ရံုးပတီသီးကုိ ဘာလို႔ပံုမွန္စားေပးသင့္တာလဲ?

ရံုးပတီသီးကုိစားသာစားေနေပမဲ႔ သူ႔ရဲ ႔က်န္းမာေရးေကာင္းက်ိဳးေတြကုိသိသူရွားပါတယ္။ရံုးပတီသီးဟာ ထမင္းစားတဲ႔အခါ အတုိ႔အျမွဳပ္သဖြယ္၊ဟင္းခ်ိဳသဖြယ္ခ်က္ျပဳတ္စားေသာက္လုိ႔ရျပီး အရသာရွိလို႔ အမ်ားစုက ၾကိဳက္ၾကပါတယ္။ဒီလုိရံုးပတီသီးကုိ မ်ားမ်ားစားေပးသင့္တဲ႔တစ္ျခားအေၾကာင္းရင္းေတြလည္းရွိေနပါေသးတယ္။ဘာလုိ႔မ်ားမ်ားစားေပးသင့္တာလဲဆုိရင္

ရံုးပတီသီးမွာ ဗီတာမင္စီ၊ဗီတာမင္အီး၊သံဓာတ္၊မဂၢနီဆီယမ္၊ေဖာ့စေဖာရပ္စ္၊ဇင့္၊ကာဗြန္ဟုိက္ဒရိတ္၊ပရုိတင္း၊အမ်ွင္ဓာတ္ေတြပါ၀င္လုိ႔ က်န္းမာေရးအရၾကည့္မယ္ဆုိရင္ စားကုိစားေပးသင့္ပါတယ္။ရံုးပတီသီးမွာ ဘယ္လိုက်န္းမာေရးေကာင္းက်ိဳးေတြရွိေနလဲဆုိေတာ့…

*အမ်ွင္ဓာတ္မ်ားျပား
ရံုးပတီသီးမွာ အမ်ွင္ဓာတ္မ်ားျပားတဲ႔အတြက္ေၾကာင့္ အစာေခ်ဖ်က္မႈေကာင္းမြန္ေစျပီး ခႏၶာကုိယ္အတြင္းအဂၤါေတြလုပ္ေဆာင္မႈကုိပုိမိုေကာင္းမြန္လာေစပါတယ္။ကုိယ္အေလးခ်ိန္ေလ်ွာ့ခ်ခ်င္တဲ႔သူေတြအတြက္လည္း ရံုးပတီသီးက သင့္ေတာ္တဲ႔ဟင္းခ်က္စရာတစ္ခုပါပဲ။

*ဆီးခ်ိဳေရာဂါကာကြယ္ေပးတယ္
ရံုးပတီသီးက ဆီးခ်ိဳေရာဂါကာကြယ္ေပးတယ္ဆုိျပီးအသိမ်ားပါတယ္။ရံုးပတီသီးမွာ ပါ၀င္တဲ႔အမ်ွင္ဓာတ္က ဆီးခ်ိဳမတက္ေအာင္ ကာကြယ္ေပးတာပါ။ဆီးခ်ိဳကုိ ထိန္းခ်ဳပ္ကာကြယ္ႏုိင္ဖုိ႔သံုးႏုိင္တဲ႔နည္းလမ္းက ရံုးပတီသီးေရပါ။

ရံုးပတီသီးႏွစ္ေတာင့္ကုိယူပါ။အဖ်ားေတြကုိျဖတ္လိုက္ပါ။ျပီးရင္ ပါးပါးလွီးပါ။ပါးပါးလွီးတုိင္း
အခြ်ဲေတြထြက္လာပါလိမ့္မယ္။ေရမေဆးပါနဲ႔။ဖန္ခြက္တစ္ခြက္စာေရအျပည့္ထည့္ျပီးရင္ ပါးပါးလွီးထားတဲ႔ရံုးပတီသီးေတြကုိ ဖန္ခြက္ထဲထည့္ကာ တစ္ညလံုးစိမ္ထားပါ။ဖံုးအုပ္ထားဖုိ႔လည္းမေမ့ပါနဲ႔။မနက္ေရာက္ရင္ ရံုးပတီသီးအဖတ္ေတြဖယ္ထုတ္ျပီးေရကုိေသာက္ေပးပါ။ဒီေရထဲမွာပါ၀င္ေနတဲ႔
အခြ်ဲအမ်ွင္ဓာတ္က ကုိလက္စထေရာဓာတ္ကုိေလ်ွာ့ခ်ေပးျပီး ဆီးခ်ိဳတက္ေစတဲ႔သၾကားဓာတ္ကုိေလ်ွာ့ခ်ေပးပါတယ္။

*ဗီတာမင္ ေကပါ၀င္တယ္
ရံုးပတီသီးမွာ ဗီတာမင္ေကပါ၀င္လုိ႔ ခႏၶာကိုယ္တစ္ခုလံုးမွာရွိတဲ႔ အရုိးေတြကုိသန္မာလာေစပါတယ္။အရုိးက်န္းမာေရးအတြက္ ရံုးပတီးသီးကုိပံုမွန္ေလးစားေပးသင့္ပါတယ္။

*၀မ္းခ်ဳပ္ျခင္းကုိကာကြယ္ေပးတယ္
အမ်ွင္ဓာတ္ပါ၀င္တဲ႔ဟင္းသီးဟင္းရြက္၊အသီးအႏွံေတြက ၀မ္းခ်ဳပ္တာကုိကာကြယ္ေပးတာ အားလံုးသိျပီးသားျဖစ္မွာပါ။ရံုးပတီသီးကလည္း အမ်ွင္ဓာတ္ၾကြယ္၀လုိ႔ ၀မ္းခ်ဳပ္တာမ်ိဳးမျဖစ္ေစပဲ ၀မ္းပံုမွန္သြားေစပါတယ္။မၾကာခဏ၀မ္းခ်ဳပ္တတ္သူေတြ စားေပးသင့္ပါတယ္။

*အူမၾကီးကင္ဆာကာကြယ္ေပးတယ္
အူမၾကီးကေန ေရာဂါမ်ိဳးစံုစတင္ျဖစ္ပြားလာတတ္ပါတယ္။ဒါေပမဲ့ရံုးပတီသီးကုိပံုမွန္စားေသာက္ေပးမယ္ဆုိရင္ အူမၾကီးကင္ဆာ၊အူမၾကီးကေနတစ္ဆင့္ျဖစ္တတ္တဲ႔ေရာဂါေတြကုိ ကာကြယ္ျပီးသားျဖစ္ေစပါတယ္။ခႏၶာကုိယ္အတြင္းအစိတ္အပုိင္းေတြသန္႔ရွင္းဖုိ႔ ကူညီေပးႏုိင္တဲ႔ဟင္းသီးဟင္းရြက္
တစ္မ်ိဳးပါပဲ။

*အ၀လြန္ျခင္းမျဖစ္ေအာင္ ကာကြယ္ေပးတယ္
ကုိယ္ေန႔စဥ္စားေသာက္ေနတဲ႔အစားအေသာက္ေတြေၾကာင့္ အ၀လြန္တာမ်ိဳးမျဖစ္ေအာင္ရံုးပတီသီးက ကာကြယ္ေပးပါတယ္။ရံုးပတီသီးမွာပါ၀င္တဲ႔ သဘာ၀ဓာတ္ေတြေၾကာင့္ အဆီစုတာေတြမျဖစ္ေစေတာ့ပဲ ၀မ္းလည္းပံုမွန္ျဖစ္ေစျပီး အ၀လြန္တာမ်ိဳးမျဖစ္ေအာင္ကူညီေပးပါတယ္။

*ေက်ာက္ကပ္ေရာဂါျဖစ္ျခင္းကေန ကာကြယ္ေပးတယ္
ဆီးခ်ိဳ type 2 ရွိရင္ေက်ာက္ကပ္နဲ႔ပတ္သက္ျပီးလည္းစိတ္ပူရပါတယ္။ဆီးခ်ိဳေၾကာင့္ ေက်ာက္ကပ္နဲ႔ပတ္သက္ဆက္ႏြယ္တဲ႔ ေရာဂါေတြျဖစ္လာႏိုင္ပါတယ္။ေန႔စဥ္ပံုမွန္ရံုးပတီသီးကုိစားေပးမယ္။ရံုးပတီသီးစိမ္ေရကုိလည္းေသာက္ေပးမယ္ဆုိရင္ေတာ့ ေက်ာက္ကပ္နဲ႔ပတ္သက္တဲ႔ေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ေပးပါလိမ့္မယ္။

*အေရးအေၾကာင္းကင္းျပီး ႏုပိ်ဳေစတယ္
ကြ်မ္းက်င္သူေတြရဲ ႔ေလ့လာခ်က္အရ ရံုးပတီသီးမွာအသားအရည္ကုိ ႏုပ်ိဳေစတဲ႔ ဗီတာမင္စီပါ၀င္တာေတြ႔ခဲ႔ရျပီး ဆဲလ္ေတြကုိလည္းျပန္လည္ျပဳျပင္ေပးတာ ေတြ႔ခဲ႔ရပါတယ္။ဒါေၾကာင့္ ရံုးပတီသီးကုိ ေန႔တုိင္းဟင္းခ်က္စားမယ္ဆုိရင္အရြယ္တင္ႏုပ်ိဳေစမွာအမွန္ပါပဲ။

ဒီအခ်က္ေတြကေတာ့ ရံုးပတီသီးကုိပံုမွန္စားေပးသင့္တဲ့အခ်က္ေတြပါပဲ။

Source:stylecraze

Unicode

ရုံးပတီသီးကိုစားသာစားနေပေမဲ့ သူ့ရဲ ့ကျန်းမာရေးကောင်းကျိုးတွေကိုသိသူရှားပါတယ်။ရုံးပတီသီးဟာ ထမင်းစားတဲ့အခါ အတို့အမြှုပ်သဖွယ်၊ဟင်းချိုသဖွယ်ချက်ပြုတ်စားသောက်လို့ရပြီး အရသာရှိလို့ အများစုက ကြိုက်ကြပါတယ်။ဒီလိုရုံးပတီသီးကို များများစားပေးသင့်တဲ့တစ်ခြားအကြောင်းရင်းတွေလည်းရှိနေပါသေးတယ်။ဘာလို့များများစားပေးသင့်တာလဲဆိုရင်

ရုံးပတီသီးမှာ ဗီတာမင်စီ၊ဗီတာမင်အီး၊သံဓာတ်၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်စ်၊ဇင့်၊ကာဗွန်ဟိုက်ဒရိတ်၊ပရိုတင်း၊အမျှင်ဓာတ်တွေပါဝင်လို့ ကျန်းမာရေးအရကြည့်မယ်ဆိုရင် စားကိုစားပေးသင့်ပါတယ်။ရုံးပတီသီးမှာ ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေရှိနေလဲဆိုတော့…

*အမျှင်ဓာတ်များပြား
ရုံးပတီသီးမှာ အမျှင်ဓာတ်များပြားတဲ့အတွက်ကြောင့် အစာချေဖျက်မှုကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်းအင်္ဂါတွေလုပ်ဆောင်မှုကိုပိုမိုကောင်းမွန်လာစေပါတယ်။ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေအတွက်လည်း ရုံးပတီသီးက သင့်တော်တဲ့ဟင်းချက်စရာတစ်ခုပါပဲ။

*ဆီးချိုရောဂါကာကွယ်ပေးတယ်
ရုံးပတီသီးက ဆီးချိုရောဂါကာကွယ်ပေးတယ်ဆိုပြီးအသိများပါတယ်။ရုံးပတီသီးမှာ ပါဝင်တဲ့အမျှင်ဓာတ်က ဆီးချိုမတက်အောင် ကာကွယ်ပေးတာပါ။ဆီးချိုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့သုံးနိုင်တဲ့နည်းလမ်းက ရုံးပတီသီးရေပါ။

ရုံးပတီသီးနှစ်တောင့်ကိုယူပါ။အဖျားတွေကိုဖြတ်လိုက်ပါ။ပြီးရင် ပါးပါးလှီးပါ။ပါးပါးလှီးတိုင်း
အချွဲတွေထွက်လာပါလိမ့်မယ်။ရေမဆေးပါနဲ့။ဖန်ခွက်တစ်ခွက်စာရေအပြည့်ထည့်ပြီးရင် ပါးပါးလှီးထားတဲ့ရုံးပတီသီးတွေကို ဖန်ခွက်ထဲထည့်ကာ တစ်ညလုံးစိမ်ထားပါ။ဖုံးအုပ်ထားဖို့လည်းမမေ့ပါနဲ့။မနက်ရောက်ရင် ရုံးပတီသီးအဖတ်တွေဖယ်ထုတ်ပြီးရေကိုသောက်ပေးပါ။ဒီရေထဲမှာပါဝင်နေတဲ့
အချွဲအမျှင်ဓာတ်က ကိုလက်စထရောဓာတ်ကိုလျှော့ချပေးပြီး ဆီးချိုတက်စေတဲ့သကြားဓာတ်ကိုလျှော့ချပေးပါတယ်။

*ဗီတာမင် ကေပါဝင်တယ်
ရုံးပတီသီးမှာ ဗီတာမင်ကေပါဝင်လို့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အရိုးတွေကိုသန်မာလာစေပါတယ်။အရိုးကျန်းမာရေးအတွက် ရုံးပတီးသီးကိုပုံမှန်လေးစားပေးသင့်ပါတယ်။

*ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတယ်
အမျှင်ဓာတ်ပါဝင်တဲ့ဟင်းသီးဟင်းရွက်၊အသီးအနှံတွေက ဝမ်းချုပ်တာကိုကာကွယ်ပေးတာ အားလုံးသိပြီးသားဖြစ်မှာပါ။ရုံးပတီသီးကလည်း အမျှင်ဓာတ်ကြွယ်ဝလို့ ဝမ်းချုပ်တာမျိုးမဖြစ်စေပဲ ဝမ်းပုံမှန်သွားစေပါတယ်။မကြာခဏဝမ်းချုပ်တတ်သူတွေ စားပေးသင့်ပါတယ်။

*အူမကြီးကင်ဆာကာကွယ်ပေးတယ်
အူမကြီးကနေ ရောဂါမျိုးစုံစတင်ဖြစ်ပွားလာတတ်ပါတယ်။ဒါပေမဲ့ရုံးပတီသီးကိုပုံမှန်စားသောက်ပေးမယ်ဆိုရင် အူမကြီးကင်ဆာ၊အူမကြီးကနေတစ်ဆင့်ဖြစ်တတ်တဲ့ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းတွေသန့်ရှင်းဖို့ ကူညီပေးနိုင်တဲ့ဟင်းသီးဟင်းရွက်
တစ်မျိုးပါပဲ။

*အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်
ကိုယ်နေ့စဉ်စားသောက်နေတဲ့အစားအသောက်တွေကြောင့် အဝလွန်တာမျိုးမဖြစ်အောင်ရုံးပတီသီးက ကာကွယ်ပေးပါတယ်။ရုံးပတီသီးမှာပါဝင်တဲ့ သဘာဝဓာတ်တွေကြောင့် အဆီစုတာတွေမဖြစ်စေတော့ပဲ ဝမ်းလည်းပုံမှန်ဖြစ်စေပြီး အဝလွန်တာမျိုးမဖြစ်အောင်ကူညီပေးပါတယ်။

*ကျောက်ကပ်ရောဂါဖြစ်ခြင်းကနေ ကာကွယ်ပေးတယ်
ဆီးချို type 2 ရှိရင်ကျောက်ကပ်နဲ့ပတ်သက်ပြီးလည်းစိတ်ပူရပါတယ်။ဆီးချိုကြောင့် ကျောက်ကပ်နဲ့ပတ်သက်ဆက်နွယ်တဲ့ ရောဂါတွေဖြစ်လာနိုင်ပါတယ်။နေ့စဉ်ပုံမှန်ရုံးပတီသီးကိုစားပေးမယ်။ရုံးပတီသီးစိမ်ရေကိုလည်းသောက်ပေးမယ်ဆိုရင်တော့ ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

*အရေးအကြောင်းကင်းပြီး နုပျိုစေတယ်
ကျွမ်းကျင်သူတွေရဲ ့လေ့လာချက်အရ ရုံးပတီသီးမှာအသားအရည်ကို နုပျိုစေတဲ့ ဗီတာမင်စီပါဝင်တာတွေ့ခဲ့ရပြီး ဆဲလ်တွေကိုလည်းပြန်လည်ပြုပြင်ပေးတာ တွေ့ခဲ့ရပါတယ်။ဒါကြောင့် ရုံးပတီသီးကို နေ့တိုင်းဟင်းချက်စားမယ်ဆိုရင်အရွယ်တင်နုပျိုစေမှာအမှန်ပါပဲ။

ဒီအချက်တွေကတော့ ရုံးပတီသီးကိုပုံမှန်စားပေးသင့်တဲ့အချက်တွေပါပဲ။

Source:stylecraze

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.