ပုံထဲမှာ အရင်ဆုံးမြင်ရတဲ့ ပုံစံဟာ သင့်ဘဝမှာဘာတွေဖြစ်ပျက်နေလဲဆိုတာ ဖော်ပြနေ

ပုံထဲမှာ အရင်ဆုံးမြင်ရတဲ့ပုံစံဟာ မင်းရဲ့လက်ရှိအခြေအနေကို ဖော်ပြနေပါတယ်တဲ့။ ဒီပုံရိပ်မှာ မင်းနဲ့ပတ်သတ်ပြီး ပြောပြမယ့်အကြောင်းရာတွေကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အပျော်အနေနဲ့ပဲဖြစ်ဖြစ် ဖတ်ကြည့်လိုက်နော်။

မျက်နှာ (သို့) ငါး


မျက်နှာ – မင်းဟာ လွတ်လပ်စွာတွေးခေါ်သူတစ်ဦးဖြစ်တယ်။ လူတွေကို ဂရုစိုက်တယ်။ ဆိုရှယ်ကျကျနေရတာကို သဘောကျတယ်။ လူတွေနဲ့အထိတွေ့ ၊ ဆက်ဆံတာများလေ လူတွေအကြောင်းကောင်းကောင်းသိပြီး နေ့စဉ်ပြဿနာတွေကိုလည်း ဥာဏ်ပြေးပြေးနဲ့ ဖြေရှင်းနိုင်လေပါပဲ။

ငါး – ဘဝမှာ ပျော်ပျော်နေတတ်သူကြီးပါ။ လုပ်ငန်းတွေ တိုးချဲ့ရင်း အောင်မြင်ဖို့ကြိုးစားနေသူပေါ့။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာ ပျော်အောင်နေတတ်သူမို့ လူချစ်လူခင်များတယ်။ တစ်ခုခုလွဲချော်သွားခဲ့ရင်တောင် မင်းမှာ ယုံကြည်မှုရှိရှိ အခြေအနေတစ်ခုမယိမ်းယိုင်သွားအောင် ကြိုးစားပါတယ်။

သော့ပေါက် (သို့) ငိုနေပုံ

သော့ပေါက် – မင်းဟာ သိချင်စိတ်ပြင်းထန်လွန်းသူ တစ်ယောက်ပါ။ ကိုယ့်ရဲ့ဘဝနဲ့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ အမြဲတမ်းလိုက်ကြည့်နေတတ်သူပါ။ မကြာခင်မှာ ကြီးမားထူးခြားတဲ့ အရာတွေနဲ့ တွေ့ကြုံရမယ်လို့ အမြဲတမ်းတွေးထင်နေတတ်ပါတယ်။

ငိုနေပုံ – မင်းကိုယ်တိုင်တောင် သတိမထားမိဘဲ စိတ်ခံစားမှုတွေပြင်းထန်တဲ့ အခြေအနေရောက်ပါတယ်။ စိတ်ခံစားမှုဆိုတာ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်း၊ အထီးကျန်ခြင်းနဲ့ စိတ်အလိုမကျခြင်း စသဖြင့် အခြေအနေမျိုးစုံကို ခံစားနေရတယ်။အခုကစပြီး ကိုယ့်ခံစားချက် ကိုယ် အာရုံစိုက်ဖို့လိုနေပါပြီနော်။

ယောက်ျား (သို့) မိန်းမ

ယောက်ျား – မိန်းကလေးတွေဆိုရင် ဒီအဓိပ္ပာယ်ဟာ ရိုမန်တစ်ဆန်တဲ့ rs တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဒါမှမဟုတ်လည်း မှန်ကန်တဲ့တစ်ယောက်ကို ရှာကောင်းရှာနေတာလည်းဖြစ်နိုင်ပါတယ်။ မင်းမှာ ချစ်ရမယ့်လူတစ်ယောက်ရှိပြီးသား (သို့) သူနဲ့ ထူးခြားတဲ့ဆက်နွယ်မှုတွေရှိနေပြီလို့ အဓိပ္ပာယ်ရပါတယ်။ တကယ်လို့ စာဖတ်သူဟာ ယောက်ျားဆိုရင်တော့ ကိုယ်ချစ်ရတဲ့ မိန်းကလေးမှာ အခြားယောက်ျားတစ်ယောက်ရှိနေမှာကို စိတ်ပူနေရတဲ့အနေထားပါ။

မိန်းမ – စာဖတ်သူဟာ မိန်းကလေးဆိုရင်တော့ ဘဝနဲ့ပတ်သတ်ပြီး အကောင်းမြင်တတ်သူတစ်ယောက်ပါ။ လူတိုင်းနဲ့ သဟဇာတဖြစ်အောင် နေတတ်ပြီး လုံခြုံတဲ့ မိန်းကလေးတစ်ယောက်ပါ။ တကယ်လို့ မင်းဟာယောက်ျားလေးဆိုရင်တော့ မိန်းကလေးတွေကို တန်ဖိုးထားသူတစ်ယောက်ပါ။ အရမ်းလည်း မရောပဲ ခပ်တည်တည်နေတတ်တဲ့ ယောက်ျားမျိုးပါ။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.