ယခုနှစ်နွေရာသီအပြောင်းအရွေ့ဈေးကွက်မှာ ဘရာဇီးလ်ကလပ် ဆန်းတို့စ်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းလာခဲ့ပြီးတဲ့နောက် မက်ဆီဒဏ်ရာရနေချိန် အသင်းအတွက်အထူးခြေစွမ်းပြလျက်ရှိတဲ့ နေမာအပေါ် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုက သမိုင်းတွင်ကျန်ရစ်ခဲ့မယ့် ဘောလုံးသမားမျိုးလို့ ချီးကျူးစ ကားများပြောလာခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း ကမ္ဘာ့ဘောလုံးနယ်ပယ်မှာ အထင်ကရရှိလွန်း ခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အေစီမီလန်တိုက်စစ်မှူးဟောင်း က “နေမာဟာ တကယ့်ဂရိတ်ကစားသမားတစ်ယောက်ဖြစ်လာမယ်ဆိုတာ အမှန်တရားတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာ့
ဘောလုံးလောကမှာ အကောင်းဆုံးသော ဘရာဇီးလ်ကစားသမားအဖြစ် သမိုင်းထဲမှာ ကျန်ရစ်ခဲ့မယ်သူပေါ့။ သူ က လမ်းကြောင်းမှန်ပေါ်ကိုရောက်နေပြီလေ။ နောက်ပြီး ထိပ်တန်းဘောလုံးသမားတွေမှာသာ ရှိတတ်တဲ့အမူအ ကျင့် သူ့မှာပိုင်ဆိုင်ထားတယ်။ အဲဒီအရည်အချင်းက အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ခိုင်မာမှုပဲ”လို့ တစ်နိုင်ငံတည်းသား ညီတော်လေး နေမာအပေါ် သုံးသပ်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
နေမာ ဘာစီိလိုနာအသင်းကို ပြောင်းတော့မယ်လို့ သတင်းထွက်လာခဲ့ချိန်မှာ သူ့ရဲ့သေးသွယ်လှတဲ့ ကိုယ်လုံး အနေအထားကြောင့် စပိန်လာလီဂါမှာ တိုးနိုင်ဖို့ မလွယ်လှပါဘူးလို့ ၀ိုင်းဝန်းဝေဖန်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် လည်း ဘောလုံးကျွမ်းကျင်မှု တစ်ဖက်ကမ်းခပ်မျှဖြစ်နေတဲ့နေမာဟာ အခုဆိုရင် စပိန်လာလီဂါမှာ ပြိုင်ဘက်က စားသမားတိုင်း လေးစားကြောက်ရွံ့ကြရတဲ့ ဘောလုံးသမားဖြစ်လာခဲ့ပါပြီ။