“What’s Wrong with Secretary Kim” အဖွဲ့သားတွေရဲ့ ပြန်လည်တွေ့ဆုံပွဲလေး…


ပြောထားတာပါ။



Unicode

ဒီဇင်ဘာ ၂ရက်နေ့က လူငယ်ပရိသတ်တွေကြားထဲ ရေပန်းစားလူကြိုက်များခဲ့တဲ့ “What’s Wrong with Secretary Kim” ဇာတ်လမ်းတွဲထဲက အဖွဲ့သားတွေအားလုံး ပြန်လည်ဆုံတွေ့ပွဲလေးကျင်းပခဲ့ကြတယ်လို့သိရပါတယ်။

အဆိုတော်မင်းသမီးဖြစ်တဲ့ Yewon took က သူမရဲ ့ကိုယ်ပိုင်အင်စတာဂရမ်အကောင့်မှာ သူတို့အားလုံးရဲ ့ဓာတ်ပုံလေးနဲ့ “We’re a little late but it was so nice for all of us to get together like this, even our director, despite everyone being busy! ‘What’s Wrong with Secretary Kim.’ I love you” လို့ရေးသားထားတာတွေ့ရပါတယ်။အားလုံးအလုပ်ကိုယ်စီရှုပ်နေပေမဲ့အခုလိုပြန်ပြီးအတူတူဆုံရလို့ ဝမ်းသာတယ်ဆိုတဲ့အကြောင်း
ပြောထားတာပါ။

Hong Ji Yoon ကလည်း ““Chansung and Kang Hong Seok were a little late, so they’re on the table. Our ‘What’s Wrong with Secretary Kim’ team is seriously the best. I love you”ဆိုပြီး ရေးသားထားပါတယ်။Chansung နဲ့ Kang Hong Seok က နောက်ကျပေမဲ့ ပရိသတ်တွေမြင်တွေ့ရတဲ့အတိုင်းဓာတ်ပုံထဲမှာတော့ပါအောင်ထည့်ထားပေးပါတယ်။ဘယ်လိုတောင်ချစ်ကြတဲ့အဖွဲ့သားတွေလဲ < 3

“What’s Wrong with Secretary Kim”ဇာတ်လမ်းတွဲဟာ ဇူလိုင်လထဲမှာပြီးဆုံးသွားတာဖြစ်ပြီး ပရိသတ်အားပေးမှုအများအပြားရရှိခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာမင်းသား Park Seo Joon ၊မင်းသမီး Park Min Young တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ပြန်လည်ဆုံတွေ့ကြတဲ့သူတို့အဖွဲ့သားတွေရဲ ့ပုံရိပ်တွေကို ပရိသတ်တွေအတွက်ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

170 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.