စိတ္နာရင္ သိပ္ေျကာက္ဖို႕ေကာင္းသြားတဲ႔ ဗုဒၶဟူး သားသမီးေတြ

လူတစ္ေယာက္ရဲ႕စိတ္ေနစိတ္ထားဆိုတာ ခန္႔မွန္းရခက္တဲ႔အရာပါ ဒါပင္မဲ႔ ေန႕နာမ္တူတဲ႔သူေတြ ကေတာ႔ သူ႕ေန႔
နာမ္အလိုက္ တူညီမႈေလးေတြရွိေနတတ္ပါတယ္။ ဒီတစ္ခါ Trend ပရိတ္သတ္ျကီးကိုေျပာျပခ်င္တာကေတာ႔
Wed ေန႕ေမြးဖြားသူတုိ႕အေျကာင္းပါ။ ဗုဒၶဟူးသားသမီး ဆင္ေလးေတြဟာ စိတ္သေဘာထားအားျဖင္႔ေတာ႔
ေကာင္းမြန္ ျဖဴစင္တာမ်ားျကပါတယ္။ သူတစ္ပါးအေပၚကူညီခ်င္တဲ႔ေနရာမွာလည္း ကိုယ္႔အက်ိဳးမက်န္ရင္ေန
ပါေစ သူတစ္ပါးအတြက္ဆုိရင္ အားက်ိဳးမာန္တက္ကို ျကိုးစားေပးခ်င္တတ္ျကတာပါ။ အိမ္ကသူေတြနဲ႕ဆို
လူဆိုးေလးေတြ အိမ္ဆိုးေလးေတြျဖစ္ျကပင္မဲ႔ တစ္ပါးသူအျပင္လူနဲ႕ဆိုရင္ေတာ႔အရမ္းကို လူခ်စ္လူခင္မ်ားတတ္
ျကပါတယ္။

စိတ္သေဘာထားျဖဴစင္ျပီး သူတစ္ပါးကို ကူညီခ်င္သေလာက္ စိတ္လည္းဆတ္တတ္ျကပါတယ္။ ကိုယ္႔အေပၚ
ေကာင္းျပီဆုိရင္ ဒီလူအေပၚနွစ္ဆျပန္ေကာင္းတတ္သေလာက္ ကိုယ္႔အေပၚထိခိုက္ေအာင္ေျပာဆုိခဲ႔တဲ႔သူ
ဆိုရင္ ဘယ္ေလာက္ပဲအခ်ိန္ေတြျကာျကာမွတ္ထားတတ္ျပီး အခြင္႔ရရင္ရသလုိ ကလဲ႔စားေခ်တတ္ျကပါတယ္။
နာက်ဥ္းျပီဆိုရင္လည္း လံုး၀ကို လွည္႔မျကည္႔တတ္ေတာ႔ပဲ မုန္းတယ္ဆုိတာထက္ကို ဥေပကၡာျပဳေလာက္ေအာင္
နာက်င္သြားတတ္ျကတာပါ။

ဆင္ေကာင္ေလးေတြဟာ ေအးေအးေဆးေဆးနဲ႕ခ်စ္စရာေကာင္းေအာင္ေနတတ္သေလာက္ေဒါသထြက္ရင္
လည္းသူတို႕နဲ႕မတူေလာက္ေအာင္သိပ္ကို ေျကာက္ဖို႕ေကာင္းသြားတတ္ျကပါတယ္။ သူ႕သိကၡာကိုထိခိုက္
တဲ႔စကားမ်ိဳး သူ႕မာနကို ရိုက္ခ်ိဳးတဲ႔စကားမ်ိဳး အျပဳမူမ်ိဳးေတြကို လုပ္လာရင္ ေဆြမ်ိဳးမိဘပင္ဆုိပေစအံုးသိပ္ကို
စိတ္ပ်က္စိတ္နာတတ္သြားပါတယ္။ သူ႕ရဲ႕ေစတနာကိုေစာ္ကားတာမ်ိဳး သူ႕ကို ခ်ိဳးနွိမ္တာမိ်ဳးကိုေသးေသးအတင္မခံ
နိုင္တဲ႔သူမ်ိဳးပါ။ ဘယ္သူ႕ကိုမွလြယ္လြယ္နဲ႕မကဲ႕ရဲ႕တတ္သလို ဘယ္သူ႕ကိုမွလည္းလြယ္လြယ္အထင္မျကီး
တတ္ျကပါဘူး။
ကဲ…Trend ပရိတ္သတ္ျကီးထဲက ဗုဒၶဟူးသားသမီး ဆင္ေလးေတြေရာ အေပၚကအခ်က္ေတြနဲ႕တူတာေတြ
ရွိသလား…ဘယ္လုိအခ်က္ေတြရွိေသးလဲဆုိတာ ၀င္မန္႔သြားျကအံုးေနာ္…

Unicode

လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားဆိုတာ ခန့်မှန်းရခက်တဲ့အရာပါ ဒါပင်မဲ့ နေ့နာမ်တူတဲ့သူတွေ ကတော့ သူ့နေ့
နာမ်အလိုက် တူညီမှုလေးတွေရှိနေတတ်ပါတယ်။ ဒီတစ်ခါ Trend ပရိတ်သတ်ကြီးကိုပြောပြချင်တာကတော့
Wed နေ့မွေးဖွားသူတို့အကြောင်းပါ။ ဗုဒ္ဓဟူးသားသမီး ဆင်လေးတွေဟာ စိတ်သဘောထားအားဖြင့်တော့
ကောင်းမွန် ဖြူစင်တာများကြပါတယ်။ သူတစ်ပါးအပေါ်ကူညီချင်တဲ့နေရာမှာလည်း ကိုယ့်အကျိုးမကျန်ရင်နေ
ပါစေ သူတစ်ပါးအတွက်ဆိုရင် အားကျိုးမာန်တက်ကို ကြိုးစားပေးချင်တတ်ကြတာပါ။ အိမ်ကသူတွေနဲ့ဆို
လူဆိုးလေးတွေ အိမ်ဆိုးလေးတွေဖြစ်ကြပင်မဲ့ တစ်ပါးသူအပြင်လူနဲ့ဆိုရင်တော့အရမ်းကို လူချစ်လူခင်များတတ်
ကြပါတယ်။

စိတ်သဘောထားဖြူစင်ပြီး သူတစ်ပါးကို ကူညီချင်သလောက် စိတ်လည်းဆတ်တတ်ကြပါတယ်။ ကိုယ့်အပေါ်
ကောင်းပြီဆိုရင် ဒီလူအပေါ်နှစ်ဆပြန်ကောင်းတတ်သလောက် ကိုယ့်အပေါ်ထိခိုက်အောင်ပြောဆိုခဲ့တဲ့သူ
ဆိုရင် ဘယ်လောက်ပဲအချိန်တွေကြာကြာမှတ်ထားတတ်ပြီး အခွင့်ရရင်ရသလို ကလဲ့စားချေတတ်ကြပါတယ်။
နာကျဉ်းပြီဆိုရင်လည်း လုံးဝကို လှည့်မကြည့်တတ်တော့ပဲ မုန်းတယ်ဆိုတာထက်ကို ဥပေက္ခာပြုလောက်အောင်
နာကျင်သွားတတ်ကြတာပါ။

ဆင်ကောင်လေးတွေဟာ အေးအေးဆေးဆေးနဲ့ချစ်စရာကောင်းအောင်နေတတ်သလောက်ဒေါသထွက်ရင်
လည်းသူတို့နဲ့မတူလောက်အောင်သိပ်ကို ကြောက်ဖို့ကောင်းသွားတတ်ကြပါတယ်။ သူ့သိက္ခာကိုထိခိုက်
တဲ့စကားမျိုး သူ့မာနကို ရိုက်ချိုးတဲ့စကားမျိုး အပြုမူမျိုးတွေကို လုပ်လာရင် ဆွေမျိုးမိဘပင်ဆိုပစေအုံးသိပ်ကို
စိတ်ပျက်စိတ်နာတတ်သွားပါတယ်။ သူ့ရဲ့စေတနာကိုစော်ကားတာမျိုး သူ့ကို ချိုးနှိမ်တာမျိုးကိုသေးသေးအတင်မခံ
နိုင်တဲ့သူမျိုးပါ။ ဘယ်သူ့ကိုမှလွယ်လွယ်နဲ့မကဲ့ရဲ့တတ်သလို ဘယ်သူ့ကိုမှလည်းလွယ်လွယ်အထင်မကြီး
တတ်ကြပါဘူး။
ကဲ…Trend ပရိတ်သတ်ကြီးထဲက ဗုဒ္ဓဟူးသားသမီး ဆင်လေးတွေရော အပေါ်ကအချက်တွေနဲ့တူတာတွေ
ရှိသလား…ဘယ်လိုအချက်တွေရှိသေးလဲဆိုတာ ဝင်မန့်သွားကြအုံးနော်…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.