Instagram အေကာင့္အဟက္ခ္ခံလုိက္ရတဲ႔ Lee Jong Suk

မၾကာခင္စစ္မႈထမ္းေဆာင္ဖုိ႔သြားရမယ့္ မင္းသားေခ်ာ Lee Jong Suk ဟာ အခုလတ္တေလာစိတ္ရႈပ္စရာေတြနဲ႔ၾကံဳေနရပံုပါ။

ႏုိ၀င္ဘာ ၂၇ရက္ေန႔က Lee Jong Suk ဟာ သူ႔ရဲ႔အင္စတာဂရမ္မွာ အဟက္ခ္ခံေနရေၾကာင္းသတိေပးခ်က္ေလးကုိ Screenshot ရုိက္ျပီးတင္ထားခဲ႔ပါတယ္။ပံုေလးနဲ႔အတူ “ခင္ဗ်ားဘယ္သူလဲ…ေက်းဇူးျပဳျပီး ဒီလုိမလုပ္ပါနဲ႔…”ဆုိျပီး ေရးကာ သူ႔ရဲ ႔အေကာင့္ကုိမဟက္ခ္ဖုိ႔ ေရးသားထားခဲ႔တာျဖစ္ပါတယ္။

View this post on Instagram

누구세요.. 그러지마요..

A post shared by 이종석 (@jongsuk0206) on

Lee Jong Suk ဟာ သိပ္မၾကာေသးခင္ကလည္း ပရိသတ္တစ္ခ်ိဳ႔ရဲ ႔အဆုိးျမင္ေ၀ဖန္စကားေတြၾကံဳခဲ႔ရလုိ႔ ေအဂ်င္စီကအေရးယူမယ္ဆုိတဲ႔သတင္းအထိပါထြက္လာခဲ႔ပါေသးတယ္။အခုလည္း အင္စတာဂရမ္အေကာင့္အဟက္ခ္ခံေနရျပန္ပါျပီ။Lee Jong Suk ရဲ ႔ေအဂ်င္စီက ဒီကိစၥနဲ႔ပတ္သက္ျပီး မၾကာခင္စံုစမ္းစစ္ေဆးမႈေတြလုပ္သြားမွာျဖစ္တယ္လုိ႔ အသိေပးခဲ႔ပါတယ္။

မၾကာေသးခင္ကလည္း TWICE အဖြဲ႔၀င္ Jihyo ရဲ ႔Naver ID အဟက္ခ္ခံလိုက္ရေသးတယ္လုိ႔သိရပါတယ္။သူမရဲ ႔အေမဆီကိုလည္း ၀မ္ ၅သန္းျခိမ္းေျခာက္ကာေတာင္းခဲ႔ပါေသးတယ္တဲ႔။အဲ႔ဒါကုိလည္း Jihyo က screenshot ရုိက္ျပီး တင္ကာ ပရိသတ္ေတြကုိအသိေပးခဲ့ပါတယ္။

Lee Jong Suk ဟာ အခုလက္ရွိ SBS ကထုတ္လႊင့္ရုိက္ကူးတဲ႔ Death Song ဇာတ္လမ္းတြဲမွာ Shin Hye Sun နဲ႔အတူတြဲဖက္ရိုက္ကူးထားပါတယ္။မၾကာခင္သူ႔ရဲ႔ ဇာတ္လမ္းတြဲသစ္ေလးထြက္လာေတာ့မွာျဖစ္လုိ႔ အားေပးဖို႔ မေမ့နဲ႔ဦးေနာ္

Unicode

မကြာခင်စစ်မှုထမ်းဆောင်ဖို့သွားရမယ့် မင်းသားချော Lee Jong Suk ဟာ အခုလတ်တလောစိတ်ရှုပ်စရာတွေနဲ့ကြုံနေရပုံပါ။

နိုဝင်ဘာ ၂ရရက်နေ့က Lee Jong Suk ဟာ သူ့ရဲ့အင်စတာဂရမ်မှာ အဟက်ခ်ခံနေရကြောင်းသတိပေးချက်လေးကို Screenshot ရိုက်ပြီးတင်ထားခဲ့ပါတယ်။ပုံလေးနဲ့အတူ “ခင်ဗျားဘယ်သူလဲ…ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့…”ဆိုပြီး ရေးကာ သူ့ရဲ ့အကောင့်ကိုမဟက်ခ်ဖို့ ရေးသားထားခဲ့တာဖြစ်ပါတယ်။

Lee Jong Suk ဟာ သိပ်မကြာသေးခင်ကလည်း ပရိသတ်တစ်ချို့ရဲ ့အဆိုးမြင်ဝေဖန်စကားတွေကြုံခဲ့ရလို့ အေဂျင်စီကအရေးယူမယ်ဆိုတဲ့သတင်းအထိပါထွက်လာခဲ့ပါသေးတယ်။အခုလည်း အင်စတာဂရမ်အကောင့်အဟက်ခ်ခံနေရပြန်ပါပြီ။Lee Jong Suk ရဲ ့အေဂျင်စီက ဒီကိစ္စနဲ့ပတ်သက်ပြီး မကြာခင်စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမှာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

မကြာသေးခင်ကလည်း TWICE အဖွဲ့ဝင် Jihyo ရဲ ့Naver ID အဟက်ခ်ခံလိုက်ရသေးတယ်လို့သိရပါတယ်။သူမရဲ ့အမေဆီကိုလည်း ဝမ် ၅သန်းခြိမ်းခြောက်ကာတောင်းခဲ့ပါသေးတယ်တဲ့။အဲ့ဒါကိုလည်း Jihyo က screenshot ရိုက်ပြီး တင်ကာ ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။

Lee Jong Suk ဟာ အခုလက်ရှိ SBS ကထုတ်လွှင့်ရိုက်ကူးတဲ့ Death Song ဇာတ်လမ်းတွဲမှာ Shin Hye Sun နဲ့အတူတွဲဖက်ရိုက်ကူးထားပါတယ်။မကြာခင်သူ့ရဲ့ ဇာတ်လမ်းတွဲသစ်လေးထွက်လာတော့မှာဖြစ်လို့ အားပေးဖို့ မမေ့နဲ့ဦးနော်

232 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.