မိန္းကေလးအမ်ားစုလုိခ်င္ၾကတဲ႔ Relationship ပံုစံမ်ိဳးဆုိတာ…

တစ္ခ်ိဳ႔ေတြက ထင္ၾကတယ္။မိန္းကေလးေတြက ခ်မ္းသာမွၾကိဳက္တာ၊ရုပ္ရည္ေခ်ာေမာေနမွၾကိဳက္တာ၊ထက္ျမက္ျပီး စတုိင္လ္က်ေနမွၾကိဳက္တာ စသျဖင့္ေပါ့။ဒါေပမဲ႔ တကယ္တမ္းမိန္းကေလးအမ်ားစုဟာ ခ်မ္းသာတာ၊ရုပ္ရည္ေခ်ာေမာတာေတြထက္ သူတုိ႔အားကုိးလို႔ရတဲ႔၊ယံုၾကည္စိတ္ခ်လုိ႔ရတဲ႔သူကုိပဲ ေရြးခ်ယ္ၾကတာပါ။အထူးသျဖင့္ မိန္းကေလးေတြဟာ သူတုိ႔ရဲ႔ခ်စ္သူကုိ ဒီလုိအရည္အခ်င္း
ေတြပုိင္ဆုိင္ေစခ်င္ၾကပါတယ္။

*ဘယ္လိုျပႆနာမ်ိဳးလာလာ မေၾကာက္ပဲ ေျဖရွင္းႏုိင္တဲ႔သူ
ျပႆနာတစ္စံုတစ္ခုၾကံဳလာတဲ့အခါ ေငြက အနည္းနဲ႔အမ်ားဆုိသလုိ ေျဖရွင္းႏုိင္တယ္ဆုိေပမဲ႔ တကယ္လိုအပ္တာက အဲ႔ဒီေယာက်္ားေလးရဲ႔ေျဖရွင္းႏုိင္တဲ့အရည္အခ်င္းပါ။ေငြနဲ႔ေျဖရွင္းလုိ႔မရတဲ႔ျပႆနာေတြကုိ ေျဖရွင္းႏုိင္တယ္။ရုပ္ရည္နဲ႔ေျဖရွင္းလုိ႔မရတဲ႔ျပႆနာေတြကုိေျပလည္ေအာင္
ေျဖရွင္းႏုိင္တယ္ဆုိတာ ေယာက်္ားေလးတစ္ေယာက္မွာရွိသင့္တဲ႔အရည္အခ်င္းတစ္ရပ္ပါပဲ။

*ကုိယ့္ခ်စ္သူကုိ အျမဲအားေပးေနတတ္သူ
ကုိယ္စိတ္ညစ္ရင္ အားေပးတတ္ျပီး ကုိယ္ေပ်ာ္ရင္ အေပ်ာ္ေတြကုိ မ်ွေ၀ခံစားေပးတတ္တဲ႔ခ်စ္သူတစ္ေယာက္ကုိ မိန္းကေလးတုိင္းလိုခ်င္ၾကပါတယ္။ကုိယ္ကစိတ္ညစ္ေနပါတယ္ဆုိ အျပစ္လာတင္တတ္တဲ႔ေယာက်္ားေလးမ်ိဳးကုိ မလိုခ်င္ၾကပါဘူး။သင့္မွာ ဒီလုိစိတ္ညစ္ရင္ အျမဲအားေပးတတ္တဲ႔
ခ်စ္သူတစ္ေယာက္ပိုင္ဆုိင္ထားျပီလား?

*အေကာင္းအဆုိးခြဲျခားႏုိင္စြမ္းရွိတဲ႔သူ
ကုိယ့္ခ်စ္သူက သေဘာထားေသးသိမ္တာမ်ိဳးဆုိ မိန္းကေလးေတြက ေျပာသာမေျပာတာ။ကုိယ့္ခ်စ္သူကုိ စိတ္ဓာတ္ရင့္က်က္ေစခ်င္ၾကပါတယ္။စဥ္းစားဆင္ျခင္ဥာဏ္ရွိတဲ႔သူက ကုိယ့္ခ်စ္သူအေပၚ အထင္အျမင္လြဲမွားတာ၊စြပ္စြဲေျပာဆုိတာမ်ိဳးမလုပ္ၾကပါဘူး။ဘာမဟုတ္တဲ႔ကိစၥေလးနဲ႔ရန္ျဖစ္ရတာ ညိွႏိႈင္းေနရတဲ႔အခ်စ္ေရးမ်ိဳးကုိ မိန္းကေလးေတြက မလိုခ်င္ပါဘူး။

*မိန္းကေလးအလုပ္၊ေယာက်္ားေလးအလုပ္မခြဲျခားပဲ ကုိုယ့္ကို အျမဲကူညီေပးတတ္သူ
တစ္ခိ်ဳ႔ေယာက်္ားေလးေတြက မိန္းကေလးေတြဆုိတာ အိမ္မႈကိစၥႏုိင္နင္းေနမွ၊အိမ္အလုပ္ေတြဆုိ မိန္းကေလးေတြပဲလုပ္ရမယ္စသျဖင့္သတ္မွတ္ထားၾကေပမဲ႔မိန္းကေလးေတြက သူတုိ႔နဲ႔အတူ မ်ွေ၀လုပ္ကုိင္ေပးတဲ႔ေယာက်္ားေလးမ်ိဳးကုိပုိျပီးလုိခ်င္ၾကပါတယ္။အလုပ္ကုိခြဲျခားတာထက္ ခ်စ္သူေတြ ဇနီးေမာင္ႏွံဆုိတာ ႏွစ္ေယာက္အတူတူတြဲလုပ္လိုက္ရင္ ပုိျပီးေတာ့ေပ်ာ္စရာေကာင္းတဲ႔အခ်စ္ေရးေလးကုိ ပုိင္ဆုိင္လာရမွာပါ။အဲ႔ဒီလုိအခ်စ္ေရးမ်ိဳးကုိ မိန္းကေလးေတြကလိုခ်င္ၾကပါတယ္။

*ကုိယ္နဲ႔ပတ္သက္တာကုိ အျမဲအေလးထားေပးသူ
မိန္းကေလးေတြက သူတုိ႔ခ်စ္သူစိတ္ထဲမွာအျမဲရွိခ်င္ၾကပါတယ္။အမွတ္တရေန႔ေတြ၊ခ်စ္သူစျဖစ္တဲ႔ေန႔ေတြ၊သူမရဲ႔ေမြးေန႔ေတြမွာ ခ်စ္သူဆီက အမွတ္တရတစ္ခုခုရဖုိ႔ အျမဲေမ်ွာ္လင့္ၾကပါတယ္။ကုိယ္နဲ႔ပတ္သက္ျပီးအေလးထားတယ္ဆုိတဲ႔စိတ္ေလးကုိ မိန္းကေလးေတြက ပုိင္ဆုိင္ဂုဏ္ယူခ်င္ၾကတာပါ။

*ကုိယ့္ရဲ႔ျပႆနာေတြကုိလည္း မေမ့ပဲ ကူညီေျဖရွင္းေပးတတ္သူ
ကုိယ့္ကုိသာ သူ႔ျပႆနာေတြထဲဆြဲမထည့္တာရွိမယ္။သူကေတာ့ ကုိယ့္ျပႆနာဆုိ အစအဆံုးလုိက္ကူညီေျဖရွင္းေပးတယ္။ကုိယ့္ေရွ႔ကေန မားမားမတ္မတ္ရပ္တည္ျပီး ေျဖရွင္းေပးတဲ႔ေယာက်ာ္းေလးမ်ိဳးကုိ ပုိင္ဆုိင္ထားရင္ သင္က ကံေကာင္းတဲ႔မိန္းကေလးပါပဲ။တစ္ခ်ိဳ႔ေတြက ခ်စ္သူဆုိေပမဲ႔
သူ႔ျပႆနာနဲ႔သူ ကိုယ့္ျပႆနာနဲ႔ကုိယ္ မဆုိင္သလုိ ေနတတ္ၾကပါတယ္။အဲ႔ဒီလုိလူမ်ိဳးကုိ မိန္းကေလးေတြကခ်စ္ရင္ေတာင္ ဘ၀အတြက္လက္တြဲဖုိ႔ေတာ့ တြန္႔သြားတတ္ပါတယ္။ဘယ္သူဦးေဆာင္ေျဖရွင္းရမယ္မသတ္မွတ္ထားေပမဲ႔ မိန္းကေလးေတြက သူတုိ႔ခ်စ္သူကုိ အားကုိးခ်င္ၾကတာခ်ည္းပါပဲ။

မိနး္ကေလးေတြဟာ ဂုဏ္ေတြပကာသနေတြထက္ ေနာက္ဆံုးမွာသူတုိ႔ခ်စ္တဲ႔၊အားကုိးရတဲ႔၊ယံုၾကည္ရတဲ႔ အမ်ိဳးေကာင္းသားေလးေတြကုိပဲ ဘ၀အတြက္ေရြးခ်ယ္လက္တြဲၾကတာပါ။ေငြေတြ၊ပကာသနေတြထက္ ေနာက္ဆံုး ဘယ္လိုအခက္အခဲပဲရွိရွိ ကုိယ္နဲ႔အတူတူ ဘ၀ကုိ ရင္ဆုိင္မယ့္သူကုိပဲ ေရြးခ်ယ္ၾကတာျဖစ္ပါတယ္။ယူတုိ႔မွာ အေပၚက အရည္အခ်င္းေတြပုိင္ဆုိင္ထားတဲ႔ခ်စ္သူကုိ ရထားရင္ လက္မလႊတ္ၾကနဲ႔ေနာ္

Unicode

တစ်ချို့တွေက ထင်ကြတယ်။မိန်းကလေးတွေက ချမ်းသာမှကြိုက်တာ၊ရုပ်ရည်ချောမောနေမှကြိုက်တာ၊ထက်မြက်ပြီး စတိုင်လ်ကျနေမှကြိုက်တာ စသဖြင့်ပေါ့။ဒါပေမဲ့ တကယ်တမ်းမိန်းကလေးအများစုဟာ ချမ်းသာတာ၊ရုပ်ရည်ချောမောတာတွေထက် သူတို့အားကိုးလို့ရတဲ့၊ယုံကြည်စိတ်ချလို့ရတဲ့သူကိုပဲ ရွေးချယ်ကြတာပါ။အထူးသဖြင့် မိန်းကလေးတွေဟာ သူတို့ရဲ့ချစ်သူကို ဒီလိုအရည်အချင်းတွေပိုင်ဆိုင်စေချင်ကြပါတယ်။

*ဘယ်လိုပြဿနာမျိုးလာလာ မကြောက်ပဲ ဖြေရှင်းနိုင်တဲ့သူ
ပြဿနာတစ်စုံတစ်ခုကြုံလာတဲ့အခါ ငွေက အနည်းနဲ့အများဆိုသလို ဖြေရှင်းနိုင်တယ်ဆိုပေမဲ့ တကယ်လိုအပ်တာက အဲ့ဒီယောကျ်ားလေးရဲ့ဖြေရှင်းနိုင်တဲ့အရည်အချင်းပါ။ငွေနဲ့ဖြေရှင်းလို့မရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ရုပ်ရည်နဲ့ဖြေရှင်းလို့မရတဲ့ပြဿနာတွေကိုပြေလည်အောင်
ဖြေရှင်းနိုင်တယ်ဆိုတာ ယောကျ်ားလေးတစ်ယောက်မှာရှိသင့်တဲ့အရည်အချင်းတစ်ရပ်ပါပဲ။

*ကိုယ့်ချစ်သူကို အမြဲအားပေးနေတတ်သူ
ကိုယ်စိတ်ညစ်ရင် အားပေးတတ်ပြီး ကိုယ်ပျော်ရင် အပျော်တွေကို မျှဝေခံစားပေးတတ်တဲ့ချစ်သူတစ်ယောက်ကို မိန်းကလေးတိုင်းလိုချင်ကြပါတယ်။ကိုယ်ကစိတ်ညစ်နေပါတယ်ဆို အပြစ်လာတင်တတ်တဲ့ယောကျ်ားလေးမျိုးကို မလိုချင်ကြပါဘူး။သင့်မှာ ဒီလိုစိတ်ညစ်ရင် အမြဲအားပေးတတ်တဲ့
ချစ်သူတစ်ယောက်ပိုင်ဆိုင်ထားပြီလား?

*အကောင်းအဆိုးခွဲခြားနိုင်စွမ်းရှိတဲ့သူ
ကိုယ့်ချစ်သူက သဘောထားသေးသိမ်တာမျိုးဆို မိန်းကလေးတွေက ပြောသာမပြောတာ။ကိုယ့်ချစ်သူကို စိတ်ဓာတ်ရင့်ကျက်စေချင်ကြပါတယ်။စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့သူက ကိုယ့်ချစ်သူအပေါ် အထင်အမြင်လွဲမှားတာ၊စွပ်စွဲပြောဆိုတာမျိုးမလုပ်ကြပါဘူး။ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ရန်ဖြစ်ရတာ ညှိနှိုင်းနေရတဲ့အချစ်ရေးမျိုးကို မိန်းကလေးတွေက မလိုချင်ပါဘူး။

*မိန်းကလေးအလုပ်၊ယောကျ်ားလေးအလုပ်မခွဲခြားပဲ ကိုုယ့်ကို အမြဲကူညီပေးတတ်သူ
တစ်ချို့ယောကျ်ားလေးတွေက မိန်းကလေးတွေဆိုတာ အိမ်မှုကိစ္စနိုင်နင်းနေမှ၊အိမ်အလုပ်တွေဆို မိန်းကလေးတွေပဲလုပ်ရမယ်စသဖြင့်သတ်မှတ်ထားကြပေမဲ့မိန်းကလေးတွေက သူတို့နဲ့အတူ မျှဝေလုပ်ကိုင်ပေးတဲ့ယောကျ်ားလေးမျိုးကိုပိုပြီးလိုချင်ကြပါတယ်။အလုပ်ကိုခွဲခြားတာထက် ချစ်သူတွေ ဇနီးမောင်နှံဆိုတာ နှစ်ယောက်အတူတူတွဲလုပ်လိုက်ရင် ပိုပြီးတော့ပျော်စရာကောင်းတဲ့အချစ်ရေးလေးကို ပိုင်ဆိုင်လာရမှာပါ။အဲ့ဒီလိုအချစ်ရေးမျိုးကို မိန်းကလေးတွေကလိုချင်ကြပါတယ်။

*ကိုယ်နဲ့ပတ်သက်တာကို အမြဲအလေးထားပေးသူ
မိန်းကလေးတွေက သူတို့ချစ်သူစိတ်ထဲမှာအမြဲရှိချင်ကြပါတယ်။အမှတ်တရနေ့တွေ၊ချစ်သူစဖြစ်တဲ့နေ့တွေ၊သူမရဲ့မွေးနေ့တွေမှာ ချစ်သူဆီက အမှတ်တရတစ်ခုခုရဖို့ အမြဲမျှော်လင့်ကြပါတယ်။ကိုယ်နဲ့ပတ်သက်ပြီးအလေးထားတယ်ဆိုတဲ့စိတ်လေးကို မိန်းကလေးတွေက ပိုင်ဆိုင်ဂုဏ်ယူချင်ကြတာပါ။

*ကိုယ့်ရဲ့ပြဿနာတွေကိုလည်း မမေ့ပဲ ကူညီဖြေရှင်းပေးတတ်သူ
ကိုယ့်ကိုသာ သူ့ပြဿနာတွေထဲဆွဲမထည့်တာရှိမယ်။သူကတော့ ကိုယ့်ပြဿနာဆို အစအဆုံးလိုက်ကူညီဖြေရှင်းပေးတယ်။ကိုယ့်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးတဲ့ယောကျာ်းလေးမျိုးကို ပိုင်ဆိုင်ထားရင် သင်က ကံကောင်းတဲ့မိန်းကလေးပါပဲ။တစ်ချို့တွေက ချစ်သူဆိုပေမဲ့
သူ့ပြဿနာနဲ့သူ ကိုယ့်ပြဿနာနဲ့ကိုယ် မဆိုင်သလို နေတတ်ကြပါတယ်။အဲ့ဒီလိုလူမျိုးကို မိန်းကလေးတွေကချစ်ရင်တောင် ဘဝအတွက်လက်တွဲဖို့တော့ တွန့်သွားတတ်ပါတယ်။ဘယ်သူဦးဆောင်ဖြေရှင်းရမယ်မသတ်မှတ်ထားပေမဲ့ မိန်းကလေးတွေက သူတို့ချစ်သူကို အားကိုးချင်ကြတာချည်းပါပဲ။

မိနး်ကလေးတွေဟာ ဂုဏ်တွေပကာသနတွေထက် နောက်ဆုံးမှာသူတို့ချစ်တဲ့၊အားကိုးရတဲ့၊ယုံကြည်ရတဲ့ အမျိုးကောင်းသားလေးတွေကိုပဲ ဘဝအတွက်ရွေးချယ်လက်တွဲကြတာပါ။ငွေတွေ၊ပကာသနတွေထက် နောက်ဆုံး ဘယ်လိုအခက်အခဲပဲရှိရှိ ကိုယ်နဲ့အတူတူ ဘဝကို ရင်ဆိုင်မယ့်သူကိုပဲ ရွေးချယ်ကြတာဖြစ်ပါတယ်။ယူတို့မှာ အပေါ်က အရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ချစ်သူကို ရထားရင် လက်မလွှတ်ကြနဲ့နော်

548 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.