ဒီလိုအမှားတွေကြောင့် ကိုယ့် Relationship ကိုယ်ဖျက်ဆီးမိနေ

စိတ်ပညာရှင်များကတော့ ဒီလိုအချက်တွေ မင်းတို့ Relationship မှာရှိနေရင် မကြာခင်အဆုံးသတ်မှာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ဟာ စိတ်ချင်းမတူပေမယ့် ချစ်တဲ့စိတ်ကြောင့် အားလုံးဟာ နားလည်မှုယူ ၊ ညှိနှိုင်းကြရတာပါပဲ။ မင်းတို့အတွဲမှာ ဒီလိုအပြုအမူ ၊ အကျင့်စရိုက်တွေရှိနေပြီဆိုရင် ပြန်ပြင်နိုင်အောင် ကြိုးစားပါ မဟုတ်ရင်တော့…

ဝေဖန်ခြင်း


ဘာပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကို ကောင်းစေချင်လို့ အမှားထောက်ပြမျိုးတာက ဘာမှမဖြစ်ပေမယ့်
တစ်ခုခုဆို လိုက်ဝေဖန် ၊ အပြစ်ရှာနေတာမျိုးက အချိန်ကြာလာရင် မင်းလည်းသည်းခံနိုင်မှာမဟုတ်ပါဘူး။ မနေ့က မှားခဲ့တဲ့ကိစ္စကို နောက်နေ့တွေထိ ပြောလို့မပြီးသေးတာမျိုးပေါ့ ။ ဒီလိုလူမျိုးနဲ့ တစ်သက်လုံးနေနိုင်ပါ့မလား။ မင်းကိုယ်တိုင်လည်း တစ်ကိုယ်ကောင်းဆန်နေရင် ကိုယ်တိုင်တော့ မသိပေမယ့် အခြားသူတွေက သတိထားမိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။

အထင်သေးခြင်း


ချစ်သူရည်းစား အချင်းချင်းမှာ အထင်မြင်သေးတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ မင်းကိုယ်တိုင်ကလည်း ချစ်သူကို တင်စီးတဲ့အကြည့်မျိုးတွေ မပေးမိပါစေနဲ့။ မျက်လုံးအကြည့်တွေက အရမ်းစကားပြောပါတယ်။ အချင်းချင်း မလေးစားရာရောက်တတ်ပါတယ်။ မင်းရဲ့ မျက်နှာအနေထားဟာ အစတည်းက မာနေတာမျိုးဆို ကိုယ့်ကိုကိုယ်ပြုပြင်နိုင်အောင် ကြိုးစားပါ။ ချစ်သူတွေကြားမှာတင်မဟုတ် လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ ကိုယ့်ရဲ့မျက်လုံးနဲ့ မျက်နှာအနေထားက အများကြီးအရေးကြီးပါတယ်။

တားဆီး ပိတ်ပင်လွန်းခြင်း


ဘယ်သွားသွား ဘာလုပ်လုပ် တားဆီး ၊ ပိတ်ပင်တတ်တဲ့ လူမျိုးတွေနဲ့ လက်တွဲရတာ အဆင်မပြေပါဘူး။အဓိက မင်းအပေါ်ယုံကြည်မှုမရှိတဲ့ ပြဿနာပါပဲ။ ဘာပဲလုပ်လုပ် မင်းကိုယ်တိုင်လည်း မပျော်ရွှင်ရ ၊ မင်းရဲ့ပိတ်ပင်မှုကိုခံနေရတဲ့ သူလည်း လွတ်လွတ်လပ်လပ်ပျော်ခွင့်မရှိတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်တားဆီးပိတ်ပင်တတ်တဲ့ အကျင့်က မင်းတို့ Relationship ကို ပျက်စီးစေတာပါပဲ။

119 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.