လေလည်ချင်တာကို အောင့်ထားရင် နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မလဲဆိုတော့

လေလည်တာဟာ ခန္ဓာကိုယ်ရဲ့သဘာဝတရားတစ်ခုပါ။ မင်းကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ လေလည်မှလည်း ခန္ဓာကိုယ်က ပေါ့ပါးသွက်လက်မှာ ဖြစ်ပါတယ်။

ပုံမှန် လူတစ်ယောက်က တစ်နေ့ကို ၁၄ကြိမ်လောက် လေလည်ရပါတယ်။ တစ်ချို့ လေလည်မှုတွေက သင်သတိမထားမိတဲ့အချိန်ဖြစ်သွားတာပါ။ လေလည်ရခြင်းမှာ အနံ့ပြင်းတာနဲ့ ပျော့တာပဲကောင်းပါတယ်။ ကိုယ်စားတဲ့ အစားစာပေါ်မူတည်တာပေါ့နော်။

လူကြားထဲရောက်နေလို့ ဒါမှမဟုတ် လေလည်လို့အဆင်မပြေတဲ့ နေရာမျိုးဆို သင့်အနေနဲ့ အခက်ခဲဖြစ်နေရင် လူမမြင် ၊ လူမကြားတဲ့နေရာကိုသွားပြီး ကိုယ့်ရဲ့ကျန်းမာရေးကိစ္စကို အပြင်ထုတ်ပါ။
တကယ်လို့ ဒါကိုအောင့်ထားမယ်ဆိုရင် မင်းအနေနဲ့ ဒီလိုမျိုး နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရပါလိမ့်မယ်။

လေ့လာမှုများအရ လေလည်ချင်တာကို ပိတ်ပင်ထားမယ်ဆိုရင် မင်းပါးစပ်ကနေ ထွက်လာပါလိမ့်မယ်တဲ့။ ဒါဟာ ဘယ်လိုဖြစ်နိုင်မှာလဲလို့ မင်းနှစ်ခါတောင် ပြန်စဉ်းစားနေပါလိမ့်မယ်။

အင်္ဂလန် Newcastle တက္ကသိုလ်မှ ခန္ဓာကိုယ် အာဟာရဆိုင်ရာ ပါမောက္ခ Clare Collins က
အားလုံး လေလည်ချင်ရင် ချက်ချင်းလည်ကြဖို့ အကြံပေးထားပါတယ်။ လူအများနေရာမှာတော့
မဟုတ်ပဲ ကိုယ့်ဘာသာ ဥာဏ်အသုံးချပြီး လူရှင်းတဲ့နေရာကို ရွေးချယ်နိုင်ပါစေနော်။

331 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.