မျက်ရည်မကျတော့တဲ့သူတစ်ယောက်ဖြစ်သွားပြီဆိုရင်အရာရာကိုကျောခိုင်းနိုင်သွားပြီ :-(
Unicode
မျက်ရည်ခမ်းသွားလောက်ရတဲ့ထိဆိုတဲ့ စကားကြားဖူးကြမှာပါ။ တစ်ချို့သူတွေဟာ သူတို့ဘဝမှာ နာကျင်စရာ ပင်ပန်းဆင်းရဲစရာတွေ တအား များလာတဲ့အခါ မျက်ရည်ကျတယ် ငိုတယ်ဆိုတာ မျိုးတွေကို တောင် မဖြစ်လာတော့ပါဘူး ။ တစ်ခုခုကို ခံစားဝမး်နည်းရလို့ မျက်ရည် ကျ ငိုကြွေးပူဆွေးတဲ့သူတွေဟာ ဒီအရာအပေါ်ခံစားချက်တွေ မျှော်လင့်ချက်တွေ ရှိနေသေးတဲ့အချိျန်မလို့ ငိုကြွေးပူဆွေးပြီး ခံစားနေတတ်ကြတာပါ။
လူတွေခံစားရလို့ငိုတယ်ဆိုတာ သဘာဝပါ။ အေး…မငိုတော့ဘူးဆိုရင်တော့ ဒါ သာမန်စိတ်ခံစားချက်မျိုးမဟုတ်တော့ပါဘူး။ ငိုရပါများလာတဲ့အခါ ငိုဖို့မတန်တော့လောက်အောင် စိတ်ပျက်သွားတတ်ကြတယ်။ ခံစားရပါများလာတဲ့အခါ ခံစားနာကျင်ဖို့မတန်တော့လောက်အောင် စိတ်ကုန်သွားတတ်ကြတယ်။ ကိုယ့်မှာ မုန်းတီးစရာတွေ ခက်ခဲကြမ်းတမ်းတဲ့ကိစ္စတွေများလာတဲ့အခါ အရာရာကို ဥပေက္ခာပြုချင်စိတ်ပေါ်လာတတ်ကြပါတယ်။
ဒါကြောင့် မျက်ရည်မကျတော့တဲ့သူတစ်ယောက်ဖြစ်သွားပြီဆိုရင်အရာရာကို ကျောခိုင်းဖို့ မတွန့်ဆုတ်တော့ပါဘူး။ အရာရာကိုလည်း စွန့်ပစ်ဖို့ဝန်မလေးတတ်ကြတော့ပါဘူး။ ဒါကြောင့် လောကမှာ လူတစ်ယောက်ရဲ့ကြောက်စရာအကောင်းဆုံးအချိန်ဟာ မျက်ရည်မကျတော့ပဲ အားလုံးကိုကျောခိုင်းဖို့အသင့်ဖြစ်နေတဲ့အချိန်ပါပဲ…
3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.