BTS အဖြဲ႔၀င္ Jin အတြက္ ပရိသတ္ေတြရဲ ႔ထူးျခားတဲ႔ေမြးေန႔လက္ေဆာင္

နာမည္ေက်ာ္ေတာင္ကုိရီးယားေကေပ့ါပ္အဆုိေတာ္အဖြဲ႔တစ္ဖြဲ႔ျဖစ္တဲ႔ BTS အဖြဲ႔၀င္ Jin ဟာ ဒီဇင္ဘာ ၄ရက္ေန႔က အသက္ ၂၆ႏွစ္ (international age; 27th in Korean age) ျပည့္သြားခဲ႔ျပီလုိ႔သိရပါတယ္။

သူ႔ရဲ႔ေမြးေန႔အတြက္ ပရိသတ္ေတြကလည္းမေမ့မေလ်ာ့စြာပဲ ေမြးေန႔အမွတ္တရကုသုိလ္ျပဳလုပ္ေပးခဲ႔ပါတယ္တဲ႔။ေမြးေန႔မတိုင္ခင္ ဒီဇင္ဘာ ၃ရက္ေန႔တည္းက Jin ရဲ႔ေမြးရပ္ေျမ Gyeonggi ျပည္နယ္ Gwacheon ျမိဳ႔မွာ ေဒၚလာ ၅၄၀၀ ၊ကုိရီးယား၀မ္ေငြ ၆သန္းတန္ဖုိးရွိ အမ်ိဳးသမီးတစ္ကုိယ္ေရသန္႔ရွင္းေရးသံုးပစၥည္းေတြကုိ သြားေရာက္လွဴဒါန္းခဲ႔ၾကတာျဖစ္ပါတယ္။အဲ႔ဒီပစၥည္းေတြဟာ ေငြေၾကးႏြမ္းပါးတဲ႔မိသားစုက ေက်ာင္းသူေလးေတြဆီေရာက္မွာျဖစ္ျပီး ေက်ာင္းသူတစ္ေယာက္ကုိ ၁၀လတာသံုးစြဲႏုိင္ေအာင္ ပစၥည္း 4 Sets စီေပးဖုိ႔ရည္ရြယ္ထားတယ္လုိ႔သိရပါတယ္။

BTS ARMY ေတြဟာ Jin ကုိ ဒီလုိမ်ိဳးအေသးစိတ္ဂရုတစုိက္ရွိၾကတာပါ။ျပီးေတာ့ ဒီလုိလွဴဒါန္းမႈအတြက္ အခမ္းအနားေတြဘာေတြလည္းမလုပ္ပဲ သူတုိ႔ပစၥည္းေတြအစံုအလင္ေရာက္မေရာက္သာ လာစစ္ေဆးျပီး လွဴဒါန္းေပးအပ္ခဲ႔တာျဖစ္တယ္လုိ႔ Gwacheon ျမိဳ႔ရဲ ႔သက္ဆုိင္ရာတာ၀န္ရွိသူတစ္ေယာက္ကေျပာျပခဲ႔ပါတယ္။Jin အတြက္ ထူးျခားတဲ႔ေမြးေန႔လက္ေဆာင္တစ္ခုေပးခဲ႔တာပါပဲ။

Jin ကလည္းသူ႔ရဲ႔ေမြးေန႔ ဒီဇင္ဘာ ၄ရက္ေန႔မွာ Animal protection group Korean Animal Welfare Association ကုိ တိရစာၦန္ေလးေတြအတြက္ အစားအစာ၊အိုးခြက္ေတြ၊ေစာင္ေတြလွဴဒါန္းခဲ႔ပါတယ္တဲ႔။ထိုအဖြဲ႔အစည္းကလည္း Jin ရဲ ႔လွဴဒါန္းကူညီမႈအတြက္၀မ္းသာေနၾကပါတယ္။Big Hit Entertainment ကလည္း “Jin က သူ႔ရဲ႔ေမြးေန႔မွာ ကုိယ္တုိင္အျပင္ကုိထြက္၊ပစၥည္းေတြ၀ယ္ကာ စြန္႔႔ပစ္ခံေခြးေလးေတြရွိရာေဂဟာကုိသြားေရာက္လွဴဒါန္းကူညီခဲ႔ပါတယ္”လုိ႔ ေျပာျပခဲ့ပါတယ္။

Happy Belated Birthday Jin!

Source:Soompi

Unicode

နာမည်ကျော်တောင်ကိုရီးယားကေပေ့ါပ်အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Jin ဟာ ဒီဇင်ဘာ ၄ရက်နေ့က အသက် ၂၆နှစ် (international age; 27th in Korean age) ပြည့်သွားခဲ့ပြီလို့သိရပါတယ်။

သူ့ရဲ့မွေးနေ့အတွက် ပရိသတ်တွေကလည်းမမေ့မလျော့စွာပဲ မွေးနေ့အမှတ်တရကုသိုလ်ပြုလုပ်ပေးခဲ့ပါတယ်တဲ့။မွေးနေ့မတိုင်ခင် ဒီဇင်ဘာ ၃ရက်နေ့တည်းက Jin ရဲ့မွေးရပ်မြေ Gyeonggi ပြည်နယ် Gwacheon မြို့မှာ ဒေါ်လာ ၅၄၀၀ ၊ကိုရီးယားဝမ်ငွေ ၆သန်းတန်ဖိုးရှိ အမျိုးသမီးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီပစ္စည်းတွေဟာ ငွေကြေးနွမ်းပါးတဲ့မိသားစုက ကျောင်းသူလေးတွေဆီရောက်မှာဖြစ်ပြီး ကျောင်းသူတစ်ယောက်ကို ၁ဝလတာသုံးစွဲနိုင်အောင် ပစ္စည်း 4 Sets စီပေးဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။

BTS ARMY တွေဟာ Jin ကို ဒီလိုမျိုးအသေးစိတ်ဂရုတစိုက်ရှိကြတာပါ။ပြီးတော့ ဒီလိုလှူဒါန်းမှုအတွက် အခမ်းအနားတွေဘာတွေလည်းမလုပ်ပဲ သူတို့ပစ္စည်းတွေအစုံအလင်ရောက်မရောက်သာ လာစစ်ဆေးပြီး လှူဒါန်းပေးအပ်ခဲ့တာဖြစ်တယ်လို့ Gwacheon မြို့ရဲ ့သက်ဆိုင်ရာတာဝန်ရှိသူတစ်ယောက်ကပြောပြခဲ့ပါတယ်။Jin အတွက် ထူးခြားတဲ့မွေးနေ့လက်ဆောင်တစ်ခုပေးခဲ့တာပါပဲ။

Jin ကလည်းသူ့ရဲ့မွေးနေ့ ဒီဇင်ဘာ ၄ရက်နေ့မှာ Animal protection group Korean Animal Welfare Association ကို တိရစ္ဆာန်လေးတွေအတွက် အစားအစာ၊အိုးခွက်တွေ၊စောင်တွေလှူဒါန်းခဲ့ပါတယ်တဲ့။ထိုအဖွဲ့အစည်းကလည်း Jin ရဲ ့လှူဒါန်းကူညီမှုအတွက်ဝမ်းသာနေကြပါတယ်။Big Hit Entertainment ကလည်း “Jin က သူ့ရဲ့မွေးနေ့မှာ ကိုယ်တိုင်အပြင်ကိုထွက်၊ပစ္စည်းတွေဝယ်ကာ စွန့့်ပစ်ခံခွေးလေးတွေရှိရာဂေဟာကိုသွားရောက်လှူဒါန်းကူညီခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

Happy Belated Birthday Jin!

Source:Soompi

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.