ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ ဒါလေးတွေစားပေးဖို့လို

ဘယ်နေရာမှာမဆို ကိုယ့်မျက်လုံးနဲ့မတွေ့နိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေ အများကြီးရှိနေပါတယ်။ တကယ်လို့ ကိုယ်က ကိုယ်ခံအားစနစ်နည်းနေတဲ့အခါ ဒီပိုးမွှားတွေဝင်ရောက်ပြီး နေမကောင်း ၊ ဖျားနာဖြစ်တတ်ပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကောင်းမွန်နေအောင် ဒါလေးတွေကိုတွဲဖက်ပြီးစားသုံးပေးသင့်ပါတယ်။

ကြက်သွန်ဖြူနဲ့ ပျားရည်


အားလုံးသိကြတဲ့အတိုင်း ကြက်သွန်ဖြူနဲ့ ပျားရည်ရဲ့လိုက်ဖက်မှုဟာ ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားစနစ်ကောင်းမွန်စေရုံမက ဒီလိုလေးတွေလည်း ကောင်းကျိုးပေးနိုင်ပါတယ်။ ပျားရည်မှာ ဗီတာမင် ၊ သတ္တုဓာတ်၊ antioxidants နဲ့ အင်ဇိုင်းဓာတ်တို့ ပါဝင်ပါတယ်။ ကြက်သွန်ဖြူမှာ ပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်တဲ့သတ္တိတွေပါဝင်ပါတယ်။ ကြက်သွန်ဖြူကို နည်းနည်းလောက်ထုလိုက်ပြီး jar တစ်ခုထဲထည့်ကာ ပျားရည်တွေဖြည့်ထည့်လိုက်ပါ။ ၃ရက်၊ ၅ရက်လောက် နှပ်ထားပြီးရင် ရေခဲသေတ္တာထဲထည့်ကာ သုံးဆောင်နိုင်ပါပြီ။

နနွင်းမှုန့်နဲ့ ဂျင်း


နနွင်းမှုန့်မှာ ကျန်းမာရေးကိုသာမက အသားရည်ကိုပါကောင်းမွန်စေပါတယ်။ ဂျင်းရော နနွင်းမှာပါ
ကိုယ်ခံအားစနစ်ကို အဓိကအားဖြည့်ပေးနိုင်ပါတယ်။ ဂျင်းကိုပြုတ်ပြီး ရလာတဲ့အရည်ကို နနွင်းနဲ့ဖျော်သောက်ပေးရုံပါပဲ။

လီမွန်ရည်


လီမွန်မှာ ဗီတာမင်စီဓာတ်ပြည့်ဝတဲ့အတွက် ကိုယ်ခံအားစနစ်ကို အကောင်းဆုံးဖြည့်တင်းပေးနိုင်ပါတယ်။ ရေနွေးနွေးလေးမှာ လီမွန်ရည်ထည့်ပြီး ခဏအုပ်ထားလိုက်ပါ။ ပြီးရင် အသင့်သောက်သုံးနိုင်ပါပြီ။

752 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.