Kiss Scene ရိုက်ကူးရေးက သူတို့အတွက် အန္တရာယ်လို့ပြောလာတဲ့ D.O နဲ့ Park Hye Soo

ဘာကြောင့် သူတို့အတွက် အန္တရာယ်ဖြစ်စေရတာလဲ …

exo do park hye soo kiss scene 1

EXO အဖွဲ့ဝင် D.O နဲ့ မင်းသမီး Park Hye Soo တို့ရဲ့အသစ်ထွက်ရှိလာမယ့် ”Swing Kids” ဇာတ်ကားအတွက် သတင်းစာရှင်းလင်းပွဲလုပ်ရင်း Kiss Scene နဲ့ ပတ်သတ်ပြီး နောက်ကွယ် အသေးစိတ်တွေကို သတင်းသမားများက သိချင်လာကြပါတယ်။

exo do park hye soo kiss scene 2

အံ့သြစရာကောင်းတာက သူတို့ရဲ့kissing scene က အန္တရာယ်ရှိစေခဲ့တယ်လို့ D.O ကပြောလာပါတယ်။

D.O ရဲ့ဇာတ်ရုပ်က မင်းသမီးကို အတင်းဖက်နမ်းလိုက်ရတာဖြစ်တာကြောင့် အားသုံးတာများပြီး
သွားချင်းတိုက်ကာ တော်တော်နာသွားတယ်လို့ ရယ်မောရင်းပြောလာပါတယ်။ ဒါလေးကတော့ သူတို့နှစ်ယောက်အတွက် အမှတ်တရပါပဲ။

exo do park hye soo kiss scene 3

Park Hye Soo ကလည်း ဒီဇာတ်ဝင်ခန်းက သူမ ထင်ထားတာထက် ပိုအန္တရာယ်ရှိပြီး နာကျင်သွားကြောင်းပြောလာပါတယ်။ နမ်းခန်းကိုလည်း ခဏခဏ ပြန်ရိုက်ရကြောင်းပြောပါတယ်။

Park Hye Soo ဟာ D.O အတွက် ညီမလေးတစ်ယောက်လိုပဲမို့လို့ သူမနဲ့အတူ အလုပ်တွဲလုပ်ရတာ စိတ်ချမ်းသာရတယ်လို့ ဆိုပါတယ်။ စစချင်းမှာတော့ နှစ်ယောက်လုံး မနေတတ်သလိုဖြစ်နေပေမယ့်နောက်ပိုင်းတော့ အသားကျပြီး ကိုယ့်အစွမ်းစကိုယ် ထုတ်သုံးကာ ဒီဇာတ်ကားမှာ အကောင်းဆုံးသရုပ်ဆောင်ထားကြပါတယ်တဲ့။

https://www.youtube.com/watch?v=Wnpwp-J7zgA

“Swing Kids” ဇာတ်ကားဟာ ဒီဇင်ဘာ ၁၉ရက်နေ့ဆို ထွက်ရှိတော့မှာဖြစ်ပါတယ်။

948 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.