ခုန်နိုင်၊ လှည့်နိုင်၊ ဟန်ချက်ထိန်းနိုင်တဲ့ စက်ရုပ်ကုဗတုံး

article-2527018-1a381a8600000578-948_634x311.jpg

 

အနားစွန်းတွေပေါ်မှာ ဟန်ချက်ထိန်းနိုင်ပြီး လမ်းလျှောက်နိုင်တဲ့ ကုဗတုံးလေး ကို ဆွစ် အင်ဂျင်နီယာတွေက တီထွင်ခဲ့ပါတယ်။ ဒီကုဗတုံးကို Cubli လို့နာမည်ပေးထားပါတယ်။ Cubliဟာ ၁၅ စင်တီမီတာ ပတ်လည်သာရှိပြီး ခုန်နိုင်ဖို့၊ ပေးထားတဲ့ လားရာကိုသွားလာနိုင်ဖို့အတွက် ထောင့်ချွန်း အလျှင်နှုန်းမြင့်တွေနဲ့ လည်တဲ့ တန်ပြန်သက်ရောက်မှုသုံး ဘီး ၃ ခုကိုသုံးထားပါတယ်။

ဒီကျွမ်းကျင်တဲ့ ကုဗတုံးလေးဟာ လောလောဆယ်မှာ ရှေ့ပြေးပုံစံအဖြစ်သာ ရှိသေးပေမဲ့ ဂြိုဟ်လေ့လာရေး ယာဉ်အဖြစ်အသုံးချနိုင်လိမ့်မယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပါတယ်။ ကိုယ်တိုင်တပ်ဆင်နိုင်တဲ့ စက်ရုပ်တွေအဖြစ်တောင် သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။

ကုဗတုံးရဲ့ တိမ်းစောင်းမှုကို တွက်ဆနိုင်ဖို့နဲ့ ထောင့်ချွန်း အလျှင်ကို ထောက်ပံ့ပေးနိုင်ဖို့ အာရုံခံကိရိယာ ၆ခု အသုံးပြုထားပါတယ်။ ကုဗတုံး Cubli ဟာ တည်နေဆဲ အနေအထားကနေ အနားစွန်းတစ်ဖက်ပေါ် ရောက်အောင်ခုန်ဖို့အတွက် တန်ပြန်သက်ရောက်မှုသုံး ဘီးတွေကို ရုတ်တရက် ရပ်နိုင်စွမ်းရှိပါတယ်။ ကုဗတုံးရဲ့ ဘီးတွေဆီကနေ ကိုယ်ထည်ဆီကို အလေးချိန်သက်ရောက်မှု ပေးမှာဖြစ်တဲ့အတွက် ပြင်ပအကူအညီ မလိုပါဘူး။ နှစ်ဆင့်ခုန် လိုက်ရင်တော့ ထောင့်စွန်းပေါ်မှာ ဟန်ချက်ထိန်းထားနိုင်မှာပါ။

ကုဗတုံးဟာ ထောင့်စွန်းပေါ်မှာ ဟန်ချက်ထိန်းထားတုန်း သူ့ရဲ့တည်နေရာကို ရွေ့သွားစေမယ့် နှောင့်ယှက်မှုတွေကိုလည်း ထောက်လှမ်းနိုင်စွမ်းရှိနိုင်တဲ့အပြင် တည်နေဆဲနေရာမှာတင် လှည့်နေနိုင်ပါတယ်။

“ကုဗတုံးလေးဟာ ခုန်တာ၊ ဟန်ချက်ထိန်းတာ၊ အောက်ကိုနိမ့်ဆင်းသွားတာ စတာတွေကို ပေါင်းစပ်အသုံးပြုလိုက်ရင် မျက်နှာပြင်တစ်ခုပေါ်မှာ လမ်းဖြတ်လျှောက်သွားနိုင်တယ်။” လို့ ကုဗတုံး Cubli ကို တီထွင်ခဲ့သူတွေက ပြောပါတယ်။

Ref:dailymail

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.