မကြာမီ ထွက်ရှိလာတော့မယ့် Happy Death Day 2U အတွက် ရင်ခုန်နေကြပြီလား ?

ပထမ Happy Death Day တုန်းက ပရိတ်သတ်တွေကို အပြည့်ဝဖမ်းစားခဲ့ပြီးနောက် အခုတော့
Happy Death Day 2U အဆက် ထပ်ထွက်ရှိလာတော့မယ်ဆိုတော့ အားလုံးပျော်ပြီလေ။
ဇာတ်ညွန်း နဲ့ ဒါရိုက်တာကတော့ Christopher Landon ဖြစ်ပါတယ်။

Related image

သရုပ်ဆောင်များကတော့ Jessica Rothe, Israel Broussard, Suraj Sharma နဲ့ Ruby Modine တို့ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်က Blumhouse Production မှထုတ်လုပ်တာဖြစ်ပြီး အခုဒုတိယပိုင်းကတော့ Universal Pictures မှထုတ်လုပ်တာဖြစ်ပါတယ်။ ၂ဝ၁၉ ဖေဖော်ဝါရီ ၁၄ရက်နေ့ ထွက်ရှိမှာဖြစ်ပါတယ်။

Happy Death Day 2U promo poster.jpg

ပထမဇာတ်ကားအပြီး ၂နှစ်အကြာမှာ Tree Gelbman တစ်ယောက် တစ်ဖန်ပြန်လည်နေတဲ့ အချိန်စက်ကွင်းထဲ ပြန်ရောက်သွားပြီး ဘယ်လိုပြန်ရုန်းထွက်ရမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။

Image result for happy death day 2

မူလ လူသတ်သမားဖြစ်တဲ့ Lori Spengler သေသွားပြီးနောက် Tree အနေနဲ့ နောက်ထပ်လူသတ်သမားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Trailer ဗီဒီယိုလေး ဖော်ပြပေးလိုက်ပါတယ်…

146 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.