မှော်ဆန်ဆန် ဇာတ်ကားကြိုက်သူများအတွက် The House with a Clock in Its Walls

The House with a Clock in Its Walls ဟာ အမေရိကန် မိသားစု ဖန်စီဇာတ်ကားလေးပဲဖြစ်ပါတယ်။ စက်ဘာလ ၂၁ရက်နေ့မှ ထွက်ရှိထားပြီး ၁၉၇၃ခုနှစ်တုန်းက John Bellairs ရဲ့ဝတ္ထုကို ဒါရိုက်တာ Eli Roth က ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

Image result for The House with a Clock in Its Walls (2018)

သရုပ်ဆောင်များကတော့ Jack Black, Cate Blanchett နဲ့ Owen Vaccaro တို့ပဲဖြစ်ပါတယ်။
ကား မတော်တဆမှုကြောင့် မိဘနှစ်ပါးဆုံးပါးသွားပြီး တစ်ယောက်တည်း မိဘမဲ့ဖြစ်နေတဲ့ လူးဝစ်ဆိုတဲ့ကောင်လေးဟာ ဦးလေးဖြစ်သူနဲ့အတူနေခဲ့တယ်။

Image result for The House with a Clock in Its Walls (2018)

ဦးလေးရဲ့အိပ်ခန်းထဲကနေ ထူးဆန်းတဲ့အသံတွေကြားလို့ လိုက်လံစူးစမ်းရင်းကနေ လူးဝစ်လေးမထင်မှတ်ထားတဲ့ မှော်လောကကြီးအကြောင်းကို သိုလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ.. ဆက်လက်ခံစားကြည့်လိုက်ပါဦးနော်။ အခုဆို Channel Myanmar မှာလည်း စာတန်းထိုးနဲ့ ထွက်နေပြီဆိုတော့ ဒေါင်းပြီးအဆင်သင့်ကြည့်လိုက်ရုံပါပဲ။

Related image

မကြည့်ခင် ရုပ်ရှင် trailer လေးဖော်ပြပေးလိုက်ပါတယ်။

128 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.