ထမင်းဆန်ကြမ်းကို စားသုံးခြင်းကဘယ်လိုအကျိုးအာနိသင်တွေရရှိစေနိုင်သလဲ…
Unicode
လူတွေက ထမင်းဆန်ကြမ်းရင် မရသာမတွေ့တော့တာ အကျင့်ကြီးပါနေတတ်ပါတယ်။ ဆန်ကောင်းမှ ထမင်းစားမြိန်တဲ့ သူတွေ တော်တော်များတယ်လို့ဆိုရမှာပဲ။ ဒါပင်မဲ့ ဒီလူကဆန်ကြမ်းစားတဲ့သူလောက်တော့ကျန်းမာရေးကောင်းနိုင်မယ်မထင်ပါဘူး။ လေ့လာတွေ့ရှိမှုတော်တော်များများအရ ထမင်းကိုဆန်ကောင်းကောင်းစားတဲ့သူ နဲ့ ဆန်ကြမ်းစားတဲ့သူတွေမှာ ဆန်ကြမ်းစားတဲ့သူတွေက ပိုပြီး ကြံံ့ခိုင်သန်မာမှုရှိကြောင်းတွေ့ရပါတယ်…ကဲ ဆိုတော့ မင်းတို့မစားချင်တဲ့ ဆန်ကြမ်းကြီးကဘယ်လိုကောင်းကျိုးတွေရှိသလဲဆိုတာ အနည်းငယ်ဝေမျှပေးပါရစေ…
(၁) ဆန်ကြမ်းစားသုံးခြင်းဟာ ခန္ဓာကိုယ်ကမလိုအပ်တဲ့အဆီပိုတွေကိုဝေးကွာစေပါတယ်
ဆန်ကြမ်းစားသုံးတဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ ထမင်းဘယ်လောက်စားစား တော်ရုံနဲ့ အဆီစုတာမျိုး အဝလွန်တာမျိိုး မဖြစ်စေလာနိုင်ပါဘူး ။ ဆန်းကြမ်းမှာ ကစီ ပါဝင်မှုနည်းပါးတာကြောင့်တော်ရုံအဆီတတ်တာမျိုးမဖြစ်လာနိုင်စေတာမအမှန်ပါ။
(၂) ဆီးချိုရောဂါဖြစ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်
ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တယ်ဆိုတာ ကတော့အမှန်ပါပဲ။ ဆီချိုရောဂါ သမားတော်တော်များများဟာ ကစီဓာတ်လွန်ကဲများပြားခြင်းကို ရှောင်ရှားရပါတယ်။ ဆန်ကြမ်းက ကစီပါဝင်မှုနည်းပါးတာကြောင့် ဆီးချိုရောဂါဖြစ်ခြင်းကိုတော့ ရှောင်ကွင်းနိုင်မှာအသေချာပါပဲ။
(၃) ထမင်းစားပြီး အစာအဆီတတ်တာမျိုး မှရှောင်ရှားပေးပါတယ်
ထမင်းစားပြီး ချိန်မှာ လူတော်တော်များများ ဟာ အစာအဆိပ်တတ်ပြီး အိပ်ချင်တာမျိုး ၊ ကိုယ်လက်လေးလံတာမျိုးဖြစ်တတ်ကြတာ လူတိုင်းအသိပါ။ ဒါပင်မဲ့ ဆန်ကြမ်းစားတဲ့သူကတော့ ဒီလို အဆီဆိပ်တတ်ပြီး လေးလံထိုင်းမှိုင်းတာတွေကို ခံစားရမှာမဟုတ်ပါဘူး။
(၄) ခန္ဓာကိုယ်ကိုပိုမိုကြံ့ခိုင်ကျစ်လျစ်စေပါတယ်
ခန္ဓာကိုယ်ကို  အဆီစုတာ ကြိုက်ပါသလား ကျစ်လျစ်တောင့်တင်းတာကြိုက်ပါသလား….ထမင်းခြင်းတူတူ အာဟာရရှိတာခြင်းတူတူပင်မဲ့ ဆန်ကြမ်းစားတဲ့ခန္ဓာကိုယ်က ကျစ်လျစ်တောင့်တင်းပြီး ဆန်ကောင်းစားတဲ့ ခန္ဓာကိုယ်ကတော့ အဆီများတဲ့ ခန္ဓာကိုယ်ဖြစ်နေနိုင်ပါတယ်။
ဆိုတော့ ဆန်ကောင်းမှစားတတ်တဲ့သူတွေလည်း ကိုယ့်တစ်ဘဝစာကျန်းမာရေးအရ ဆန်ကြမ်းနဲ့ဆန်ချောကို တစ်လှည့်စီ စားသုံးပေးဖို့တော့လိုမယ်နော်…
267 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.