အကျီ င်္မှာ တစ်ခုမဟုတ်တစ်ခု စွန်းထင်းလေ့ရှိတဲ့ လူမျိုးတွေက ဥာဏ်ရည်မြင့်မားသူတွေသာဖြစ်

စားစရာတွေ ချက်ပြုတ်တဲ့အခါ ၊ ဒါမှမဟုတ် တစ်ခုခုစားတဲ့အခါ အကျီ င်္မှာ စွန်းထင်းသွားမှာ စိုးရိမ်ဖူးလား။တကယ်လို့ မကြာခဏ အကျီ င်္မှာ အစွန်းထင်းတွေပေလေ့ရှိသူဆို လေ့လာမှုများအရ မင်းဟာဥာဏ်ရည်မြင့်မားသူ တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တိုင်က ကိုယ့်ရဲ့အကျီ င်္လေးကို မပျက်စီးစေချင်ပေမယ့်လည်း ဒီလိုဖြစ်တတ်တယ်ဆိုရင် စိတ်မညစ်ပါနဲ့။

အဓိကက စွန်းထင်းနေတဲ့ အကျီ င်္နဲ့ ဥာဏ်ရည်မြင့်မားမှုက ဘယ်လိုဆက်စပ်နေလဲဆိုတာ စဉ်းစားစရာပါပဲ။

တစ်ခါတစ်လေ ဒီလိုမျိုး စွန်းထင်းသွားရင် ကိုယ့်ကိုကိုယ် ကလေးဘဝပြန်ရောက်သွားသလို ခံစားရပါတယ်။ ဘယ်လောက်ပဲ ဂရုစိုက်နေပါစေ.. ဒီအကျီ င်္လေးငါအရမ်းကြိုက်တယ်.. ပျက်စီးသွားလို့ မဖြစ်ဘူးလို့ စိတ်ထဲက သတိထားနေပေမယ့် အစွန်းထင်းတွေဆိုတာ မဖိတ်ခေါ်ပဲ ရောက်လာတတ်ပါတယ်။

အကျီ င်္မှာ စွန်းထင်းသွားပြီဆိုရင် ဒီဖြစ်ရပ်အပေါ် တုံ့ပြန်မိတဲ့ မင်းရဲ့အပြုမူနဲ့ စဉ်းစားဆင်ခြင်ဥာဏ်ဟာ အဲ့ဒီမှာ စကားပြောတာပါ။ ဥာဏ်ရည်မြင့်မားသူတွေဟာ ဦးနှောက်ကို ကွဲပြားစွာ အသုံးချတတ်ပါတယ်။ ရေသောက်ဖို့ ပါးစပ်နား တေ့လိုက်ပေမယ့် ပါးစပ်နားမရောက်ဘဲ ရေက တစ်ဝက်နဲ့ဖိတ်ကျသွားတာမျိုးမှာဆို မင်းဟာ ဖရိုဖရဲနိုင်တာမျိုးမဟုတ်ဘဲ ရေသောက်တာထက် အရေးကြီးတဲ့အရာကို အာရုံစိုက်နေရတာမို့ ဒီလိုအကျိုးဆက်ဖြစ်ရတာပါ။

Related image

ရေဖိတ်သွားမျိုးဆို သာမန်လူတစ်ယောက် စိတ်ဆိုးသွားနိုင်ပေမယ့် ဥာဏ်ရည်ကောင်းမွန်သူတွေက
ဒီအတွက် ဒေါသထွက်နေဖို့ အချိန်မပေးတော့ပဲ အကျီ င်္အသစ် အမြန်ကောက်လဲလိုက်တာမျိုးပေါ့။ ဒေါသထွက်နေတော့ကော ဘာထူးမှာလဲ.. စိုသွားတဲ့ အဝတ်က ပြန်ခြောက်သွားမှာလဲ မဟုတ်။ ဒီတော့ ဘာလို့ စိတ်ညစ်ခံဦးမှာလဲ … ကဲ.. သူငယ်ချင်းတွေထဲမှာ အမြဲတမ်း ဖရိုဖရဲနိုင်တတ်တဲ့ သူလေးတွေရှိလား။ သူတို့လေးတွေဟာ အနေထိုင်မသပ်ရပ်ပေမယ့် ဥာဏ်ရွှေတော်တွေတော့ တောက်ပပါတယ်နော်။ ကိုယ်တိုင်ကလည်း ဒီ ဖရိုဖရဲလေးလား ???

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.