ရှက်တတ်တဲ့ မိန်းကလေးတစ်ယောက် သင့်ကိုသဘောကျတယ်ဆိုရင်

စကားနည်းပြီး ရှက်တတ်တဲ့ မိန်းကလေးတွေကို မင်းကြိုက်ပြီဆိုရင်တော့ သူတို့အထာလေးတွေ သိထားဖို့တော့လိုတာပေါ့။ သူတို့လေးတွေကို ချည်းကပ်ရာမှာ အခြားသူတွေထက် ခက်ပါတယ်။ ဘာလို့လဲ… ကိုယ်က သဘောကျတယ်လို့ပြောရင်တောင် သူ့ဘက်က အခြေအနေက ဘယ်လိုမှန်းမသိ ။ စကားနည်းတော့ နည်းနည်းတိုင်ပတ်ပါတယ်။ ဒါကြောင့် သူတို့အထာလေးတွေ သိသလောက် ၊
ခန့်မှန်းမိသလောက် ပြောပြပေးမယ်နော်။

ရှက်တတ်တဲ့ မိန်းကလေးတွေဟာ မင်းရှေ့ရောက်ရင် နေရထိုင်ရခက်နေတတ်ပါတယ်။ မင်းနဲ့မှမဟုတ်အခြားသူတွေနဲ့ဆိုရင်လည်း ဒီလိုဖြစ်မှာပါပဲ။ လူတွေအနားရှိနေရင် သူမစိတ်ကို ပိုထိန်းချုပ်နေရတာကြောင့်ပါ။ မင်းပြောနေတာတွေကို အာရုံစိုက်နားထောင်ဖို့ သူမအတွက် ခက်ခဲမှာပါ။ ရည်းစကားပြောရင် သေချာနားဝင်အောင် ဖြစ်မယ်နော် 😛

ဖေ့စ်ဘုတ်မှာ စိမ်းနေတာတွေ့ရင် မင်းဘက်ကပဲ သူမကို စခေါ်ပါ။ မင်းကနောက်မှ active ဖြစ်ပေမယ့် ရှက်နေလို့ မင်းကိုစလာခေါ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မင်းဘက်ကပဲ အမြဲစခေါ်ပါ။ ဒါမှလည်း သူမစကားပြောမှာပါ။ လူချင်းတွေ့ရတာ မဟုတ်တဲ့အတွက် မင်းရဲ့စာတွေကိုတော့ အဆက်မပြတ်ပြန်ပို့နိုင်ပါတယ်။

သူမကို ရယ်စရာလေးတွေပြောပြပါ။ ဘယ်သူမဆိုနော် ဟာသဥာဏ်ရှိရင် လူတိုင်းခင်တယ်။ မင်းကိုတွေ့တာနဲ့ သူမပျော်ရွှင်ရမယ်။ သူမက စကားနည်းတော့ မင်းကပဲ ရယ်စရာပေါက်ကရလေးတွေပြောပြီး သူမအပြုံးတွေကို ဖန်ဆင်းပေါ့။

နောက်တစ်ဆင့်အနေနဲ့ မင်းတို့ချစ်သူဖြစ်ဖို့ အချိန်တော့ဆွဲမှာပါ။ သူမဟာ ခံစားချက်ကိုဖော်ပြရာမှာလည်းရှက်တာကြောင့် မင်းကိုသဘောကျရင်တောင် သူမပြောဖို့ ခက်ခဲနေပါလိမ့်မယ်။ အဲ့တော့ မင်းကရယ်စရာဟာသနဲ့အတူ မေးခွန်းလေးတွေမေးပါ။ မင်းကိုချစ်လား ၊ မချစ်ဘူးလားပေါ့။ ခေါင်းညိတ် ၊ ခေါင်းခါလောက်တော့ သူမလုပ်တတ်ပါတယ်။

ချစ်သူဖြစ်သွားရင်တောင် မင်းဘက်က စိတ်ရှည်မှရပါမယ်။ စကားနည်းပြီး အေးလွန်းလို့ ပျင်းတယ်ဆိုရင်တော့ အစတည်းက မလိုက်နဲ့လေနော်။ ကိုယ်ဟာ ရေခဲတုံးကိုမှ အရည်ပျော်အောင်ချစ်သူပါဆိုရင်တော့ ဒီအထာလေးတွေ မင်းနပ်ဖို့လိုပါတယ်။ စိတ်ရှည် သည်းခံ နားလည်အပြည့်ပေးရမယ်။ သူမဟာ မလှုပ်မယှက်ဆိုပေမယ့် မင်းနဲ့အချိန်ကြာ ရင်းနှီးလာတဲ့အခါ မင်းအပေါ်ခင်တွယ်လာမယ်။ သံယောဇဉ် ဖြစ်လာမယ်။ အဲ့ဒီအခါ ရှက်တတ်ပါတယ်၊ စကားနည်းပါတယ်ဆိုတဲ့ မိန်းကလေးဟာ အလိုလိုနေရင်း လူတွေနဲ့ နေသားကျလာပါလိမ့်မယ်။ မင်းနဲ့လည်း ပွင့်ပွင့်လင်းလင်း စကားပြောလာမှာပါ။

Related image

နောက်ဆုံး အရေးကြီးတာကတော့ သူမကိုချစ်ရင် သူမပြောတဲ့ စကားတစ်လုံးစီတိုင်းကို အာရုံစိုက်နားထောင်ပါ။ မင်းက မေ့သွားတာလို့ ၊ ဂရုမစိုက်မိတာတို့ဆိုရင် သူမအနေနဲ့ ခံစားရပါတယ်။ ခံစားရတာကိုလည်း ဖွင့်ပြောမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် ဒီလိုမိန်းကလေးမျိုးတွေ ချည်းကပ်တော့မယ်ဆိုရင် ဒီအချက်တွေ လိုက်နာနိုင်မှဖြစ်ပါမယ်…

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.