ႏွစ္ေယာက္အတူသရုပ္ေဆာင္ရတာနဲ႔ပတ္သက္လုိ႔ ခံစားခ်က္ကုိေျပာျပလာတဲ႔ Park Shin Hye နဲ႔ Hyun Bin

tvN ကေန ထုတ္လႊင့္ျပသမယ့္ “Memories Of The Alhambra” ဇာတ္လမ္းတြဲသစ္မွာ မင္းသမီးေခ်ာ Park Shin Hye နဲ႔ မင္းသားေခ်ာ Hyun Bin တုိ႔က အတူတြဲဖက္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

ႏုိ၀င္ဘာ ၂၈ရက္ေန႔ကေတာ့ ဇာတ္လမ္းတြဲသစ္မိတ္ဆက္ပြဲက်င္းပခဲ႔ျပီး အဲ႔ဒီပြဲမွာ ႏွစ္ေယာက္သားက အလုပ္အတူတြဲလုပ္ရတာနဲ႔ပတ္သက္လုိ႔စိတ္ခံစားခ်က္ကိုယ္စီကုိ ေျပာျပခဲ႔ပါတယ္။

Park Shin Hye က “ကြ်န္မအတြက္ရုပ္ရွင္ရုိက္ကူးရတာ အရမ္းသက္ေတာင့္သက္သာျဖစ္ပါတယ္။ဘာလုိ႔လဲဆုိေတာ့ Hyun Bin က ဇာတ္၀င္ခန္းတစ္ခုခ်င္းစီမွာ ကြ်န္မကုိေသခ်ာသင္ေပးျပသေပးပါတယ္။ကြ်န္မတုိ႔ရဲ ႔ပထမဆံုးရိုက္ကူးေရးက ႏုိင္ငံျခားမွာပါ။အဲ႔ဒါေၾကာင့္ ကြ်န္မဒီဇာတ္ကားကုိရုိက္ဖုိ႔ မေသမခ်ာျဖစ္ခဲ႔ေသးတယ္။ဒါေပမဲ့ ဒီႏုိင္ငံျခားခရီးစဥ္မွာ အားလပ္ရက္ေတြဆုိရင္ ကြ်န္မတို႔အတူ အခ်ိန္ယူျပီး ေလ်ွာက္သြားေလ်ွာက္လာျဖစ္ခဲ႔ပါတယ္။ကြ်န္မက ဒီထဲမွာအငယ္ဆံုးျဖစ္လုိ႔ အနည္းငယ္အခက္အခဲရွိေပမဲ႔ Hyun Bin က ကြ်န္မကုိ အျမဲဂရုစုိက္ေပးပါတယ္။ဇာတ္လမ္းတြဲနဲ႔ပတ္သက္တာ၊အလုပ္နဲ႔ပတ္သက္တာေတြကုိ လြတ္လြတ္လပ္လပ္ေျပာဆုိႏုိင္ဖုိ႔ သူက အျမဲလမ္းေၾကာင္းေပးေလ့ရွိပါတယ္။ကြ်န္မတုိ႔ေတြ ဘီယာတစ္ခြက္ေက်ာ္ေက်ာ္ေလာက္ေသာက္ျပီး ဇာတ္ေကာင္ေတြအေၾကာင္းေျပာၾကသလုိ အနာဂတ္အစီအစဥ္ေတြနဲ႔ပတ္သက္ျပီးစိုးရိမ္ပူပန္မႈေတြကုိလည္းမ်ွေ၀ျဖစ္ခဲ႔ၾကတယ္။ျမန္ျမန္ဆန္ဆန္ပဲ ကြ်န္မတို႔ရင္းႏွီးသြားခဲ႔ၾကတယ္။သူ႔ရဲ ႔ေခါင္းေဆာင္ႏုိင္တဲ႔အရည္အခ်င္းကုိလည္းကြ်န္မအရမ္းေလးစားျပီး ေက်းဇူးလည္းတင္တယ္”လုိ႔ေျပာျပသြားခဲ႔ပါတယ္။

Hyun Bin ကလည္း “ဒါက Park Shin Hye နဲ႔ ပထမဆံုးတြဲျပီးရုိက္ရတာပါ။သူမက ကြ်န္ေတာ့္ထက္ငယ္ေပမဲ႔ ငယ္ငယ္တည္းက သရုပ္ေဆာင္လာတာျဖစ္လုိ႔ အေတြ႔အၾကံဳေတြအမ်ားၾကီးရွိေနပါတယ္။ျပီးေတာ့ သူမက သရုပ္ေဆာင္တာကုိ အရမ္းအရူးအမူးျဖစ္တယ္။သူမနဲ႔အတူသရုပ္ေဆာင္ရတာ ကြ်န္ေတာ့္အတြက္စိတ္ခြန္အားေတြအမ်ားၾကီးျဖစ္ေစပါတယ္။သူမက ၾကင္နာတတ္ျပီး ထက္ျမက္တဲ႔လူတစ္ေယာက္ပါ။ဒါက ရုိက္ကူးေရးလုပ္တဲ႔အခါမွာ ကြ်န္ေတာ္တုိ႔အားလံုးအတြက္ အကူအညီမ်ားစြာျဖစ္ေစပါတယ္။သူမနဲ႔ဇာတ္ေကာင္စရုိက္ကလည္းတစ္ထပ္တည္းလုိပါပဲ”ဆုိျပီးေျပာခဲ႔ပါတယ္။

“Memories of the Alhambra” ဇာတ္လမ္းတြဲကုိ ဒီဇင္ဘာ ၁ရက္ေန႔ ည၉နာရီမွာ ထုတ္လႊင့္ျပသမွာျဖစ္ပါတယ္။ကဲ အားေပးဖုိ႔မေမ့နဲ႔ေနာ္ ပရိသတ္ၾကီး

Unicode

tvN ကနေ ထုတ်လွှင့်ပြသမယ့် “Memories Of The Alhambra” ဇာတ်လမ်းတွဲသစ်မှာ မင်းသမီးချော Park Shin Hye နဲ့ မင်းသားချော Hyun Bin တို့က အတူတွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၈ရက်နေ့ကတော့ ဇာတ်လမ်းတွဲသစ်မိတ်ဆက်ပွဲကျင်းပခဲ့ပြီး အဲ့ဒီပွဲမှာ နှစ်ယောက်သားက အလုပ်အတူတွဲလုပ်ရတာနဲ့ပတ်သက်လို့စိတ်ခံစားချက်ကိုယ်စီကို ပြောပြခဲ့ပါတယ်။

Park Shin Hye က “ကျွန်မအတွက်ရုပ်ရှင်ရိုက်ကူးရတာ အရမ်းသက်တောင့်သက်သာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Hyun Bin က ဇာတ်ဝင်ခန်းတစ်ခုချင်းစီမှာ ကျွန်မကိုသေချာသင်ပေးပြသပေးပါတယ်။ကျွန်မတို့ရဲ ့ပထမဆုံးရိုက်ကူးရေးက နိုင်ငံခြားမှာပါ။အဲ့ဒါကြောင့် ကျွန်မဒီဇာတ်ကားကိုရိုက်ဖို့ မသေမချာဖြစ်ခဲ့သေးတယ်။ဒါပေမဲ့ ဒီနိုင်ငံခြားခရီးစဉ်မှာ အားလပ်ရက်တွေဆိုရင် ကျွန်မတို့အတူ အချိန်ယူပြီး လျှောက်သွားလျှောက်လာဖြစ်ခဲ့ပါတယ်။ကျွန်မက ဒီထဲမှာအငယ်ဆုံးဖြစ်လို့ အနည်းငယ်အခက်အခဲရှိပေမဲ့ Hyun Bin က ကျွန်မကို အမြဲဂရုစိုက်ပေးပါတယ်။ဇာတ်လမ်းတွဲနဲ့ပတ်သက်တာ၊အလုပ်နဲ့ပတ်သက်တာတွေကို လွတ်လွတ်လပ်လပ်ပြောဆိုနိုင်ဖို့ သူက အမြဲလမ်းကြောင်းပေးလေ့ရှိပါတယ်။ကျွန်မတို့တွေ ဘီယာတစ်ခွက်ကျော်ကျော်လောက်သောက်ပြီး ဇာတ်ကောင်တွေအကြောင်းပြောကြသလို အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေကိုလည်းမျှဝေဖြစ်ခဲ့ကြတယ်။မြန်မြန်ဆန်ဆန်ပဲ ကျွန်မတို့ရင်းနှီးသွားခဲ့ကြတယ်။သူ့ရဲ ့ခေါင်းဆောင်နိုင်တဲ့အရည်အချင်းကိုလည်းကျွန်မအရမ်းလေးစားပြီး ကျေးဇူးလည်းတင်တယ်”လို့ပြောပြသွားခဲ့ပါတယ်။

Hyun Bin ကလည်း “ဒါက Park Shin Hye နဲ့ ပထမဆုံးတွဲပြီးရိုက်ရတာပါ။သူမက ကျွန်တော့်ထက်ငယ်ပေမဲ့ ငယ်ငယ်တည်းက သရုပ်ဆောင်လာတာဖြစ်လို့ အတွေ့အကြုံတွေအများကြီးရှိနေပါတယ်။ပြီးတော့ သူမက သရုပ်ဆောင်တာကို အရမ်းအရူးအမူးဖြစ်တယ်။သူမနဲ့အတူသရုပ်ဆောင်ရတာ ကျွန်တော့်အတွက်စိတ်ခွန်အားတွေအများကြီးဖြစ်စေပါတယ်။သူမက ကြင်နာတတ်ပြီး ထက်မြက်တဲ့လူတစ်ယောက်ပါ။ဒါက ရိုက်ကူးရေးလုပ်တဲ့အခါမှာ ကျွန်တော်တို့အားလုံးအတွက် အကူအညီများစွာဖြစ်စေပါတယ်။သူမနဲ့ဇာတ်ကောင်စရိုက်ကလည်းတစ်ထပ်တည်းလိုပါပဲ”ဆိုပြီးပြောခဲ့ပါတယ်။

“Memories of the Alhambra” ဇာတ်လမ်းတွဲကို ဒီဇင်ဘာ ၁ရက်နေ့ ည၉နာရီမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ကဲ အားပေးဖို့မမေ့နဲ့နော် ပရိသတ်ကြီး

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.