Cha Eun Woo ကုိ ဘယ္မင္းသမီးနဲ႔တြဲျပီးသရုပ္ေဆာင္ခ်င္လဲေမးၾကည့္တဲ့အခါ…

ဒီဇင္ဘာ ၃ရက္ေန႔တုန္းက MBC ရဲ ႔“Section TV” အစီအစဥ္မွာ ASTRO အဖြဲ႔၀င္ Cha Eun Woo ကုိ ဧည့္သည္အေနနဲ႔ ေမးျမန္းခဲ႔တယ္လုိ႔သိရပါတယ္။အဲ႔ဒီမွာသူေနာက္ထပ္လုပ္ခ်င္တဲ႔ဇာတ္လမ္းတြဲပံုစံေတြ၊အတူတြဲရိုက္ခ်င္တဲ႔မင္းသမီးေတြကုိလည္း ေျပာျပခဲ့ပါတယ္တဲ႔။

Cha Eun Woo ဟာ မင္းသမီး Im Soo Hyang နဲ႔ “My ID Is Gangnam Beauty” မွာအတူတြဲဖက္သရုပ္ေဆာင္ရင္း မိန္းကေလးပရိသတ္ေတြၾကားမွာပုိျပီးေရပန္းစားခဲ႔တဲ႔ အဆုိေတာ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။သူ႔ကုိ ေနာက္ထပ္ဘယ္လုိဇာတ္လမ္းပံုစံမ်ိဳးသရုပ္ေဆာင္ခ်င္လဲေမးျမန္းၾကည့္တဲ႔အခါမွာ သူက နန္းတြင္းဇာတ္လမ္း ဒါမွမဟုတ္ တကၠသိုလ္ေက်ာင္းသားကားမ်ိဳးရုိက္ခ်င္တယ္လုိ႔ေျပာျပခဲ႔ပါတယ္။

ထပ္ျပီး Girl’s Day အဖြဲ႔၀င္Hyeri နဲ႔ Suzy ဘယ္သူနဲ႔တြဲျပီးသရုပ္ေဆာင္ခ်င္လဲေရြးခ်ယ္ခိုင္းတဲ႔အခါမွာ Cha Eun Woo က Suzy ကုိေရြးခ်ယ္ခဲ႔ပါတယ္။မင္းသမီး Kim Yoo Jung နဲ႔Park Bo Young ႏွစ္ေယာက္ထဲမွာေတာ့ Park Bo Young နဲ႔တြဲျပီးသရုပ္ေဆာင္ခ်င္ပါတယ္တဲ႔။

ေနာက္ဆံုးသူ႔ကုိ Suzy နဲ႔ Park Bo Young ဘယ္သူ႔ကုိေရြးမလဲေမးၾကည့္ေတာ့ Cha Eun Woo က Suzy ကုိပဲေရြးခ်ယ္ခဲ႔ပါတယ္။အရင္တုန္းက Cha Eun Woo ဟာ မင္းသမီး Shin Min Ah က သူသေဘာက်တဲ႔မိန္းကေလးပံုစံလို႔ေျပာျပခဲ႔ဖူးပါတယ္။အဲ႔ဒီမွာ အင္တာဗ်ဴးေမးသူက Shin Min Ah နဲ႔Suzy ဆုုိရင္ေရာ ဘယ္သူ႔ကုိေရြးမလဲေမးခဲ႔ပါတယ္။Cha Eun Woo တစ္ေယာက္ဘယ္လုိေျဖခဲ႔လဲ?

Cha Eun Woo က “ကြ်န္ေတာ္ပထမတုန္းက နန္းတြင္းဇာတ္လမ္းနဲ႔ေက်ာင္းသားဇာတ္လမ္းပံုစံႏွစ္မ်ိဳးေရြးခဲ႔ပါတယ္။ဒီေတာ့ Shin Min Ah နဲ႔ ကြ်န္ေတာ္နန္းတြင္းဇာတ္လမ္းရုိက္ခ်င္ျပီး Suzy နဲ႔ ေက်ာင္းသားဇာတ္လမ္းရုိက္ခ်င္ပါတယ္။ကြ်န္ေတာ္က ေလာဘၾကီးတယ္ဗ်”လုိ႔ေျဖခဲ႔တာပဲျဖစ္ပါတယ္။

အခုလက္ရွိမွာေတာ့ Cha Eun Woo က သူ႔ရဲ ႔ASTRO အဖြဲ႔၀င္သူငယ္ခ်င္းေတြနဲ႔ပဲ ဂီတအလုပ္ေတြလုပ္ရင္းအလုပ္ရႈပ္ေနပါတယ္။မၾကာခင္မွာလည္း’Show!Music Core’ အစီအစဥ္အတြက္ Guest MC အျဖစ္ ၂ပတ္တာျပန္ျပီးလုပ္ေပးရမယ္လုိ႔သိရပါတယ္။Cha Eun Woo ဟာ ၂၀၁၆ ကစလုိ႔ တစ္ႏွစ္နဲ႔ ငါးလနီးပါးၾကာတဲ႔အထိ ဒီ “Show! Music Core” အစီအစဥ္ရဲ ႔MC အျဖစ္လုပ္ခဲ႔ဖူးပါတယ္။သူ႔ရဲ႔ဇာတ္လမ္းတြဲသစ္ေလး မၾကာခင္ထြက္လာဖုိ႔လည္း ပရိသတ္ေတြက ေမ်ွာ္လင့္ထားၾကပါတယ္။

Source:Soompi/Allkpop

Unicode

ဒီဇင်ဘာ ၃ရက်နေ့တုန်းက MBC ရဲ ့“Section TV” အစီအစဉ်မှာ ASTRO အဖွဲ့ဝင် Cha Eun Woo ကို ဧည့်သည်အနေနဲ့ မေးမြန်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမှာသူနောက်ထပ်လုပ်ချင်တဲ့ဇာတ်လမ်းတွဲပုံစံတွေ၊အတူတွဲရိုက်ချင်တဲ့မင်းသမီးတွေကိုလည်း ပြောပြခဲ့ပါတယ်တဲ့။

Cha Eun Woo ဟာ မင်းသမီး Im Soo Hyang နဲ့ “My ID Is Gangnam Beauty” မှာအတူတွဲဖက်သရုပ်ဆောင်ရင်း မိန်းကလေးပရိသတ်တွေကြားမှာပိုပြီးရေပန်းစားခဲ့တဲ့ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။သူ့ကို နောက်ထပ်ဘယ်လိုဇာတ်လမ်းပုံစံမျိုးသရုပ်ဆောင်ချင်လဲမေးမြန်းကြည့်တဲ့အခါမှာ သူက နန်းတွင်းဇာတ်လမ်း ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသားကားမျိုးရိုက်ချင်တယ်လို့ပြောပြခဲ့ပါတယ်။

ထပ်ပြီး Girl’s Day အဖွဲ့ဝင်Hyeri နဲ့ Suzy ဘယ်သူနဲ့တွဲပြီးသရုပ်ဆောင်ချင်လဲရွေးချယ်ခိုင်းတဲ့အခါမှာ Cha Eun Woo က Suzy ကိုရွေးချယ်ခဲ့ပါတယ်။မင်းသမီး Kim Yoo Jung နဲ့Park Bo Young နှစ်ယောက်ထဲမှာတော့ Park Bo Young နဲ့တွဲပြီးသရုပ်ဆောင်ချင်ပါတယ်တဲ့။

နောက်ဆုံးသူ့ကို Suzy နဲ့ Park Bo Young ဘယ်သူ့ကိုရွေးမလဲမေးကြည့်တော့ Cha Eun Woo က Suzy ကိုပဲရွေးချယ်ခဲ့ပါတယ်။အရင်တုန်းက Cha Eun Woo ဟာ မင်းသမီး Shin Min Ah က သူသဘောကျတဲ့မိန်းကလေးပုံစံလို့ပြောပြခဲ့ဖူးပါတယ်။အဲ့ဒီမှာ အင်တာဗျူးမေးသူက Shin Min Ah နဲ့Suzy ဆုုိရင်ရော ဘယ်သူ့ကိုရွေးမလဲမေးခဲ့ပါတယ်။Cha Eun Woo တစ်ယောက်ဘယ်လိုဖြေခဲ့လဲ?

Cha Eun Woo က “ကျွန်တော်ပထမတုန်းက နန်းတွင်းဇာတ်လမ်းနဲ့ကျောင်းသားဇာတ်လမ်းပုံစံနှစ်မျိုးရွေးခဲ့ပါတယ်။ဒီတော့ Shin Min Ah နဲ့ ကျွန်တော်နန်းတွင်းဇာတ်လမ်းရိုက်ချင်ပြီး Suzy နဲ့ ကျောင်းသားဇာတ်လမ်းရိုက်ချင်ပါတယ်။ကျွန်တော်က လောဘကြီးတယ်ဗျ”လို့ဖြေခဲ့တာပဲဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ Cha Eun Woo က သူ့ရဲ ့ASTRO အဖွဲ့ဝင်သူငယ်ချင်းတွေနဲ့ပဲ ဂီတအလုပ်တွေလုပ်ရင်းအလုပ်ရှုပ်နေပါတယ်။မကြာခင်မှာလည်း’Show!Music Core’ အစီအစဉ်အတွက် Guest MC အဖြစ် ၂ပတ်တာပြန်ပြီးလုပ်ပေးရမယ်လို့သိရပါတယ်။Cha Eun Woo ဟာ ၂၀၁၆ ကစလို့ တစ်နှစ်နဲ့ ငါးလနီးပါးကြာတဲ့အထိ ဒီ “Show! Music Core” အစီအစဉ်ရဲ ့MC အဖြစ်လုပ်ခဲ့ဖူးပါတယ်။သူ့ရဲ့ဇာတ်လမ်းတွဲသစ်လေး မကြာခင်ထွက်လာဖို့လည်း ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။

Source:Soompi/Allkpop

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.