ငယ်ရွယ်တုန်းမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေအတွက်စွန့်စားဖို့မကြောက်ပါနဲ့







Unicode

ငယ်တုန်းရွယ်တုန်း မှာ ကိုယ်တိုင်အမှန်တကယ်ဖြစ်ချင်တဲ့အရာတွေအတွက် စွန့်စားရဲတင်းဖို့ဝန်မလေးပါနဲ့။ ကိုယ့်တစ်ဘဝလုံးကို သက်ရောက်သွားစေနိုင်တာက ငယ်ရွယ်တုန်းက ရွေးချယ်ခဲ့တဲ့ရွေးချယ်မှုပါ။ ကိုယ့်မှာ ရွေးချယ်စရာ တွေများတုန်း အချိန်တွေရှိတုန်းမှာ ကိုယ်တကယ်မလုပ်ချင်တဲ့အရာကဘာလဲ…ကိုယ်တကယ်လုပ်ချင်တဲ့အရာကဘာလဲဆိုတာမျိုးတွေးပြီး ရဲရဲကြီးသာစွန့်စားလိုက်ပါ…ဒါပင်မဲ့မစွန့်စားခင်တွေးရမဲ့အရာလေးတွေတော့ရှိပါသေးတယ်။ ဒီလိုအချက်တွေကိုထည့်စဉ်းစားမှလည်းကိုယ့်ရဲ့ မှန်ကန်တဲ့စွန့်စားမှုအဓိပ္ပါယ်ရှိတဲ့ စွန့်စားမှုမျိုးဖြစ်မှာမဟုတ်လေဘူးလား…

(၁) ကိုယ်တကယ်လုပ်ချင်တဲ့အရာလားဆိုတာစဉ်းစားပါ

(၂) ကိုယ်စွန့်စားလိုက်လို့ ဘယ်လိုအရာတွေ ဘယ်သူတွေအတွက်နစ်နာစေသလဲဆိုတာစဉ်းစာပါ

(၃) ကိုယ့်ရဲ့စွန့်စားမှုက အဓိပ္ပါယ်ရှိတဲ့ စွန့်စားမှုလားစဉ်းစားပါ

(၄) ကိုယ့်ရဲ့စွန့်စားမှုကြောင့် ဘယ်လိုအကျိုးသက်ရောက်မှုတစ်ချိန်မှကိုယ်ပြန်ခံစားရမလဲဆိုတဲ့ရေရှည်ကို စဉ်းစားပါ

ဒီလိုအချက်တွေကိုသင်စဉ်းစားပြီးပြီဆိုရင်တော့သင့်ဖြစ်ချင်တဲ့ မှန်ကန်တဲ့အရာတိုင်းအတွက်စွန့်စားဖို့ မတုန်လှုပ်ပါနဲ့တော့…

402 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.