ချိစ်အပြည့်နဲ့ ခေါက်ဆွဲပြုတ်ရှူးရှဲလေး လုပ်စားကြမယ်…

(Cheesy Egg Ramen) ချိစ်အပြည့်နဲ့ ခေါက်ဆွဲပြုတ် ရှလွတ်ရှလွတ်လေးကို အိမ်မှာပဲ လွယ်လွယ်ကူကူပြုတ်စားလို့ရပါတယ်နော်။ ဖေ့စ်ဘွတ်မှာ တက်လာတဲ့ ဗီဒီယိုတွေကြည့်ပြီး သရေမျိုချနေမယ့်အစား ကိုယ်တိုင် ခေါက်ဆွဲထုတ်ဝယ်ပြီး စားချင်နေတဲ့ ဆန္ဒလေးကို အခုပဲ ဖြည့်ဆည်းလိုက်ပါ။

Related image

ကဲ.. လာပါပြီနော်.. ဘာတွေလိုအပ်လဲ.. ဘယ်လိုလုပ်ရမလဲဆိုတာ..

Ramen ခေါက်ဆွဲထုတ် တစ်ထုတ်ဝယ်ပြီး ပုံမှန် ခေါက်ဆွဲပြုတ်နေကြအတိုင်း ထည့်ပြုတ်လိုက်ပါ။
အရည်နဲ့ စားချင်တဲ့သူက အရည်ချန် ၊ အရည်မကြိုက်တဲ့သူက ခေါက်ဆွဲတွေအကုန်ဆယ်ပြီးသွားရင် အရသာမှုန့်တွေ ထည့်နယ်။ ပြီးရင် ချိစ်ပြားလေး အုပ် ၊ ကြက်ဥလေး အပေါ်ကတင် ဒါဆို အရသာရှိပြီးပြည့်စုံတဲ့ Cheesy Egg Ramen လေး ရပြီလေ။

Image result for Cheesy Egg Ramen

အရည်နဲ့ကြိုက်တဲ့သူတွေကလည်း အရည်လေးထည့်ပြီး ချိစ်ပြားလေးအုပ်။ ပိုပြီးတောင် အရသာရှိဦးမယ်။ဖတ်ရင်းနဲ့ စားချင်နေပါပြီလား.. လုပ်နည်း ဗီဒီယိုလေးနဲ့အတူ ကိုယ်ပိုင် Cheesy Egg Ramen လေးဖန်တီးလိုက်တော့နော်။

Image result for Cheesy Egg Ramen

148 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.