သင့်လက်ရေးကနေ သင့်ရဲ့စိတ်အခြေနေတစ်ချို့ ကိုဖော်ပြပေးနေ


လက်ရေးကြီးသူ


လက်ရေးဝိုင်းသူ


လက်ရေးသေးသူ


ပဲပင်ပေါက်လက်ရေး





Unicode

စာရေးတဲ့လက်ရေးဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုအနည်းငယ်ခန့်မှန်းလို့ရပါတယ်တဲ့။ လူတစ်ယောက်စာရေးပုံရေးနည်း နဲ့လူတစ်ယောက်ရဲ့လက်ရေးလက်သားဟာ ဘယ်အရာနဲ့မှလိမ်လို့မရတဲ့သူ့ရဲ့စိတ်ရင်းမှန်ပါ။

လက်ရေးကြီးသူ

လက်ရေးကြီးသူတော်တော်များများဟာ သဘောထားကြီးပြီး လူကြီးလူကောင်းဆန်တဲ့စိတ်ရှိတဲ့သူတွေများကြပါတယ်။ လက်ရေးအဝိုင်းကြီးကြီးရေးတတ်ခြင်းဟာ သူတို့ရဲ့သဘောထားကြီးမှုကို ဖော်ပြတာပါပဲ။

လက်ရေးဝိုင်းသူ

လက်ရေးဝိုင်းပြီးလှတဲ့သူတွေဟာ ကလေးဆန်တဲ့သူတွေပါ။ သူတို့ရဲ့ကလေးဆန်တဲ့အပြုမှုတွေက မရိုင်းပဲချစ်ဖို့တော့ကောင်းနေတတ်ကြပါတယ်။ လက်ရေးဝိုင်းဝိုင်းနဲ့လှလှလေးရေတတ်တဲ့သူဆိုရင်တော့ကိုယ့်ကိုယ်ကိုယ် ကလေးဆန်တဲ့သူတစ်ယောက်ဆိုတာသတိထားမိပါစေ။

လက်ရေးသေးသူ

လက်ရေးသေးတဲ့သူတွေဟာ စိတ်ဆတ်တတ်ပြီး အနည်းငယ်စိတ်တိုလွယ်ပါတယ်။ သိပ်ပြီးခေါင်းထဲ အတွေးမများတတ်သလို ခပ်ပေါ့ပေါ့လေးပဲ နေရတာကို သဘောတွေ့ကျသူတွေပါ။

ပဲပင်ပေါက်လက်ရေး

ပွင့်ပွင့်လင်းလင်းပြောရရင်တော့လက်ရေးလုံးဝမလှတဲ့သူပေါ့…သူကတော့စိတ်မြန်တတ်ပြီး ကိုယ်လုပ်ချင်တာကိုပဲလုပ်မယ်ဆိုတဲ့စိတ်ထားတတ်တဲ့သူမျိုးပါ။ အရာရာကိုသိပ်ပြီးလေးလေးနက်နက်မတွေးတတ်တဲ့သူမျိုးလို့ပြောလည်းမမှားပါဘူး။

လက်ရေးမကြာခဏပြောင်းတတ်သူ

ဒီလူတွေကတော့စိတ်အတက်အကျမြန်သူတွေပါ။ ကိုယ့်ရဲ့စိတ်က အချိန်တိုင်းမမှန်ပဲ မကြာခဏဆိုသလို ကိစ္စတစ်ခုအပေါ်ကို စိတ်မျိုးစုံဖြစ်တတ်တဲ့ စိတ်ကစဉ်းကလျားဖြစ်တတ်ကြသူတွေပါ။

ကဲ Trend ပရိတ်သတ်လေးတွေကတော့ ဘယ်လိုလက်ရေးမျိုးလေးတွေကိုရေးတတ်ကြသလဲ…

348 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.