ချစ်သူအပေါ် လေးစားသမှုရှိတာကို ကြောက်တယ် ကြောက်တယ်ဆိုတဲ့စကားတွေနဲ့မထိုးနက်ပါနဲ့


Unicode

အခုခေတ်သမီးရည်းစားတွေပြဿနာတတ်ရတဲ့အထဲမှာ ကြားဝင်ပြီးရှုပ်တဲ့ လူတွေကြောင့်လည်း ဖြစ်ရတာများပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ ကြင်နာလို့ ယုယသည်းခံပြီးနေကြပြီဆိုရင် ကြားထဲကနေ ငြှောင့်တဲ့သူငယ်ချင်းတွေ ပတ်ဝန်းကျင်တွေရှိတတ်ကြပါတယ်။ဟာ..မင်းကဆော်ကြောက်လိုက်ရတာ ၊ မင်းဆော်က နေရာတကာဝင်ပါတယ်၊ မင်းမှာ မလွတ်လပ်လိုက်တာကွာ စသဖြင့်ပေါ့…ဒီလိုအခြေနေမျိုးတွေကြုံရတဲ့အခါ ကာယကံရှင်တွေကိုပြောချင်တာက သူငယ်ချင်းမိတ်ဆွေအပေါင်းသင်းဆိုတာ သင့်ဘဝမှာအရေးပါသင့်သလောက်ပါပါလိမ့်မယ်၊ ကူညီသင့်သလောက်လည်းကူညီပါလိမ့်မယ်…သည်းခံသင့်သလောက်လည်းသည်းခံသင့်သလောက်လည်းသည်းခံပါလိမ့်မယ်။ ဒါပင်မဲ့သင့်အပေါ် အနွံနာခံ ပြီး သူ့တစ်ဘဝတစ်ခုလုံးနဲ့စေတနာမေတ္တာတွေ ပေးတတ်တဲ့ သင့်ချစ်သူနဲ့ယှဉ်လိုက်ရင် ဖွဲနဲ့စကွဲပါ။ ဒါကြောင့်ဘေးစကားထိုးနက်မှုနဲ့တော့ သင့်တို့ရဲ့အပေးယူမျှနေတဲ့ Relationship တစ်ခုကို မဆုံးရှုံးပါစေနဲ့။ ချစ်သူအပေါ်လေးစားသမှုနဲ့ဆက်ဆံပေးတတ်တဲ့သူတွေကို ကြောက်တတ်လိုက်တာဆိုပြီး အပြစ်မမြင်ပဲ ကိုယ်တိုင်သာအဖြစ်ရှိတဲ့ RS Life ကို တည်ဆောက်နိုင်ကြပါစေလို့ ကဲ့ရဲ့သူတွေကို ပြန်ဆုတောင်းပေးလိုက်ပါ…

595 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.