FA ဖြစ်နေပင်မဲ့ ကိုယ့်သူငယ်ချင်းRS တွေရဲ့အကြံပေးလုပ်နေရတဲ့သူတွေရှိလား😋😋







Unicode

ကိုယ့်အဖြစ်က FA ပင်မဲ့ ရည်းစားနဲ့အဆင်မပြေတဲ့ သူငယ်ချင်းတွေ Crush နဲ့ပြေလည်ချင်တဲ့သူတွေ ကိုချစ်ရေးချစ်ရာနဲ့ပတ်သတ်ပြီး ဆရာလုပ်နေရတဲ့သူမျိုးလေးတွေ Trend ပရိတ်သတ်ကြီးထဲမှာရောရှိကြလား…ကိုယ်ကသာအဖြစ်မရှိတာသူတို့အတွက်တော့ကိုယ်က ဆရာမကြီး ၊ ဆရာကြီးပဲ 😛 ဒီလိုအခြေနေဖြစ်လာရင် မေးတတ်ကြတတယ် နင်က FA ဖြစ်ပြီးဒါမျိုးတွေကိုနားလည်နေတာလဲ…နင်ကိုယ်တိုင်ကျချစ်ရမဲ့ချစ်သူရည်းစားမရှိသေးပင်မဲ့ ငါတို့ကိုအကြံပေးတာကြတော့ ဟုတ်နေရောပေါ့…တကယ်တော့ဒီလိုFA ဘဝနဲ့အချစ်ဆရာကြီးဆရာမကြီးလုပ်နေကြတဲ့သူတွေရဲ့ဘဝမှာ-

(၁) သူတို့ဟာငယ်ရွယ်စဉ်ထဲကနေသိပ်နက်ရှိုင်းနဲ့အချစ်ကိုခံစားတတ်ပြီးသားပါ

(၂) အချစ်နဲ့ပတ်သတ်ရင်း ခံခဲ့ရတာတွေများလို့ အခုချိန်မှာ ဆရာကြီးလုပ်နိုင်နေတာမျိုးပါ

(၃) သူ့ကိုဆရာလာတင်တဲ့သူတွေကိုတော့ ဘယ်လိုသည်းခံပါ ၊ ဘယ်လိုချစ်ပါ ဘယ်လိုအတိုင်းတာထားပါ ညွှန်ကြားပင်မဲ့သူကိုယ်တိုင်ကတော့ တစ်ခါမှမလိုက်နာတတ်လို့ပါ 😛

FA ဖြစ်နေပင်မဲ့အချစ်အကြောင်းကို ဂဃဏန သိနေတဲ့ လူတစ်ယောက်ရဲ့ရင်ထဲမှာ သိပ်ကို နက်ရှိုင်းနဲ့ အချစ်ရေးမျိုး (ဒါမှမဟုတ်) ချစ်ခြင်းမျိုးရှိခဲ့ဘူးပြီးသားပါ…သူ့အတွက် တစ်ခါနာသင်ခန်းစာတစ်ခါယူရင်း RS တွေရဲ့ပြဿနာတွေကို တိုင်ပင်ဖြေရှင်းပေးနိုင်တဲ့ FA တွေဖြစ်နေရင်းနဲ့ပေါ့…

ကဲ ဒီလိုသူငယ်ချင်းမျိုးတွေ ကိုယ့်မှာရှိရင် မန်းရှင်းပြီးအချစ်ဆရာမကြီးတွေ ဆရာကြီးတွေကို ခေါ်ပြလိုက်အုံးနော် 😛

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.