ကေလးေမြးျပီးတဲ႔ေနာက္ သူတုိ႔ခႏၶာကုိယ္ကုိ ဘယ္လုိုျပန္ျပီးထိန္းသိမ္းခဲ႔ၾကလဲ?

တစ္ခ်ိဳ႔မိန္းမသားေတြဟာ ကေလးေမြးျပီးတဲ့အခါ ကုိယ္အေလးခ်ိန္မထိန္းႏုိင္ပဲ၀လာတတ္ၾကပါတယ္။ျပီးေတာ့ ကေလးလည္းရွိေနျပီပဲ ကုိယ္အေလးခ်ိန္ထိန္းစရာမလိုေတာ့ပါဘူးေလဆုိျပီး ေနလုိက္ၾကတယ္။တကယ္ေတာ့ ကုိယ့္ရဲ ႔က်န္းမာေရးအတြက္ေရာ၊ကုိယ့္ရဲ႔အိမ္ေထာင္ဘက္အတြက္ေရာ၊ကုိယ္လွေနဖုိ႔အတြက္ပါကုိယ္အေလးခ်ိန္ကုိျပန္ျပီးထိန္းသိမ္းသင့္ပါတယ္။မျဖစ္ႏုိင္ဘူးဆုိတာလည္းမရွိပါဘူး။တကယ္အခ်ိန္ေပးျပီး ၾကိဳးစားလုိက္မယ္ဆုိရင္ အခ်ိန္တိုအတြင္းလွပတဲ့ခႏၶာကုိယ္ေလးကုိ ျပန္ျပီးရလာမွာပါ။

နာမည္ေက်ာ္အႏုပညာရွင္မင္းသမီးေတြဆုိရင္လည္း ရင္ေသြးေလးေမြးဖြားျပီးတဲ႔ေနာက္
သူတုိ႔ရဲ ႔ခႏၶာကုိယ္ျပန္ျပီးပံုက်လွပေအာင္ၾကိဳးစားရပါတယ္။ဒါေၾကာင့္ ကေလးေမြးျပီးလုိ႔ ကုိယ္အေလးခ်ိန္မထိန္းႏုိင္ျဖစ္ေနတဲ႔ ေမေမတုိ႔အတြက္ခြန္အားျဖစ္ေစဖုိ႔ အႏုပညာရွင္ေတြရဲ ႔၀ိတ္ခ်ပံု ၀ိတ္ခ်နည္းေလးေတြကုိ ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

Jennifer Lopez

J.Lo ဟာ ရင္ေသြးေလးေမြးဖြားျပီးတဲ႔ေနာက္ ပထမဆံုးလေတြအတြင္း လမ္းပံုမွန္ေလ်ွာက္ျခင္းနဲ႔သာ ေလ့က်င့္ခန္းကုိ ျပန္ျပီးစလုပ္ခဲ႔ပါတယ္။အဲ႔ဒီေနာက္ ၄မိုင္ေျပးတယ္၊မုိင္၀က္ေလာက္ေရကူးတယ္။၁၈မိုင္ စက္ဘီးစီးရင္း သူမရဲ ႔ခႏၶာကုိယ္ကုိပံုက်ေအာင္ျပန္ျပီးထိန္းသိမ္းခဲ႔တာပါ။

Halle Berry

Halle Berry ဟာဆုိရင္ ရင္ေသြးေလးေမြးဖြားျပီးတဲ႔ေနာက္ ၃၅ေပါင္ေတာင္တက္ခဲ႔ပါတယ္။သူမရဲ ႔လွပတဲ႔ခႏၶာကုိယ္ေလးျပန္ရဖုိ႔ သူမက ထမင္းစားတဲ႔အခါ သံုးနပ္မစားပဲ နည္းနည္း နည္းနည္းခ်င္းစီစားျဖစ္ပါတယ္တဲ႔။ဆုိဒီယမ္ၾကြယ္၀တဲ႔အစားအစာေတြ၊အေၾကာ္အေလွာ္ေတြေရွာင္ျပီး
အသီးအရြက္မ်ားမ်ား၊ပဲမ်ားမ်ားထည့္ျပဳတ္ထားတဲ႔စြပ္ျပဳတ္၊ဆလပ္ရြက္နဲ႔ငါးကုိသာ မ်ားမ်ားစားျဖစ္တယ္လုိ႔သိရပါတယ္။

Jessica Alba

နာမည္ေက်ာ္မင္းသမီးေခ်ာ Jessica Alba ကလည္း သူမရဲ ႔သမီးေလး Honor ေမြးျပီးခ်ိန္မွာ ၃၅ ေပါင္နီးပါးတက္လာခဲ႔ပါတယ္။အရင္လုိလွပတဲ႔ေကာက္ေၾကာင္းေလးျပန္ရဖုိ႔အတြက္ သူမဟာ ၾကြက္သားေလ့က်င့္ခန္းကုိဦးစားေပးျပီး ေန႔တုိင္း မိနစ္ ၂၀ ေလ့က်င့္ခန္းလုပ္ခဲ႔တယ္လုိ႔သိရပါတယ္။ေနာက္ပုိင္းမွ ကုိယ္အေလးခ်ိန္ျမန္ျမန္က်ေစတဲ႔ ေလ့က်င့္ခန္းေတြကုိ တြဲဖက္လုပ္ခဲ႔တာပဲျဖစ္ပါတယ္။

Beyoncé

ကေလးသံုးေယာက္အေမျဖစ္ေပမဲ႔ Beyoncé ရဲ ႔ခႏၶာကိုယ္အျမဲလွပေနတာသတိထားမိၾကတယ္မဟုတ္လား။သူမရဲ ႔ကုိယ္အေလးခ်ိန္ထိန္းသိမ္းတဲ႔နည္းလမ္းက မထင္မွတ္ထားစရာပါပဲ။Beyoncé က “ကေလးႏုိ႔တုိက္ရင္း ကုိယ္အေလးခိ်န္ျမန္ျမန္က်သြားတာပါ။ဒါေၾကာင့္ တစ္ျခားမိခင္ေတြကုိလည္းကုိယ့္ရင္ေသြးကုိ ကုိယ္တုိင္ႏုိ႔ခ်ိဳတုိက္ေကြ်းဖုိ႔ တိုက္တြန္းခ်င္ပါတယ္။အဲ႔ဒါက ကေလးအတြက္ေရာ၊ကုိယ့္အတြက္ပါ ေကာင္းပါတယ္”လုိ႔ အၾကံေပးခဲ႔ပါတယ္။

Reese Witherspoon

Reese Witherspoon ကေတာ့ သူမရဲ ႔ခႏၶာကုိယ္ကုိ အစားအေသာက္ညီညြတ္မ်ွတေအာင္စားတာ၊ေယာဂေလ့က်င့္ခန္းလုပ္တာ၊ေတာင္တက္တာ၊အကေလ့က်င့္တာေတြနဲ႔သာ ထိန္းသိမ္းပါတယ္တ႔ဲ။ဒီလုိကုိယ္အေလးခိ်န္ထိန္းသိမ္းတဲ႔ေနရာမွာ စိတ္ရွည္ဖုိ႔လည္းလုိျပီး ျဖည္းျဖည္းခ်င္းကုိယ့္က်န္းမာေရးကုိ ျပန္ျပီးေကာင္းမြန္ေအာင္လုပ္ဖုိ႔လိုပါတယ္လုိ႔လည္း ေျပာျပခဲ႔ပါတယ္။

Kim Kardashian

ကေလးသံုးေယာက္မိခင္ Kim Kardashian ဟာ သူမရဲ ႔ဒုတိယေျမာက္ကေလးကုိယ္၀န္ေဆာင္ေနစဥ္မွာ ေပါင္ ၇၀ေလာက္က်သြားပါတယ္။အဲ့ဒါရဲ ႔လွ်ိဳ႔၀ွက္ခ်က္ အစားအေသာက္ကုိညီညြတ္မ်ွတစြာစားျခင္းပါပဲတဲ႔။သူမက Atkins Diet ကုိလုပ္တယ္လုိ႔သိရျပီး အဲ႔ဒီနည္းက သူမအတြက္ေတာ္ေတာ္ေလးအလုပ္ျဖစ္တယ္လုိ႔ေျပာျပသြားပါတယ္။

Jennifer Garner

ကေလးေလးေယာက္ပုိင္ဆုိင္ထားသူ Jennifer Garner ကေတာ့ သူမရဲ႔ လွပတဲ႔ခႏၶာကုိယ္ေလးျပန္ရေအာင္ ပထမဆံုးကေလးေမြးျပီးကတည္းကေသခ်ာထိန္းသိမ္းခဲ့တာပါ။ကေလးေမြးဖြားျပီး ၂လအတြင္းမွာပဲ က်စ္လစ္လွပတဲ႔ခႏၶာကုိယ္နဲ႔ပရိသတ္ေတြကုိ အံ႔ၾသေစခဲ႔သူျဖစ္ပါတယ္။သူမရဲ႔ လ်ွိဳ႔၀ွက္ခ်က္ကေတာ့ ကေလးေတြနဲ႔အတူကစားတာပါပဲတဲ႔။ကေလးေတြကုိၾကည့္ရံုတင္ေစာင့္ၾကည့္မေနပဲ သူတုိ႔ေလးေတြနဲ႔အတူ ကစားေးတာက ကေလးေတြကုိ ေပ်ာ္ရႊင္ေစသလုိ ခႏၶာကုိယ္ကုိလည္းထိန္းသိမ္းျပီးသားျဖစ္ေစပါတယ္လုိ႔ေျပာျပခဲ႔ပါတယ္။ကေလးေတြနဲ႔ ၄၅မိနစ္ေလာက္ကစားေပးတာက ကယ္လုိရီ ၂၀၀ ေလာက္ေလာင္ကြ်မ္းေစတယ္လုိ႔သိရပါတယ္။

သူတုိ႔ေတြလို အမ်ားၾကီးအခ်ိန္မေပးႏိုင္ရင္ေတာင္ တစ္ေန႔ကုိ ၁၅မိနစ္၊နာရီ၀က္ေလာက္ ကုိယ့္အတြက္ကိုယ္အခ်ိန္ေပးျပီး ခႏၶာကုိယ္ေလးကုိ ေသခ်ာျပန္ျပီးထိန္းသိမ္းပါလုိ႔ တုိက္တြန္းအၾကံျပဳလုိက္ပါတယ္။

Unicode

တစ်ချို့မိန်းမသားတွေဟာ ကလေးမွေးပြီးတဲ့အခါ ကိုယ်အလေးချိန်မထိန်းနိုင်ပဲဝလာတတ်ကြပါတယ်။ပြီးတော့ ကလေးလည်းရှိနေပြီပဲ ကိုယ်အလေးချိန်ထိန်းစရာမလိုတော့ပါဘူးလေဆိုပြီး နေလိုက်ကြတယ်။တကယ်တော့ ကိုယ့်ရဲ ့ကျန်းမာရေးအတွက်ရော၊ကိုယ့်ရဲ့အိမ်ထောင်ဘက်အတွက်ရော၊ကိုယ်လှနေဖို့အတွက်ပါကိုယ်အလေးချိန်ကိုပြန်ပြီးထိန်းသိမ်းသင့်ပါတယ်။မဖြစ်နိုင်ဘူးဆိုတာလည်းမရှိပါဘူး။တကယ်အချိန်ပေးပြီး ကြိုးစားလိုက်မယ်ဆိုရင် အချိန်တိုအတွင်းလှပတဲ့ခန္ဓာကိုယ်လေးကို ပြန်ပြီးရလာမှာပါ။

နာမည်ကျော်အနုပညာရှင်မင်းသမီးတွေဆိုရင်လည်း ရင်သွေးလေးမွေးဖွားပြီးတဲ့နောက်
သူတို့ရဲ ့ခန္ဓာကိုယ်ပြန်ပြီးပုံကျလှပအောင်ကြိုးစားရပါတယ်။ဒါကြောင့် ကလေးမွေးပြီးလို့ ကိုယ်အလေးချိန်မထိန်းနိုင်ဖြစ်နေတဲ့ မေမေတို့အတွက်ခွန်အားဖြစ်စေဖို့ အနုပညာရှင်တွေရဲ ့ဝိတ်ချပုံ ၀ိတ်ချနည်းလေးတွေကို ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

Jennifer Lopez

J.Lo ဟာ ရင်သွေးလေးမွေးဖွားပြီးတဲ့နောက် ပထမဆုံးလတွေအတွင်း လမ်းပုံမှန်လျှောက်ခြင်းနဲ့သာ လေ့ကျင့်ခန်းကို ပြန်ပြီးစလုပ်ခဲ့ပါတယ်။အဲ့ဒီနောက် ၄မိုင်ပြေးတယ်၊မိုင်ဝက်လောက်ရေကူးတယ်။၁၈မိုင် စက်ဘီးစီးရင်း သူမရဲ ့ခန္ဓာကိုယ်ကိုပုံကျအောင်ပြန်ပြီးထိန်းသိမ်းခဲ့တာပါ။

Halle Berry

Halle Berry ဟာဆိုရင် ရင်သွေးလေးမွေးဖွားပြီးတဲ့နောက် ၃၅ပေါင်တောင်တက်ခဲ့ပါတယ်။သူမရဲ ့လှပတဲ့ခန္ဓာကိုယ်လေးပြန်ရဖို့ သူမက ထမင်းစားတဲ့အခါ သုံးနပ်မစားပဲ နည်းနည်း နည်းနည်းချင်းစီစားဖြစ်ပါတယ်တဲ့။ဆိုဒီယမ်ကြွယ်ဝတဲ့အစားအစာတွေ၊အကြော်အလှော်တွေရှောင်ပြီး
အသီးအရွက်များများ၊ပဲများများထည့်ပြုတ်ထားတဲ့စွပ်ပြုတ်၊ဆလပ်ရွက်နဲ့ငါးကိုသာ များများစားဖြစ်တယ်လို့သိရပါတယ်။

Jessica Alba

နာမည်ကျော်မင်းသမီးချော Jessica Alba ကလည်း သူမရဲ ့သမီးလေး Honor မွေးပြီးချိန်မှာ ၃၅ ပေါင်နီးပါးတက်လာခဲ့ပါတယ်။အရင်လိုလှပတဲ့ကောက်ကြောင်းလေးပြန်ရဖို့အတွက် သူမဟာ ကြွက်သားလေ့ကျင့်ခန်းကိုဦးစားပေးပြီး နေ့တိုင်း မိနစ် ၂၀ လေ့ကျင့်ခန်းလုပ်ခဲ့တယ်လို့သိရပါတယ်။နောက်ပိုင်းမှ ကိုယ်အလေးချိန်မြန်မြန်ကျစေတဲ့ လေ့ကျင့်ခန်းတွေကို တွဲဖက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

Beyoncé

ကလေးသုံးယောက်အမေဖြစ်ပေမဲ့ Beyoncé ရဲ ့ခန္ဓာကိုယ်အမြဲလှပနေတာသတိထားမိကြတယ်မဟုတ်လား။သူမရဲ ့ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နည်းလမ်းက မထင်မှတ်ထားစရာပါပဲ။Beyoncé က “ကလေးနို့တိုက်ရင်း ကိုယ်အလေးချိန်မြန်မြန်ကျသွားတာပါ။ဒါကြောင့် တစ်ခြားမိခင်တွေကိုလည်းကိုယ့်ရင်သွေးကို ကိုယ်တိုင်နို့ချိုတိုက်ကျွေးဖို့ တိုက်တွန်းချင်ပါတယ်။အဲ့ဒါက ကလေးအတွက်ရော၊ကိုယ့်အတွက်ပါ ကောင်းပါတယ်”လို့ အကြံပေးခဲ့ပါတယ်။

Reese Witherspoon

Reese Witherspoon ကတော့ သူမရဲ ့ခန္ဓာကိုယ်ကို အစားအသောက်ညီညွတ်မျှတအောင်စားတာ၊ယောဂလေ့ကျင့်ခန်းလုပ်တာ၊တောင်တက်တာ၊အကလေ့ကျင့်တာတွေနဲ့သာ ထိန်းသိမ်းပါတယ်တဲ့။ဒီလိုကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာ စိတ်ရှည်ဖို့လည်းလိုပြီး ဖြည်းဖြည်းချင်းကိုယ့်ကျန်းမာရေးကို ပြန်ပြီးကောင်းမွန်အောင်လုပ်ဖို့လိုပါတယ်လို့လည်း ပြောပြခဲ့ပါတယ်။

Kim Kardashian

ကလေးသုံးယောက်မိခင် Kim Kardashian ဟာ သူမရဲ ့ဒုတိယမြောက်ကလေးကိုယ်ဝန်ဆောင်နေစဉ်မှာ ပေါင် ရဝလောက်ကျသွားပါတယ်။အဲ့ဒါရဲ ့လျှို့ဝှက်ချက် အစားအသောက်ကိုညီညွတ်မျှတစွာစားခြင်းပါပဲတဲ့။သူမက Atkins Diet ကိုလုပ်တယ်လို့သိရပြီး အဲ့ဒီနည်းက သူမအတွက်တော်တော်လေးအလုပ်ဖြစ်တယ်လို့ပြောပြသွားပါတယ်။

Jennifer Garner

ကလေးလေးယောက်ပိုင်ဆိုင်ထားသူ Jennifer Garner ကတော့ သူမရဲ့ လှပတဲ့ခန္ဓာကိုယ်လေးပြန်ရအောင် ပထမဆုံးကလေးမွေးပြီးကတည်းကသေချာထိန်းသိမ်းခဲ့တာပါ။ကလေးမွေးဖွားပြီး ၂လအတွင်းမှာပဲ ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်နဲ့ပရိသတ်တွေကို အံ့သြစေခဲ့သူဖြစ်ပါတယ်။သူမရဲ့ လျှို့ဝှက်ချက်ကတော့ ကလေးတွေနဲ့အတူကစားတာပါပဲတဲ့။ကလေးတွေကိုကြည့်ရုံတင်စောင့်ကြည့်မနေပဲ သူတို့လေးတွေနဲ့အတူ ကစားေးတာက ကလေးတွေကို ပျော်ရွှင်စေသလို ခန္ဓာကိုယ်ကိုလည်းထိန်းသိမ်းပြီးသားဖြစ်စေပါတယ်လို့ပြောပြခဲ့ပါတယ်။ကလေးတွေနဲ့ ၄၅မိနစ်လောက်ကစားပေးတာက ကယ်လိုရီ ၂၀၀ လောက်လောင်ကျွမ်းစေတယ်လို့သိရပါတယ်။

သူတို့တွေလို အများကြီးအချိန်မပေးနိုင်ရင်တောင် တစ်နေ့ကို ၁၅မိနစ်၊နာရီဝက်လောက် ကိုယ့်အတွက်ကိုယ်အချိန်ပေးပြီး ခန္ဓာကိုယ်လေးကို သေချာပြန်ပြီးထိန်းသိမ်းပါလို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

831 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.