ်။

bts v new heart 10

ကဲ… အခုတော့ V က ပရိတ်သတ်တွေကြား ပြောစမှတ်တွင်စေမယ့် heart sign အသစ်လေးကို ဖန်တီးလိုက်ပြန်ပါပြီ။

bts v new heart 8

ပုံထဲမှာ Vက သူ့ရဲ့မျက်နှာနှစ်ဖက်မှာ လက်နှစ်ဖက်ကိုကပ်ပြီး အသည်းပုံလေး လုပ်ပြထားတာဖြစ်ပါတယ်။

bts v new heart 4

ဖျော်ဖြေပွဲတိုင်းလိုလိုမှာ ပရိတ်သတ်တွေကို အမြဲ ဒီလိုပုံလေး လုပ်ပြပါတယ်။ နောက်တော့ အားလုံးကသတိထားမိပြီး V ရဲ့ heart sign ဆိုပြီး ခေါ်လာကြပါတယ်။ V ကိုတွေ့တာနဲ့ ဒီမျက်နှာလေးကို တွဲမြင်ရတော့မယ်ဆိုတာ အားလုံးကလည်း သိနေပါပြီ။

bts v new heart 6

V ကအမြဲတမ်း ပရိတ်သတ်တွေကို ချစ်ကြောင်းတဲ့ သင်္ကေတလေးတွေကို အဆန်းထွင်လေ့ရှိပါတယ်။ အဖွဲ့သားတွေ အားလုံးချစ်ဖို့ကောင်းပေမယ့် Vလေးကလည်း သူ့ဆန်းနဲ့ သူပေါ့။

167 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.