ဇာတ္ကားသစ္ရုိက္ရင္း ထိခိုက္ဒဏ္ရာရသြားတဲ႔ SHINee အဖြဲ႔၀င္ Minho

SHINee အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ႔ Minho ဟာ ရုပ္ရွင္ဇာတ္ကားသစ္ “Jangsa-ri 9.15” ရုိက္ကူးရင္း ရုိက္ကြင္းမွာဒဏ္ရာအနာတရျဖစ္သြားခဲ႔တယ္လုိ႔သိရပါတယ္။

SM Entertainment ရဲ ႔အဆုိအရ “Youngdeok မွာ မေန႔က “Jangsa-ri 9.15” ဇာတ္ကားရုိက္ကူးျဖစ္ခဲ့ပါတယ္။ရုိက္ကူးေရးလုပ္ေနတုန္း Minho ရဲ႔မ်က္ႏွာဘယ္ဘက္ကိုအနည္းငယ္ကုိထိခိုက္မႈျဖစ္သြားခဲ့ပါတယ္။ဒါေၾကာင့္သူ႔ကုိ အေရးေပၚခန္းပုိ႔ျပီး ေဆးကုသေပးခဲ႔ရပါတယ္။စိတ္ခ်လံုျခံဳတဲ႔အေျခအေနေရာက္တဲ႔အထိ ကြ်န္ေတာ္တုိ႔သူ႔ကို အဆက္မျပတ္ၾကည့္ရႈေစာင့္ေရွာက္ေပးသြားမွာပါ။ရုိက္ကြင္းကေနေတာ့ သံုးေလးရက္အနားယူထားပါတယ္။က်န္တဲ႔သူေတြကေတာ့ ရိုက္ကြင္းေျပာင္းျပီး တစ္ျခားလုိအပ္တဲ႔အရာေတြကုိ ဆက္လုပ္သြားမွာပါ။Minho ကေတာ့ ဇာတ္ကားျပန္မရုိက္ခင္ အနားယူဖုိ႔လိုအပ္ေနပါေသးတယ္”လုိ႔ေျပာျပခဲ႔ပါတယ္။

“Jangsa-ri 9.15” ဇာတ္ကားဟာ Jangsa မွာျဖစ္ပြားတဲ႔ျဖစ္ရပ္မွန္စစ္ပြဲေတြအေၾကာင္းျပန္လည္ရိုက္ကူးထားတာျဖစ္ပါတယ္။ေက်ာင္းသားစစ္သာ း၇၇၂ ေယာက္ဟာ အင္ခြ်န္းစစ္ပြဲအႏုိင္ရေရးအတြက္သူတုိ႔ရဲ႔အသက္ေတြကုိစြန္႔လႊတ္ျပီးတုိက္ခိုက္ၾကတဲ႔ဇာတ္လမ္းေလးကုိ Minho ၊ Kim Myung Min ၊Megan Fox ၊ Kwak Si Yang၊ Kim Sung Cheol စတဲ႔နာမည္ေက်ာ္အႏုပညာရွင္ေတြနဲ႔တြဲဖက္ရုိက္ကူးထားတာျဖစ္ပါတယ္။ေအာက္တိုဘာ ၁၃ရက္ေန႔ကစတင္ ရုိက္ကူးခဲ႔တာျဖစ္ျပီး ၂၀၁၉ မွာျပသႏုိင္ဖုိ႔စီစဥ္ထားတယ္လုိ႔သိရပါတယ္။

ပရိသတ္ေတြကေတာ့ Minho ျမန္ျမန္ျပန္ေကာင္းလာဖုိ႔ဆုေတာင္းေပးေနၾကပါတယ္။

Source:Soompi

Unicode

SHINee အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Minho ဟာ ရုပ်ရှင်ဇာတ်ကားသစ် “Jangsa-ri 9.15” ရိုက်ကူးရင်း ရိုက်ကွင်းမှာဒဏ်ရာအနာတရဖြစ်သွားခဲ့တယ်လို့သိရပါတယ်။

SM Entertainment ရဲ ့အဆိုအရ “Youngdeok မှာ မနေ့က “Jangsa-ri 9.15” ဇာတ်ကားရိုက်ကူးဖြစ်ခဲ့ပါတယ်။ရိုက်ကူးရေးလုပ်နေတုန်း Minho ရဲ့မျက်နှာဘယ်ဘက်ကိုအနည်းငယ်ကိုထိခိုက်မှုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်သူ့ကို အရေးပေါ်ခန်းပို့ပြီး ဆေးကုသပေးခဲ့ရပါတယ်။စိတ်ချလုံခြုံတဲ့အခြေအနေရောက်တဲ့အထိ ကျွန်တော်တို့သူ့ကို အဆက်မပြတ်ကြည့်ရှုစောင့်ရှောက်ပေးသွားမှာပါ။ရိုက်ကွင်းကနေတော့ သုံးလေးရက်အနားယူထားပါတယ်။ကျန်တဲ့သူတွေကတော့ ရိုက်ကွင်းပြောင်းပြီး တစ်ခြားလိုအပ်တဲ့အရာတွေကို ဆက်လုပ်သွားမှာပါ။Minho ကတော့ ဇာတ်ကားပြန်မရိုက်ခင် အနားယူဖို့လိုအပ်နေပါသေးတယ်”လို့ပြောပြခဲ့ပါတယ်။

“Jangsa-ri 9.15” ဇာတ်ကားဟာ Jangsa မှာဖြစ်ပွားတဲ့ဖြစ်ရပ်မှန်စစ်ပွဲတွေအကြောင်းပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ကျောင်းသားစစ်သာ းရ၇၂ ယောက်ဟာ အင်ချွန်းစစ်ပွဲအနိုင်ရရေးအတွက်သူတို့ရဲ့အသက်တွေကိုစွန့်လွှတ်ပြီးတိုက်ခိုက်ကြတဲ့ဇာတ်လမ်းလေးကို Minho ၊ Kim Myung Min ၊Megan Fox ၊ Kwak Si Yang၊ Kim Sung Cheol စတဲ့နာမည်ကျော်အနုပညာရှင်တွေနဲ့တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။အောက်တိုဘာ ၁၃ရက်နေ့ကစတင် ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၉ မှာပြသနိုင်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

ပရိသတ်တွေကတော့ Minho မြန်မြန်ပြန်ကောင်းလာဖို့ဆုတောင်းပေးနေကြပါတယ်။

Source:Soompi

 

328 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.