မိန်းကလေးတွေက ခန့်မှန်းရခက်ပါတယ်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဆိုတာသိပေမဲ့ ပြဿနာတက်တဲ့အချိန် ခံစားရခက်မှာပဲ။ ချစ်သူတွေကြား ၀င်ပါဖို့ခက်တယ်ဆိုတော့ ကိုယ့်ဘော်ဒါတွေက ၀င်အကြံပေးဖို့လည်း အခက်တွေ့ကြလိမ့်မယ်။ အကောင်းဆုံးက ပြဿနာဖြစ်ရင် တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်ခဲ့တာ၊ ကောင်းခဲ့တာ တွေကို ပြန်မြင်ယောင်ပြီး ချင့်ချိန်ပါ။ တစ်ခုခုဆို အရိပ်တကြည့်ကြည့်ဆိုသလိုသာ နေပေါ့ဗျာ။
သူမက စကားပြန်မပြောတဲ့အခါ
“ကိုယ် မင်းကိုချစ်တယ်။ ပြုံးပြုံးလေး နေနော်။” လို့ပြောလိုက်ပါ။
သူမက ထအော်တဲ့အခါ
ဘယ်သူ့ကို အော်နေတာလဲ ဆိုတာကို သိအောင်လုပ်ပါ။ တခြားတစ်ယောက်ကို ဆိုရင် အော်ငေါက်ခွင့်ပေးလိုက်။ သင့်ကို ထအော်နေတာ ဆိုရင်တော့ “တစ်ခုခု သောက်ပြီး အဲ့ဒီ့အကြောင်း အေးဆေးပြောရအောင်။” လို့ပြောလိုက်ပါ။
သူမ မေးစေ့တွေ တဆတ်ဆတ်တုန်နေတဲ့အခါ
ရုတ်တရက် ချက်ချင်းဆိုသလို ဖက်ထားလိုက်ပါ။
သူမ ကိုယ်တွေပူနေတဲ့အခါ
ပါရာစီတမော ၅၀၀ မီလီဂရမ်ပါတဲ့ အဖျားပျောက်ဆေးတစ်ခုခု တိုက်လိုက်ပါ။
ခေါင်းတွေပါကိုက်နေတယ်ဆိုရင် PParacetamol တစ်လုံး၊ Neurobion အပြာ တစ်လုံး တိုက်ပါ။ အအေးမိ၊ နှာစေး တာဆိုရင် နိုကိုလီ တိုက်လိုက်ပေါ့။
ချစ်တင်းနှောခွင့် မပေးဘူးဆိုရင်
ကျောသပ်ပေး၊ ရွှေလည်တိုင်ကို အနမ်းပေးလိုက်ပါ။ 😛
သူမရဲ့ မိန်းကလေး သူငယ်ချင်းက သိပ်ဆွဲဆောင်မှုရှိနေတယ်ဆိုရင်
မျက်လုံးချင်း မဆုံမိအောင် ဂရုစိုက်ပါ။
သင့်ဖုန်းကို ပြန်မဖြေဘူးဆိုရင်
ဆက်ခေါ်ပေါ့။
Ref:esquire