ကုိယ္မလုိခ်င္တဲ႔မွဲ႔ေတြကုိ သဘာ၀နည္းလမ္းေတြနဲ႔ဖယ္ရွားၾကမယ္

ကိုယ့္ခႏၶာကုိယ္မွာ ကုိယ္မလိုခ်င္တဲ႔မွဲ႔ေတြရွိတတ္ပါတယ္။အဲ႔ဒီအခါ ဘယ္လိုဖ်က္ရမလဲဆုိျပီး စိတ္ညစ္ရတတ္ပါတယ္။ဒါေပမဲ႔ အခု ကုိယ္မလိုခ်င္တဲ႔မွဲ႔ေတြကုိ သဘာ၀အတုိင္းဖယ္ရွားလုိ႔ရမယ့္ နည္းလမ္းေလးေတြရွိေနပါျပီ။အဓိကက ၾကက္ဆူဆီကုိသံုးေပးရမွာပါ။ကဲ ဘယ္လုိဖယ္ရွားရမွာလဲ ဆက္ၾကည့္လိုက္ရေအာင္

မလိုခ်င္တဲ႔မွဲ႔ေတြကုိဖယ္ရွားဖုိ႔ ၾကက္ဆူဆီနဲ႔ေပါင္းစပ္ရမယ့္ နည္းလမ္း ၄ခုရိွပါတယ္။
*ၾကက္ဆူဆီနဲ႔ မုန္႔ဖုတ္ဆုိဒါ
*ၾကက္ဆူဆီနဲ႔ ၾကက္သြန္ျဖဴ
*ၾကက္ဆူဆီနဲ႔ ပ်ားရည္
*ၾကက္ဆူဆီနဲ႔ Tea Tree Oil

ၾကိဳက္ႏွစ္သက္ရာနည္းလမ္းနဲ႔ မဖယ္ရွားခင္မွာ ကုိယ့္ရဲ ႔မွဲ႔ဟာ အႏၱရာယ္ျဖစ္ႏုိင္တဲ႔မွဲ႔လား ဆရာ၀န္နဲ႔ေသခ်ာစမ္းသပ္သင့္ပါတယ္။တစ္ခ်ိဳ႔မွဲ႔ေတြက အေရျပားကင္ဆာမွဲ႔ေတြျဖစ္ေနတတ္ပါတယ္။

*ၾကက္ဆူဆီနဲ႔ မုန္႔ဖုတ္ဆုိဒါ
ၾကက္ဆူဆီ သံုးေလးစက္နဲ႔ မုန္႔ဖုတ္ဆုိဒါ စားပြဲတင္ဇြန္းတစ္ဇြန္းကုိ ပ်စ္ပ်စ္ေလးျဖစ္ေအာင္ေရာေမႊပါ။ျပီးရင္မွဲ႔ေနရာေလးကုိ ထူထူေလးလိမ္းျပီး ကပ္ခြာပလာစတာေလးနဲ႔ ကပ္ထားလုိက္ပါ။ေနာက္တစ္ေန႔မုိးလင္းတဲ႔အခါ ကပ္ခြာကုိခြာျပီး မွဲ႔ေနရာကုိ ေရနဲ႔ေသခ်ာသန္႔စင္ပါ။မွဲ႔မေပ်ာက္ခင္အထိ
ညေနတုိင္း တစ္ရက္ျခားစီလုပ္ေပးႏုိင္ပါတယ္။မွဲ႔အေသးအၾကီးအေပၚမူတည္ျပီး တစ္ပတ္ကေန ၂ပတ္အထိ ၾကာႏုိင္ပါတယ္။

*ၾကက္ဆူဆီနဲ႔ ၾကက္သြန္ျဖဴ
ၾကက္ဆူဆီ ၂စက္သံုးစက္ကုိ ညက္ေနေအာင္ၾကိတ္ေခ်ထားတဲ႔ၾကက္သြန္ျဖဴ ၂လံုးစာနဲ႔ ေရာေမႊပါ။ထူထူေလးျဖစ္လာျပီးဆုိရင္ အဲ႔ဒီအႏွစ္ကုိ မွဲ႔ေပၚမွာအံုထားပါ။၂နာရီ သံုးနာရီေလာက္ၾကာေအာင္ထားျပီး ေရနဲ႔ေသခ်ာေဆးေၾကာကာ ေျခာက္ေသြ႔ေအာင္ထားလုိက္ပါ။တစ္ရက္ကုိ ႏွစ္ခါလုပ္ေပးရင္သိသာတဲ႔ရလဒ္ကုိုျမင္ေတြ႔ရပါလိမ့္မယ္။ၾကက္သြန္ျဖဴနဲ႔မတည့္ဘူးဆုိရင္ေတာ့ ဒီနည္းလမ္းကုိမလုပ္သင့္ပါဘူး။

*ၾကက္ဆူဆီနဲ႔ပ်ားရည္
ပ်ားရည္တစ္ဇြန္းနဲ႔ၾကက္ဆူဆီ ၂စက္ ၃စက္ကုိေရာေမႊထားပါ။ပထမဆံုး မွဲ႔ေနရာကုိေသခ်ာသန္႔ရွင္းေအာင္ေဆးေၾကာျပီး ျပန္လည္ေျခာက္ေသြ႔ေအာင္ထားပါ။ျပီးရင္ ေရာေႏွာထားတဲ႔အႏွစ္ကုိ မွဲ႔ေပၚမွာ လိမ္းလုိက္ပါ။ကပ္ခြာေလးနဲ႔ကပ္ထားျပီး ၂နာရီ ၃နာရီၾကာေအာင္ထားေပးပါ။ခဏေနရင္ေတာ့
ကပ္ခြာေလးကုိဖယ္လုိက္ျပီး ေရနဲ႔ေသခ်ာျပန္လည္ေဆးေၾကာေပးလုိ႔ရပါျပီ။တစ္ရက္ကုိ ၂ၾကိမ္ တစ္ပတ္နီးပါး လုပ္ေပးလုိ႔ရပါတယ္။၇ရက္ကေန ၁၀ရက္အတြင္း ထူးျခားတဲ႔ရလဒ္ကုိ ျမင္ေတြ႔ရပါလိမ့္မယ္။အႏွစ္မလိမ္းခင္ ေသခ်ာေဆးေၾကာသန္႔စင္ေပးဖုိ႔လုိတယ္ေနာ္

*ၾကက္ဆူဆီနဲ႔ Tea Tree Oil
ၾကက္ဆူဆီ စားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔ Tea Tree Oil သံုးစက္၊ေလးစက္ကုိေရာပါ။ေရာေႏွာထားတဲ႔အဆီကုိ ဂြမ္းလံုးေလးနဲ႔ဆြတ္ျပီးဖယ္ရွားမယ့္မွဲ႔ေနရာကုိလိမ္းေပးပါ။ျပီးရင္ေသခ်ာေအာင္ ဂြမ္းစေလးကုိ တိပ္ေလးနဲ႔ပတ္ထားေပးပါ။သံုးနာရီကေန ၄နာရီအတြင္းကပ္ထားျပီး ခြာေပးႏုိင္ပါတယ္။တစ္ရက္ကုိတစ္ၾကိမ္ျဖစ္ေစ ႏွစ္ၾကိမ္ျဖစ္ေစလုပ္ေပးပါ။တစ္ပတ္ကေန တစ္လအထိ ၾကာျမင့္ႏုိင္ပါတယ္။

သတိထားရမွာက Tea Tree oil က အေရျပားယားယံတာနီျမန္းတာေတြျဖစ္တတ္လုိ႔ မလိမ္းခင္ လက္ေမာင္းေနရာမွာ အရင္စမ္းၾကည့္သင့္ပါတယ္။

ျခံဳငံုျပီးေျပာရရင္ ၾကက္ဆူဆီကုိ ေသခ်ာသံုးတတ္ဖုိ႔လိုပါတယ္။ၾကက္ဆူေစ့၊ၾကက္ဆူဆီနဲ႔အစကတည္းက မတည့္ဘူးဆုိရင္ ဒီလုိနည္းလမ္းေတြက သင့္အတြက္ အသံုးမ၀င္ပဲ ေဘးျဖစ္ေစပါတယ္။ဒါေၾကာင့္ ဒီနည္းလမ္းေလးေတြမသံုးခင္ ၾကက္ဆူဆီနဲ႔ ကုိယ္နဲ႔တည့္လား အရင္စမ္းသပ္ၾကည့္ပါတယ္။

Unicode

ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ်မလိုချင်တဲ့မှဲ့တွေရှိတတ်ပါတယ်။အဲ့ဒီအခါ ဘယ်လိုဖျက်ရမလဲဆိုပြီး စိတ်ညစ်ရတတ်ပါတယ်။ဒါပေမဲ့ အခု ကိုယ်မလိုချင်တဲ့မှဲ့တွေကို သဘာဝအတိုင်းဖယ်ရှားလို့ရမယ့် နည်းလမ်းလေးတွေရှိနေပါပြီ။အဓိကက ကြက်ဆူဆီကိုသုံးပေးရမှာပါ။ကဲ ဘယ်လိုဖယ်ရှားရမှာလဲ ဆက်ကြည့်လိုက်ရအောင်

မလိုချင်တဲ့မှဲ့တွေကိုဖယ်ရှားဖို့ ကြက်ဆူဆီနဲ့ပေါင်းစပ်ရမယ့် နည်းလမ်း ၄ခုရှိပါတယ်။
*ကြက်ဆူဆီနဲ့ မုန့်ဖုတ်ဆိုဒါ
*ကြက်ဆူဆီနဲ့ ကြက်သွန်ဖြူ
*ကြက်ဆူဆီနဲ့ ပျားရည်
*ကြက်ဆူဆီနဲ့ Tea Tree Oil

ကြိုက်နှစ်သက်ရာနည်းလမ်းနဲ့ မဖယ်ရှားခင်မှာ ကိုယ့်ရဲ ့မှဲ့ဟာ အန္တရာယ်ဖြစ်နိုင်တဲ့မှဲ့လား ဆရာဝန်နဲ့သေချာစမ်းသပ်သင့်ပါတယ်။တစ်ချို့မှဲ့တွေက အရေပြားကင်ဆာမှဲ့တွေဖြစ်နေတတ်ပါတယ်။

*ကြက်ဆူဆီနဲ့ မုန့်ဖုတ်ဆိုဒါ
ကြက်ဆူဆီ သုံးလေးစက်နဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဇွန်းကို ပျစ်ပျစ်လေးဖြစ်အောင်ရောမွှေပါ။ပြီးရင်မှဲ့နေရာလေးကို ထူထူလေးလိမ်းပြီး ကပ်ခွာပလာစတာလေးနဲ့ ကပ်ထားလိုက်ပါ။နောက်တစ်နေ့မိုးလင်းတဲ့အခါ ကပ်ခွာကိုခွာပြီး မှဲ့နေရာကို ရေနဲ့သေချာသန့်စင်ပါ။မှဲ့မပျောက်ခင်အထိ
ညနေတိုင်း တစ်ရက်ခြားစီလုပ်ပေးနိုင်ပါတယ်။မှဲ့အသေးအကြီးအပေါ်မူတည်ပြီး တစ်ပတ်ကနေ ၂ပတ်အထိ ကြာနိုင်ပါတယ်။

*ကြက်ဆူဆီနဲ့ ကြက်သွန်ဖြူ
ကြက်ဆူဆီ ၂စက်သုံးစက်ကို ညက်နေအောင်ကြိတ်ချေထားတဲ့ကြက်သွန်ဖြူ ၂လုံးစာနဲ့ ရောမွှေပါ။ထူထူလေးဖြစ်လာပြီးဆိုရင် အဲ့ဒီအနှစ်ကို မှဲ့ပေါ်မှာအုံထားပါ။၂နာရီ သုံးနာရီလောက်ကြာအောင်ထားပြီး ရေနဲ့သေချာဆေးကြောကာ ခြောက်သွေ့အောင်ထားလိုက်ပါ။တစ်ရက်ကို နှစ်ခါလုပ်ပေးရင်သိသာတဲ့ရလဒ်ကိုုမြင်တွေ့ရပါလိမ့်မယ်။ကြက်သွန်ဖြူနဲ့မတည့်ဘူးဆိုရင်တော့ ဒီနည်းလမ်းကိုမလုပ်သင့်ပါဘူး။

*ကြက်ဆူဆီနဲ့ပျားရည်
ပျားရည်တစ်ဇွန်းနဲ့ကြက်ဆူဆီ ၂စက် ၃စက်ကိုရောမွှေထားပါ။ပထမဆုံး မှဲ့နေရာကိုသေချာသန့်ရှင်းအောင်ဆေးကြောပြီး ပြန်လည်ခြောက်သွေ့အောင်ထားပါ။ပြီးရင် ရောနှောထားတဲ့အနှစ်ကို မှဲ့ပေါ်မှာ လိမ်းလိုက်ပါ။ကပ်ခွာလေးနဲ့ကပ်ထားပြီး ၂နာရီ ၃နာရီကြာအောင်ထားပေးပါ။ခဏနေရင်တော့
ကပ်ခွာလေးကိုဖယ်လိုက်ပြီး ရေနဲ့သေချာပြန်လည်ဆေးကြောပေးလို့ရပါပြီ။တစ်ရက်ကို ၂ကြိမ် တစ်ပတ်နီးပါး လုပ်ပေးလို့ရပါတယ်။ရရက်ကနေ ၁ဝရက်အတွင်း ထူးခြားတဲ့ရလဒ်ကို မြင်တွေ့ရပါလိမ့်မယ်။အနှစ်မလိမ်းခင် သေချာဆေးကြောသန့်စင်ပေးဖို့လိုတယ်နော်

*ကြက်ဆူဆီနဲ့ Tea Tree Oil
ကြက်ဆူဆီ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ Tea Tree Oil သုံးစက်၊လေးစက်ကိုရောပါ။ရောနှောထားတဲ့အဆီကို ဂွမ်းလုံးလေးနဲ့ဆွတ်ပြီးဖယ်ရှားမယ့်မှဲ့နေရာကိုလိမ်းပေးပါ။ပြီးရင်သေချာအောင် ဂွမ်းစလေးကို တိပ်လေးနဲ့ပတ်ထားပေးပါ။သုံးနာရီကနေ ၄နာရီအတွင်းကပ်ထားပြီး ခွာပေးနိုင်ပါတယ်။တစ်ရက်ကိုတစ်ကြိမ်ဖြစ်စေ နှစ်ကြိမ်ဖြစ်စေလုပ်ပေးပါ။တစ်ပတ်ကနေ တစ်လအထိ ကြာမြင့်နိုင်ပါတယ်။

သတိထားရမှာက Tea Tree oil က အရေပြားယားယံတာနီမြန်းတာတွေဖြစ်တတ်လို့ မလိမ်းခင် လက်မောင်းနေရာမှာ အရင်စမ်းကြည့်သင့်ပါတယ်။

ခြုံငုံပြီးပြောရရင် ကြက်ဆူဆီကို သေချာသုံးတတ်ဖို့လိုပါတယ်။ကြက်ဆူစေ့၊ကြက်ဆူဆီနဲ့အစကတည်းက မတည့်ဘူးဆိုရင် ဒီလိုနည်းလမ်းတွေက သင့်အတွက် အသုံးမဝင်ပဲ ဘေးဖြစ်စေပါတယ်။ဒါကြောင့် ဒီနည်းလမ်းလေးတွေမသုံးခင် ကြက်ဆူဆီနဲ့ ကိုယ်နဲ့တည့်လား အရင်စမ်းသပ်ကြည့်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.