မိန်းကလေးဆိုမှတော့ ပန်းပွင့်၊ အခက်၊ အနွယ် ဒီဇိုင်းတွေ ကြိုက်ကြတာပဲလေ။ အမြဲမဟုတ်ရင်တောင် တစ်ခါမဟုတ်တစ်ခါတော့ ၀တ်ဖြစ်ကြတာမို့ ပန်းပွင့်၊ ပန်းနွယ် ဒီဇိုင်းတွေနဲ့ ပတ်သက်ရင် ဘယ်လို ဖက်ရှင်ဒီဇိုင်းမျိုးလေးတွေ အမိုက်စားဖြစ်သလဲဆိုတာ ရွေးချယ်ပေးလိုက်ပါတယ်။
၁။ ခရီးသွားတဲ့အခါ ထည့်သွားသင့်တဲ့ floral ဒီဇိုင်း
ခရီးတွေဘာတွေ ထွက်စရာရှိတယ်ဆိုရင် ဒီလို ဒီဇိုင်းမျိုးကို ရှာဝယ်ပြီး ကောက်ထည့်သွားလိုက်ပါတော့။ ဒီလို ဖက်ရှင်မျိုးက ထသွားထလာထက်စာရင် ခရီးသွားတဲ့အခါ ၀တ်လို့ကောင်းတဲ့ ဒီဇိုင်းမျိုး မို့လို့ပါ။
၂။ ချစ်စရာလည်း ကောင်းသလို ဆက်စီလည်းကျတဲ့ ဒီဇိုင်း
ဖျော်ဖြေပွဲတွေ၊ ပါတီတွေသွားရင် ၀တ်လို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။ တစ်ထပ်တည်း မ၀တ်ရဲဘူးဆိုရင်တော့ အပေါ်က တစ်ထပ် ထပ်သွားလိုက်ရုံပေါ။
၃။ဘယ်တော့မှ မရိုးတဲ့ စကတ်အကား ဒီဇိုင်း
မဖြစ်မနေ ရှိသင့်တဲ့ အ၀တ်အစား ဒီဇိုင်းတွေထဲမှာ ခုလို စကတ်အကားလေးတွေလည်း ပါဝင်နေပါတယ်။ အဲ့ဒီလို ဒီဇိုင်းကိုမှ Floral ဆိုမှတော့ သိပ်မိုက်တာပေါ့။ သူများတွေ ၀တ်နေကျ ပုံစံမျိုးမဟုတ်တဲ့အတွက် သူများနဲ့ မတူတဲ့ ဖက်ရှင်မျိုး ဖန်တီးဖို့ဆို ကိုယ့်ဆီမှာ ဒီလိုစကတ်မျိုး ပိုလို့တောင် ရှိနေသင့်သေးတယ်နော်။
၎။အထာကျလွန်းတဲ့ floral dress ဒီဇိုင်း
ကိုယ့်ဆီမှာ ခုလို ဂါဝန်အတို၊ dress တစ်ထည်ရှိပြီဆိုရင် ဒီအတိုင်းပဲဝတ်ဝတ်၊ အပေါ်ကတစ်ခုခုထပ်ပြီးတော့ပဲ ၀တ်ဝတ် အသုံးဝင်တယ်ဆိုတာ မမေ့ပါနဲ့။ ခုလို ရာသီအတွက် ပုံမှာပြထားတဲ့အတိုင်း လည်သာဂျက်ကတ်လေးနဲ့ တွဲဝတ်လိုက်လို့ကတော့ မိုက်မှမိုက်ပဲနော်။
၅။Floral ဒီဇိုင်း ၀တ်မယ်ဆို သူနဲ့ လိုက်ဖက်မယ့် အဆင်တန်ဆာလေးတွေ စဉ်းစားဖို့လို
ကိုယ်ဝတ်မယ့် ဒီဇိုင်းတွေက Floral ဒီဇိုင်းတွေဆိုရင်တော့ တွဲဖက်ဝတ်မယ့် accessory တွေ သေချာစဉ်းစားဖို့တော့ လိုမှာပေါ့။ ဖိနပ်၊ ဦးထုပ်၊ လက်ကောက်၊ ဆွဲကြိုးစတာတွေကို မိန်းမ သိပ်မဆန်လွန်းတဲ့ antique ဒီဇိုင်းလေးတွေ ရလေ ပိုမိုက်လေဆိုတာ မမေ့ပါနဲ့။
Ref:lookbook.nu