ပထမဆုံးအပိုင်းမှာတင် ပရိသတ်အားပေးမှုမြင့်တက်ခဲ့တဲ့ “Encounter”
Unicode
မင်းသားချော Park Bo Gum နဲ့ မင်းသမီး Song Hye Kyo တို့တွဲဖက်သရုပ်ဆောင်ထားတဲ့ “Encounter”ကို ပရိသတ်တွေက အတော်လေးစောင့်မျှော်နေပုံပါပဲ။ဘာလို့လဲဆိုတော့ နိုဝင်ဘာ ၂၈ရက်နေ့ကမှ စလွှင့်တဲ့ပထမဆုံးအပိုင်းဟာပရိသတ်အားပေးနှုန်း တအားမြင့်တက်ခဲ့လို့ပါပဲ။
tvN က ထုတ်လွှင့်တဲ့ဒရာမာဇာတ်လမ်းတွဲတိုင်းရဲ ့ပထမဆုံးအပိုင်းဟာ ဒီ “Encounter “ပထမဆုံးပိုင်းလောက် အားပေးမှုမရခဲ့ဘူးလို့လည်းသိရပါတယ်။TNMS media data အရ Encounter ဇာတ်လမ်းတွဲ First Episode ဟာ ၉.၄ ရာခိုင်နှုန်းကြည့်ရှုမှုရှိခဲ့ပြီး tvN ဇာတ်လမ်းတွဲသမိုင်းတစ်လျှောက် Rating အမြင့်ဆုံး First Episode ဖြစ်ခဲ့ပါတယ်တဲ့။
ဇူလိုင် ရရက်နေ့ကပြသခဲ့တဲ့ Mr.Sunshine ဟာ ၈.၅ ရာခိုင်နှုန်းပရိသတ်ကြည့်ရှုမှုများခဲ့တာဖြစ်ပြီးMr.Sunshine ပြီးရင် ဒုတိယအမြင့်ဆုံးက Goblin ဖြစ်ခဲ့တာပါ။အခုဆိုရင်တော့ “Encounter” က ပထမဆုံးအပိုင်းမှာတင် ၉.၄ ရာခိုင်နှုန်းနဲ့ပရိသတ်တွေကိုဆွဲဆောင်သွားခဲ့ပါပြီ။
တကယ့်ဒိတ်ဒိတ်ကြဲနာမည်ကျော်နှစ်ယောက်ပါဝင်ထားတာကြောင့် ဇာတ်လမ်းရဲ ့အနှစ်သာရကောင်းမွန်မှုကလည်းပြောစရာလိုမယ်မထင်ပါဘူး။DOTS အပြီး Song Hye Kyo ရဲ ့ပထမဆုံးဇာတ်လမ်းတွဲလည်းဖြစ်လို့ Encounter ဇာတ်လမ်းတွဲလေးကို ကြည့်ရှုအားပေးဖို့ မမေ့နဲ့နော်
886 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.