ပျော်ရွှင်မှုကို အနားနားခေါ်ထားချင်တယ်ဆိုရင်…












Unicode

လူ့ဘဝနေထိုင်ရတဲ့အချိန်တိုတိုလေးအတွင်းမှာ စိတ်ချမ်းသာပျော်ရွှင်နေဖို့လိုအပ်ပါတယ်။ လူတစ်ယောက်စိတ်ချမ်းသာတယ် မချမ်းသာဖူး ဆိုတာ ဒီလူရဲ့ ပေါ်မှာပဲမူတည်ပါတယ်။ ကိုယ့်ဘဝရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်သာ ဖန်တီးယူနိုင်တာပါ။ ပျော်ရွှင်မှုကို ကိုယ့်အနားမှာ တစ်သတ်လုံးခေါ်ထားချင်တယ်ဆိုရင်တော့ ဒါမျိုးလေးတွေကို သိထားဖို့လိုပါပြီ…

(၁) ကိုယ့်အားကိုယ်ကိုးတတ်အောင်ကြိုးစားပါ

ကိုယ့်အားကိုယ်ကိုး နိုင်အောင် ကြိုးစားပါ။ လူတစ်ယောက်ဟာ ဘဝမှာကိုယ့်အားကိုယ်ကိုးရင်း ရှင်သန်ရမှသာ အဓိပ္ပါယ်ရှိပြီးသာယာနိုင်မှာပါ။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုး တတ်အောင်ကြိုးစားရင်းကိုယ့်အောင်မြင်မှုနဲ့ကိုယ်လွတ်လွတ်လပ်လပ်ရှင်သန်ပါ။ သူတစ်ပါးကို အားကိုးရတဲ့ဘဝကအင်မတန် ခဲယဉ်းပါတယ်။

(၂) မစွန့်လွှတ်နိုင်ရင်သည်းခံပါ၊ မသည်းခံနိုင်ရင်စွန့်လွှတ်ပါ

မစွန့်လွှတ်နိုင်တဲ့အရာတွေကို သည်းခံတတ်အောင်ကြိုးစားပါ။ သည်းခံဖို့ခက်လာတဲ့အရာတွေကိုလည်း စွန့်လွှတ်ဖို့ဝန်မလေးပါနဲ့။ ဒီနည်းလမ်းကသင့်ရဲ့ဘဝကို အေးချမ်းသာယာစေတဲ့နည်းလမ်းပါပဲ။

(၃) ကိုယ့်အတွက်ကိုယ်အချိန်ပေးပါ

ကိုယ့်ဘဝအတွက် ကိုယ့်အချိန်ကို ကိုယ်တိုင်အတွက်ပဲဖြုန်းပါ။ (တစ်ကိုယ်ကောင်းဆန်ခိုင်းတာမျိုး)လုံးဝမဟုတ်ပါဘူးနော်။ ကိုယ့်ဘဝအတွက်တန်ဖိုးရှိတဲ့အချိန်တွေကို ဘယ်သူ့အတွက်မှ အကုန်မခံပါနဲ့။ ကိုယ်လုပ်ချင်တဲ့အရာ ကိုယ်ဝါသနာပါရာတွေကိုလုပ်ပြီး ကိုယ့်အတွက်ကိုယ် အချိန်ဖြုန်းလိုက်ပါ။

(၄) လူတိုင်းကို ဂရုမစိုက်ပါနဲ့

လူတိုင်းရဲ့ပြောဆိုဝေဖန်ချက်တွေကို သိပ်ပြီးစိတ်ထဲထားမနေပါနဲ့။ ကိုယ်လုပ်တဲ့အရာကိုယ့်အတွက် အဓိပ္ပါယ်ရှိပြီး မှန်ကန်ရင်တော့ ပျော်ပျော်ရွှင်ရွှင်ပဲလုပ်ဆောင်လိုက်ပါ။

(၅) ကိုယ်ပိုင်ရည်မှန်းချက်နဲ့ဖြတ်သန်းတဲ့တန်ဖိုးရှိတဲ့ဘဝရှိပါစေ

ကိုယ်ပိုင်ရည်မှန်းချက်တွေနဲ့ ဖြတ်သန်းတဲ့ လူတစ်ယောက်ရဲ့ဘဝကပျော်စရာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ကိုယ်ပိုင်ရည်မှန်းချက်တွေနဲ့ဖြတ်သန်းနိုင်ဖို့ကြိုးစားပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.