အိပ္ေရးပ်က္တာကုိေပါ့ေပါ့ေလးမေတြးပါနဲ႔ ဒီလုိဆုိးက်ိဳးေတြရလာႏုိင္ပါတယ္

ညဘက္အိပ္ေရးပ်က္တာမ်ားလာတာကုိ ေန႔ခင္းျပန္အိပ္လိုက္ရင္ရပါတယ္ ပိတ္ရက္မွာ ျပန္အိပ္လိုက္ရင္ရပါတယ္ဆုိျပီးေပါ့ေပါ့ေလးမေတြးပါနဲ႔။ခဏခဏ အိပ္ေရးပ်က္တာမ်ားလာတဲ႔အခါ ဒီလုိ ဆုိးက်ိဳးေတြ သင့္မွာျဖစ္လာႏုိင္ပါတယ္။ငယ္ရြယ္တုန္းမွာ က်န္းမာေရးထိခိုက္မႈက မဆုိစေလာက္ေလးပဲသိသာတာပါ။အဲ႔ဒီမွာ ေပါ့ေပါ့ေလးေနလိုက္ရင္ အသက္အရြယ္ရလာတဲ႔အခါ ငယ္စဥ္ကဒဏ္ေတြကုိ ျပန္ျပီးစုခံရသလုိျဖစ္သြားေစႏုိင္ပါတယ္။ဒါေၾကာင့္ အိပ္ေရးပ်က္တာမ်ားလာရင္ သင့္မွာဘယ္လုိဆုိးက်ိဳးေတြရလာႏုိင္လဲဆုိတာ သိထားဖုိ႔လိုပါတယ္။

*ေရာဂါခုခံႏုိင္စြမ္းနည္းလာတယ္
ေလ့လာခ်က္ေတြအရ တစ္ညကုိ ၆နာရီထက္ေလ်ာ့နည္းစြာအိပ္စက္သူေတြဟာ ႏွလံုးေရာဂါ၊ဆီးခ်ိဳေရာဂါ၊ေလျဖတ္ေရာဂါေတြကုိ ပုိျပီးခံစားရႏုိင္ေၾကာင္း၊အ၀လြန္ဖုိ႔ရာခုိင္ႏႈန္းပိုမ်ားေၾကာင္း ေတြ႔ရွိလာရပါတယ္။အိပ္ေရးပ်က္တာမ်ားလာတဲ႔အတြက္ ေရာဂါေတြကုိ ျမန္ျမန္ဆန္ဆန္မတြန္းလွန္မတိုက္ထုတ္ႏုိင္ေတာ့ပါဘူး။ဒါေၾကာင့္ လူငယ္ေတြအေနနဲ႔ အိပ္ခ်ိန္ဟာ ၇နာရီကေန ၈နာရီၾကားရွိသင့္ပါတယ္။

*ေသြးဖိအားပုိျမင့္လာတယ္
အိပ္ေရးပ်က္တာမ်ားလာတဲ႔အခါ ေသြးဖိအားေတြလည္း မမွန္ေတာ့ပဲ ျမင့္တက္လာတတ္ပါတယ္။ရုတ္တရက္ေသြးဖိအားျမင့္တက္လာတဲ႔အခါ မထိန္းခ်ဳပ္ႏုိင္ဘူးဆုိရင္ ႏွလံုး၊ေက်ာက္ကပ္ကုိ သြားထိႏုိင္ျပီး ေလျဖတ္တာ၊အျမင္အာရံုဆံုးရွံဳးတာေတြပါျဖစ္လာႏုိင္ပါတယ္။သင္လုိခ်င္မွာမဟုတ္တဲ႔
တစ္ျခားေသာေရာဂါေတြလည္း၀င္ေရာက္လာႏုိင္ပါတယ္။

*ကုိယ္ခံစြမ္းအားေတြနည္းလာတယ္

လူရဲ႔ခႏၶာကိုယ္ဟာ ကုိယ္ခံစြမ္းအားနည္းလာတဲ႔အခါမွာ အလြယ္တကူမ၀င္လာႏုိင္တဲ့ ဖ်ားနာေရာဂါပုိးေတြ၊အေအးမိတာေတြဟာ ၀င္လာႏိုင္ျပီးခုခံႏုိင္စြမ္းကုိလာေရာက္တိုက္ခိုက္လာပါတယ္။အဲ႔ဒီအခါမွာ ကုိယ့္ရဲ ႔ဆဲလ္ေတြကုိ ျပန္ျပီးမတြန္းလွန္ႏုိင္ရင္ ေရာဂါေတြက တစ္ဆက္တည္း၀င္ေရာက္
လာႏုိင္ပါတယ္။အိပ္ေရးပ်က္တာမ်ားတဲ႔အခါ လူက မလန္းဆန္းေတာ့သလုိ အားလည္းမရွိေတာ့ပါဘူး။အဲ႔ဒီအခါ အလုပ္လည္းအဆင္မေျပ၊အရာရာမွာလည္းအဆင္ေျပမႈေတြေလ်ာ့နည္းလာတတ္ပါတယ္။

*ေစာေစာေသဆံုးႏုိင္ေခ်မ်ား
ကုိယ့္ရဲ႔ အိပ္ခ်ိန္ဟာ ၅နာရီေအာက္ေလ်ာ့နည္းေနတယ္၊အိပ္ေရးပ်က္တာက တစ္ညႏွစ္ညလည္းမဟုတ္ဘူးဆုိရင္ ကုိယ့္ရဲ႔အိပ္ခ်ိန္ကုိ ျပန္ျပီးသတိထားေျပာင္းလဲသင့္ပါတယ္။အိပ္ခ်ိန္ ၅နာရီေအာက္ေလ်ာ့နည္းတယ္ဆုိရင္ တစ္ျခားသူေတြထက္ ေစာေစာေသဆံုးႏုိင္ေခ် ၁၅ရာခိုင္ႏႈန္းပုိမ်ားတယ္လုိ႔ ေလ့လာေတြ႔ရွိထားပါတယ္။ကဲ သင္တုိ႔ရဲ ႔အိပ္ခ်ိန္ကုိ ပံုမွန္ျဖစ္ေအာင္ေျပာင္းလဲသင့္ေနျပီေနာ္

*အျမဲပင္ပန္းႏြမ္းနယ္မႈခံစားေနရတယ္
ေလ့လာခ်က္ေတြအရ အိပ္ေရးပ်က္တာမ်ားလာတဲ႔အခါ လူက အျမဲတမ္းပင္ပန္းႏြမ္းနယ္ေနသလုိခံစားလာရတတ္ပါတယ္။အဲ႔ဒီလုိပင္ပန္းတဲ႔အခါမွာ မေကာင္းျမင္အေတြးေတြလည္းပုိ၀င္လာတတ္ျပီး ပုိျပီးေဒါသၾကီးလာတတ္ပါတယ္။စိတ္အေျပာင္းအလဲျဖစ္လြယ္ျပီး မေရမရာမေသမခ်ာနဲ႔ လူက ဘာလုပ္လုပ္အဆင္မေျပေတာ့ပါဘူး။အိပ္ေရးပ်က္တာက သင္ထင္ထားတာထက္ပုိဆုိးတဲ႔အက်ိဳးဆက္ေတြေပးစြမ္းနုိင္တာ မေမ့ပါနဲ႔

*ဆံုးျဖတ္ခ်က္ေတြမွားလာတယ္
ဆံုးျဖတ္ခ်က္ဆုိတာ ဦးေႏွာက္နဲ႔ႏွလံုးသားနဲ႔ေသခ်ာစဥ္းစားဆံုးျဖတ္ရတာပါ။ဒါေပမဲ႔ အိပ္ေရးပ်က္တာမ်ားလာတဲ႔အခါ ဦးေနွာက္ရဲ႔ စြမ္းေဆာင္ရည္ေတြေလ်ာ့နည္းလာျပီး ဆံုးျဖတ္ခ်က္ေတြမွားယြင္းတတ္ပါတယ္။ေသခ်ာေနတဲ႔ဆံုးျဖတ္ခ်က္ေတာင္ေ၀၀ါးလာတာမ်ိဳးေပါ့။

*ကုိယ္အေလးခ်ိန္တက္လာတယ္
တစ္ခ်ိဳ႔ကအိပ္ေရးပ်က္တာမ်ားရင္ ပိန္လာတယ္ေျပာၾကေပမဲ႔ တကယ္တမ္းေလ့လာၾကည့္တဲ႔အခါမွာ အိပ္ခ်ိန္နည္းပါးတဲ႔လူေတြဟာ ကုိယ္အေလးခ်ိန္တက္လာေၾကာင္းေတြ႔ရွိလာရပါတ္ယ။အိပ္ခ်ိန္နည္းပါးတဲ႔အတြက္ အစားအေသာက္နဲ႔ပတ္သက္တဲ႔ေဟာ္မုန္းကလည္းဆက္စပ္လာျပီး အလြန္အကြ်ံစားမိတာေတြျဖစ္လာတတ္ပါတယ္။ဗုိက္ျပည့္ေနရင္ေတာင္စားျပီးရင္းစားခ်င္တာမ်ိဳးျဖစ္တတ္ပါတယ္။

*Depression ၀င္လာတတ္တယ္
အိပ္ေရးပ်က္ျခင္းနဲ႔ Depression ၀င္တာဟာ ဆက္စပ္ေနပါတယ္။ေလ့လာရွာေဖြခ်က္ေတြအရ အိပ္မေပ်ာ္တဲ႔ေ၀ဒနာခံစားရသူ၊အိပ္ေရးပ်က္တာမ်ားတဲ႔သူေတြဟာ ပံုမွန္အိပ္ခ်ိန္ရွိသူေတြထက္ Depression ပုိ၀င္တတ္ပါတယ္။

*အုိမင္းရင့္ေရာ္မႈျမန္ဆန္လာတယ္
ပံုမွန္အိပ္ခ်ိန္မရွိတဲ႔အခါ၊အိပ္ေရးပ်က္တာမ်ားတဲ႔အခါ ခႏၶာကုိယ္က cortisol ဆုိတဲ႔ စိတ္ဖိစီးမႈေဟာ္မုန္းကုိထုတ္ေပးါပတယ္။Cortisol မ်ားတဲ႔အခါ အသားအရည္ေခ်ာေမြ႔ေစတဲ႔ ပရုိတင္း ၊ Collagen ေတြဟာ ရပ္တန႔္သြားျပီး အသားအရည္ပ်က္စီးမႈကုိ အစျပဳလာေစပါတယ္။အသားအရည္ကုိ တင္း
ရင္းေစတဲ႔ေဟာ္မုန္းေတြကုိလည္းေလ်ွာ့ခ်လာျပီး အေရးအေၾကာင္းေတြလည္းျမန္ဆန္စြာျဖစ္လာေစပါတယ္။ငယ္ရြယ္ႏုပ်ိဳတဲ႔အသားအရည္ကုိပုိင္ဆုိင္ခ်င္တယ္ဆုိရင္ အိပ္ခ်ိန္ပံုမွန္ရွိဖို႔လည္းလိုအပ္ပါတယ္။

Unicode

ညဘက်အိပ်ရေးပျက်တာများလာတာကို နေ့ခင်းပြန်အိပ်လိုက်ရင်ရပါတယ် ပိတ်ရက်မှာ ပြန်အိပ်လိုက်ရင်ရပါတယ်ဆိုပြီးပေါ့ပေါ့လေးမတွေးပါနဲ့။ခဏခဏ အိပ်ရေးပျက်တာများလာတဲ့အခါ ဒီလို ဆိုးကျိုးတွေ သင့်မှာဖြစ်လာနိုင်ပါတယ်။ငယ်ရွယ်တုန်းမှာ ကျန်းမာရေးထိခိုက်မှုက မဆိုစလောက်လေးပဲသိသာတာပါ။အဲ့ဒီမှာ ပေါ့ပေါ့လေးနေလိုက်ရင် အသက်အရွယ်ရလာတဲ့အခါ ငယ်စဉ်ကဒဏ်တွေကို ပြန်ပြီးစုခံရသလိုဖြစ်သွားစေနိုင်ပါတယ်။ဒါကြောင့် အိပ်ရေးပျက်တာများလာရင် သင့်မှာဘယ်လိုဆိုးကျိုးတွေရလာနိုင်လဲဆိုတာ သိထားဖို့လိုပါတယ်။

*ရောဂါခုခံနိုင်စွမ်းနည်းလာတယ်
လေ့လာချက်တွေအရ တစ်ညကို ၆နာရီထက်လျော့နည်းစွာအိပ်စက်သူတွေဟာ နှလုံးရောဂါ၊ဆီးချိုရောဂါ၊လေဖြတ်ရောဂါတွေကို ပိုပြီးခံစားရနိုင်ကြောင်း၊အဝလွန်ဖို့ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိလာရပါတယ်။အိပ်ရေးပျက်တာများလာတဲ့အတွက် ရောဂါတွေကို မြန်မြန်ဆန်ဆန်မတွန်းလှန်မတိုက်ထုတ်နိုင်တော့ပါဘူး။ဒါကြောင့် လူငယ်တွေအနေနဲ့ အိပ်ချိန်ဟာ ရနာရီကနေ ၈နာရီကြားရှိသင့်ပါတယ်။

*သွေးဖိအားပိုမြင့်လာတယ်
အိပ်ရေးပျက်တာများလာတဲ့အခါ သွေးဖိအားတွေလည်း မမှန်တော့ပဲ မြင့်တက်လာတတ်ပါတယ်။ရုတ်တရက်သွေးဖိအားမြင့်တက်လာတဲ့အခါ မထိန်းချုပ်နိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်ကို သွားထိနိုင်ပြီး လေဖြတ်တာ၊အမြင်အာရုံဆုံးရှုံးတာတွေပါဖြစ်လာနိုင်ပါတယ်။သင်လိုချင်မှာမဟုတ်တဲ့
တစ်ခြားသောရောဂါတွေလည်းဝင်ရောက်လာနိုင်ပါတယ်။

*ကိုယ်ခံစွမ်းအားတွေနည်းလာတယ်

လူရဲ့ခန္ဓာကိုယ်ဟာ ကိုယ်ခံစွမ်းအားနည်းလာတဲ့အခါမှာ အလွယ်တကူမဝင်လာနိုင်တဲ့ ဖျားနာရောဂါပိုးတွေ၊အအေးမိတာတွေဟာ ဝင်လာနိုင်ပြီးခုခံနိုင်စွမ်းကိုလာရောက်တိုက်ခိုက်လာပါတယ်။အဲ့ဒီအခါမှာ ကိုယ့်ရဲ ့ဆဲလ်တွေကို ပြန်ပြီးမတွန်းလှန်နိုင်ရင် ရောဂါတွေက တစ်ဆက်တည်းဝင်ရောက်
လာနိုင်ပါတယ်။အိပ်ရေးပျက်တာများတဲ့အခါ လူက မလန်းဆန်းတော့သလို အားလည်းမရှိတော့ပါဘူး။အဲ့ဒီအခါ အလုပ်လည်းအဆင်မပြေ၊အရာရာမှာလည်းအဆင်ပြေမှုတွေလျော့နည်းလာတတ်ပါတယ်။

*စောစောသေဆုံးနိုင်ချေများ
ကိုယ့်ရဲ့ အိပ်ချိန်ဟာ ၅နာရီအောက်လျော့နည်းနေတယ်၊အိပ်ရေးပျက်တာက တစ်ညနှစ်ညလည်းမဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့အိပ်ချိန်ကို ပြန်ပြီးသတိထားပြောင်းလဲသင့်ပါတယ်။အိပ်ချိန် ၅နာရီအောက်လျော့နည်းတယ်ဆိုရင် တစ်ခြားသူတွေထက် စောစောသေဆုံးနိုင်ချေ ၁၅ရာခိုင်နှုန်းပိုများတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ကဲ သင်တို့ရဲ ့အိပ်ချိန်ကို ပုံမှန်ဖြစ်အောင်ပြောင်းလဲသင့်နေပြီနော်

*အမြဲပင်ပန်းနွမ်းနယ်မှုခံစားနေရတယ်
လေ့လာချက်တွေအရ အိပ်ရေးပျက်တာများလာတဲ့အခါ လူက အမြဲတမ်းပင်ပန်းနွမ်းနယ်နေသလိုခံစားလာရတတ်ပါတယ်။အဲ့ဒီလိုပင်ပန်းတဲ့အခါမှာ မကောင်းမြင်အတွေးတွေလည်းပိုဝင်လာတတ်ပြီး ပိုပြီးဒေါသကြီးလာတတ်ပါတယ်။စိတ်အပြောင်းအလဲဖြစ်လွယ်ပြီး မရေမရာမသေမချာနဲ့ လူက ဘာလုပ်လုပ်အဆင်မပြေတော့ပါဘူး။အိပ်ရေးပျက်တာက သင်ထင်ထားတာထက်ပိုဆိုးတဲ့အကျိုးဆက်တွေပေးစွမ်းနိုင်တာ မမေ့ပါနဲ့

*ဆုံးဖြတ်ချက်တွေမှားလာတယ်
ဆုံးဖြတ်ချက်ဆိုတာ ဦးနှောက်နဲ့နှလုံးသားနဲ့သေချာစဉ်းစားဆုံးဖြတ်ရတာပါ။ဒါပေမဲ့ အိပ်ရေးပျက်တာများလာတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေလျော့နည်းလာပြီး ဆုံးဖြတ်ချက်တွေမှားယွင်းတတ်ပါတယ်။သေချာနေတဲ့ဆုံးဖြတ်ချက်တောင်ဝေ၀ါးလာတာမျိုးပေါ့။

*ကိုယ်အလေးချိန်တက်လာတယ်
တစ်ချို့ကအိပ်ရေးပျက်တာများရင် ပိန်လာတယ်ပြောကြပေမဲ့ တကယ်တမ်းလေ့လာကြည့်တဲ့အခါမှာ အိပ်ချိန်နည်းပါးတဲ့လူတွေဟာ ကိုယ်အလေးချိန်တက်လာကြောင်းတွေ့ရှိလာရပါတ်ယ။အိပ်ချိန်နည်းပါးတဲ့အတွက် အစားအသောက်နဲ့ပတ်သက်တဲ့ဟော်မုန်းကလည်းဆက်စပ်လာပြီး အလွန်အကျွံစားမိတာတွေဖြစ်လာတတ်ပါတယ်။ဗိုက်ပြည့်နေရင်တောင်စားပြီးရင်းစားချင်တာမျိုးဖြစ်တတ်ပါတယ်။

*Depression ဝင်လာတတ်တယ်
အိပ်ရေးပျက်ခြင်းနဲ့ Depression ဝင်တာဟာ ဆက်စပ်နေပါတယ်။လေ့လာရှာဖွေချက်တွေအရ အိပ်မပျော်တဲ့ဝေဒနာခံစားရသူ၊အိပ်ရေးပျက်တာများတဲ့သူတွေဟာ ပုံမှန်အိပ်ချိန်ရှိသူတွေထက် Depression ပိုဝင်တတ်ပါတယ်။

*အိုမင်းရင့်ရော်မှုမြန်ဆန်လာတယ်
ပုံမှန်အိပ်ချိန်မရှိတဲ့အခါ၊အိပ်ရေးပျက်တာများတဲ့အခါ ခန္ဓာကိုယ်က cortisol ဆိုတဲ့ စိတ်ဖိစီးမှုဟော်မုန်းကိုထုတ်ပေးါပတယ်။Cortisol များတဲ့အခါ အသားအရည်ချောမွေ့စေတဲ့ ပရိုတင်း ၊ Collagen တွေဟာ ရပ်တန့်သွားပြီး အသားအရည်ပျက်စီးမှုကို အစပြုလာစေပါတယ်။အသားအရည်ကို တင်း
ရင်းစေတဲ့ဟော်မုန်းတွေကိုလည်းလျှော့ချလာပြီး အရေးအကြောင်းတွေလည်းမြန်ဆန်စွာဖြစ်လာစေပါတယ်။ငယ်ရွယ်နုပျိုတဲ့အသားအရည်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင် အိပ်ချိန်ပုံမှန်ရှိဖို့လည်းလိုအပ်ပါတယ်။

4K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.