ခြေဖ၀ါးအလယ်ခေါင်ကို နှိပ်နယ်ပေးခြင်းကနေ အံ့မခန်းအကျိုးတွေရရှိစေနိုင်…




Unicode

သင်ဟာ ညောင်းညာ အကြောတက် တတ်တဲ့သူလား…တစ်နေ့တာ ပင်ပန်းထားလို့ တစ်ကိုယ်လုံးမလှုပ်ချင်ပဲ ညောင်းညာ တတ်တဲ့ခံစားမှုမျိုးကိုခံစားဖူးကြမှာပါ။ ဒီလိုအချိန် တစ်ကိုယ်လုံးကို နှိပ်နယ်ပေးဖို့ အဆင်မပြေဘူးဆိုတဲ့အခါမှာ ထိထိရောက်ရောက်နဲ့ ညောင်းညာမှုကင်းဝေးစေဖို့ ဖြေဖဝါး လေးကို နှိပ်နယ်ပေးသင့်ပါတယ်။

ခြေဖဝါး ဆိုတာ ခန္ဓာကိုယ် တစ်ခုလုံးက အကြောတွေဆုံတဲ့ အကြောဆုံနေရာတစ်ခုဆိုလည်းမမှားပါဘူး။ ပြီးတော့ ကိုယ့်ရဲ့ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုလည်း ဒီခြေဖဝါးကပဲ ထမ်းထားရတာမဟုတ် ပေဘူးလား။ ဒါကြောင့်ခြေဖဝါးရဲ့ အကြောလေးတွေကို နှိပ်နယ်ပေးခြင်းဟာ တစ်ကိုယ်လုံးကညောင်းညာမှုတွေကို ပြေပျောက်သွားစေမှာအသေချာပါပဲ။

ဒါကြောင့် ပင်ပန်းညောင်းချိနေပြီဆိုရင်တော့ ခြေထောက်လေးကို စင်အောင် ဆေးကြောပြီးလက်မလေးနဲ့ဖိနယ်နှိပ်ပေးလိုက်မယ်ဆိုရင်တော့ဖြင့် ခန္ဓာကိုယ်အတွက် အံ့မခန်းအကျိုးတွေ ခံစားရစေမှာပါ …

184 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.