ေဘာလိ၀ုဒ္မင္းသမီးေခ်ာ Katrina Kaif ရဲ ႔အလွအပထိန္းသိမ္းပံုလွ်ိဳ႔၀ွက္ခ်က္က ဘာေတြမ်ားျဖစ္မလဲ?

ျဗိတိန္-အိႏၵိယမင္းသမီးေခ်ာ Katrina Kaif ဟာဆုိရင္ အျမဲတမ္းလွပျပီး ခႏၶာကုိယ္ဆုိလည္းသြယ္လ်လုိ႔ မိန္းကေလးခ်င္းေတာင္ေငးရေလာက္ေအာင္လွပသူတစ္ေယာက္ပါ။ေဘာလိ၀ုဒ္ရဲ႔နာမည္ေက်ာ္တစ္ေယာက္ျဖစ္လုိ႔ အလွအပနဲ႔ ခႏၶာကုိယ္ကုိ အျမဲထိန္းသိမ္းေနရသူလည္းျဖစ္ပါတယ္။ဒီေတာ ့သူမရဲ ႔အလွအပလ်ွိဳ႔၀ွက္ခ်က္ေလးေတြ၊သြယ္လ်ေနရတဲ႔လ်ွိဳ႔၀ွက္ခ်က္ေလးေတြကုိ Trend ပ်ိဳေမတို႔အတြက္ ျပန္ျပီးမ်ွေ၀ေပးလုိက္ပါတယ္။

သူမရဲ ႔အလွအပလွ်ိဳ႔၀ွက္ခ်က္ေလးေတြက…
*Katrina က မနက္မိုးလင္းလုိ႔ ႏုိးတာနဲ႔ ေရဖန္ခြက္ေလးခြက္ေလာက္ေသာက္တယ္လုိ႔သိရပါတယ္။
*သူမက ညမအိပ္ခင္ မိတ္ကပ္ဆုိလည္းေျပာင္စင္ေအာင္ဖ်က္ျပီး မ်က္ႏွာအတြက္ လိုအပ္တဲ႔ခရင္မ္ေတြကုိ မေမ့မေလ်ာ့၊မပ်င္းမရိလိမ္းပါတယ္တဲ႔။
*Mask ကုိလည္း ပံုမွန္လုပ္ေပးျပီး မ်က္ႏွာအတြက္တင္မက မ်က္လံုးက်န္းမာေရးကုိလည္းအျမဲဂရုစုိက္ေပးတယ္လုိ႔သိရပါတယ္။
*ရႈတင္မရွိဘူးဆုိရင္ မ်က္ႏွာကုိလည္းဘာမွမလိမ္းပဲ သဘာ၀အတုိင္းထားေလ့ရွိပါတယ္။မိတ္ကပ္လိမ္းရင္လည္း အထူၾကီးလိမ္းေလ့မရွိပါဘူး။

*သဘာ၀နည္းလမ္းေတြကုိလည္း ႏွစ္သက္သူတစ္ေယာက္ပါ။သူမက မိတ္ကပ္မလိမ္းခင္မွာ ေရခဲတံုးေလးကုို အ၀တ္စသန္႔သန္႔ထဲထည့္ျပီး မ်က္ႏွာကုိ ဖြဖြေလးပြတ္ေပးေလ့ရွိပါတယ္တဲ႔။ျပီးေတာ့မွ မိတ္ကပ္လိမ္းျခယ္တာလုိ႔သိရပါတယ္။ေရခဲတံုးက မိတ္ကပ္ကုိပုိျပီးခံေစသလုိ အသားအရည္ကုိလည္းေတာက္ပေစပါတယ္။
*အျပင္ထြက္တဲ႔အခ်ိန္တုိင္း မ်က္ႏွာတင္မက ခႏၶာကုိယ္တစ္ခုလံုးကုိပါ ေနေလာင္ခံခရင္မ္ေတြလိမ္းျပီးမွ အျပင္ထြက္ေလ့ရွိပါတယ္။
*ဆံပင္ကုိလည္း အပူေပးကိရိယာေတြမသံုးပဲ ဆံပင္မပ်က္စီးေစတဲ႔ serum ကုိ အမ်ားဆံုးလိမ္းေလ့ရွိပါတယ္။

သူမရဲ႔ ခႏၶာကုိယ္အလွအပအတြက္ ေလ့က်င့္ခန္းလုပ္ပံုကေတာ့…
*Katrina ဟာ သူမရဲ ႔ခႏၶာကိုယ္ပံုက်လွပေနဖို႔ ေယာဂေလ့က်င့္ခန္းပံုမွန္လုပ္ျပီးထိန္းသိမ္းပါတယ္တဲ႔။
*သူမရဲ ႔ fitness trainer ကေတာ့ Yasmin Karachiwala ပါ။
*Gym ကစားတာ၊ေရကူးတာ၊ေႏွးေႏွးေျပးတာေတြကုိ အမ်ားဆံုးလုပ္ေလ့ရွိပါတယ္။
*သူမရဲ ႔မနက္စာက အုတ္ဂ်ံဳမႈန္႔နဲ႔လုပ္ထားတဲ႔မနက္စာျဖစ္ျပီး ေန႔လည္စာကိုေတာ့ေထာပတ္သုတ္ထားတဲ႔ အညိဳေရာင္ေပါင္မုန္႔နဲ႔ငါးကင္ကုိစားပါတယ္။ညစာကုိေတာ့ ဟင္းသီးဟင္းရြက္စြပ္ျပဳတ္၊ငါးစြပ္ျပဳတ္ေတြကုိပဲ စားေလ့ရွိပါတယ္။

နာမည္ေက်ာ္မင္းသမီးတစ္ေယာက္ဆုိေတာ့ အျမဲတမ္းအလွအပနဲ႔ခႏၶာကိုယ္ကုိထိန္းသိမ္းေနရတာျဖစ္ပါတယ္။ဒီေတာ့သူမရဲ ႔နည္းလမ္းေလးေတြထဲက ကုိယ္လုပ္ႏုိင္တဲ႔နည္းလမ္းေလးေတြကုိ ယူျပီးလုပ္ၾကည့္မယ္ဆုိရင္ သူမလုိ လွပတဲ႔ခႏၶာကုိယ္နဲ႔လွပမႈေလးကုိ ယူတုိ႔လည္းပုိင္ဆုိင္ႏုိင္ပါတယ္လုိ႔…။

Unicode

ဗြိတိန်-အိန္ဒိယမင်းသမီးချော Katrina Kaif ဟာဆိုရင် အမြဲတမ်းလှပပြီး ခန္ဓာကိုယ်ဆိုလည်းသွယ်လျလို့ မိန်းကလေးချင်းတောင်ငေးရလောက်အောင်လှပသူတစ်ယောက်ပါ။ဘောလိဝုဒ်ရဲ့နာမည်ကျော်တစ်ယောက်ဖြစ်လို့ အလှအပနဲ့ ခန္ဓာကိုယ်ကို အမြဲထိန်းသိမ်းနေရသူလည်းဖြစ်ပါတယ်။ဒီတော ့သူမရဲ ့အလှအပလျှို့ဝှက်ချက်လေးတွေ၊သွယ်လျနေရတဲ့လျှို့ဝှက်ချက်လေးတွေကို Trend ပျိုမေတို့အတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

သူမရဲ ့အလှအပလျှို့ဝှက်ချက်လေးတွေက…
*Katrina က မနက်မိုးလင်းလို့ နိုးတာနဲ့ ရေဖန်ခွက်လေးခွက်လောက်သောက်တယ်လို့သိရပါတယ်။
*သူမက ညမအိပ်ခင် မိတ်ကပ်ဆိုလည်းပြောင်စင်အောင်ဖျက်ပြီး မျက်နှာအတွက် လိုအပ်တဲ့ခရင်မ်တွေကို မမေ့မလျော့၊မပျင်းမရိလိမ်းပါတယ်တဲ့။
*Mask ကိုလည်း ပုံမှန်လုပ်ပေးပြီး မျက်နှာအတွက်တင်မက မျက်လုံးကျန်းမာရေးကိုလည်းအမြဲဂရုစိုက်ပေးတယ်လို့သိရပါတယ်။
*ရှုတင်မရှိဘူးဆိုရင် မျက်နှာကိုလည်းဘာမှမလိမ်းပဲ သဘာဝအတိုင်းထားလေ့ရှိပါတယ်။မိတ်ကပ်လိမ်းရင်လည်း အထူကြီးလိမ်းလေ့မရှိပါဘူး။
*သဘာဝနည်းလမ်းတွေကိုလည်း နှစ်သက်သူတစ်ယောက်ပါ။သူမက မိတ်ကပ်မလိမ်းခင်မှာ ရေခဲတုံးလေးကိုု အဝတ်စသန့်သန့်ထဲထည့်ပြီး မျက်နှာကို ဖွဖွလေးပွတ်ပေးလေ့ရှိပါတယ်တဲ့။ပြီးတော့မှ မိတ်ကပ်လိမ်းခြယ်တာလို့သိရပါတယ်။ရေခဲတုံးက မိတ်ကပ်ကိုပိုပြီးခံစေသလို အသားအရည်ကိုလည်းတောက်ပစေပါတယ်။
*အပြင်ထွက်တဲ့အချိန်တိုင်း မျက်နှာတင်မက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ နေလောင်ခံခရင်မ်တွေလိမ်းပြီးမှ အပြင်ထွက်လေ့ရှိပါတယ်။
*ဆံပင်ကိုလည်း အပူပေးကိရိယာတွေမသုံးပဲ ဆံပင်မပျက်စီးစေတဲ့ serum ကို အများဆုံးလိမ်းလေ့ရှိပါတယ်။

သူမရဲ့ ခန္ဓာကိုယ်အလှအပအတွက် လေ့ကျင့်ခန်းလုပ်ပုံကတော့…
*Katrina ဟာ သူမရဲ ့ခန္ဓာကိုယ်ပုံကျလှပနေဖို့ ယောဂလေ့ကျင့်ခန်းပုံမှန်လုပ်ပြီးထိန်းသိမ်းပါတယ်တဲ့။
*သူမရဲ ့ fitness trainer ကတော့ Yasmin Karachiwala ပါ။
*Gym ကစားတာ၊ရေကူးတာ၊နှေးနှေးပြေးတာတွေကို အများဆုံးလုပ်လေ့ရှိပါတယ်။
*သူမရဲ ့မနက်စာက အုတ်ဂျုံမှုန့်နဲ့လုပ်ထားတဲ့မနက်စာဖြစ်ပြီး နေ့လည်စာကိုတော့ထောပတ်သုတ်ထားတဲ့ အညိုရောင်ပေါင်မုန့်နဲ့ငါးကင်ကိုစားပါတယ်။ညစာကိုတော့ ဟင်းသီးဟင်းရွက်စွပ်ပြုတ်၊ငါးစွပ်ပြုတ်တွေကိုပဲ စားလေ့ရှိပါတယ်။

နာမည်ကျော်မင်းသမီးတစ်ယောက်ဆိုတော့ အမြဲတမ်းအလှအပနဲ့ခန္ဓာကိုယ်ကိုထိန်းသိမ်းနေရတာဖြစ်ပါတယ်။ဒီတော့သူမရဲ ့နည်းလမ်းလေးတွေထဲက ကိုယ်လုပ်နိုင်တဲ့နည်းလမ်းလေးတွေကို ယူပြီးလုပ်ကြည့်မယ်ဆိုရင် သူမလို လှပတဲ့ခန္ဓာကိုယ်နဲ့လှပမှုလေးကို ယူတို့လည်းပိုင်ဆိုင်နိုင်ပါတယ်လို့…။

971 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.