ကိုယ္႔ရဲ႕အားနည္းခ်က္ကို ဖံုးဖိစရာမလိုတဲ႔Relationship မ်ိဳးမွာသာယာပါ…

Relationship တစ္ခုသာယာဖို႕ဆိုတာ လြယ္လြယ္ေလးလို႕မထင္လုိက္ပါနဲ႕…တစ္ခ်ိဳ႕သူေတြက ေျပာျကတယ္ မင္းတို႕အခ်စ္ေရးကကြာသာယာလိုက္တာ…မင္းတို႕အတြဲကကြာလိုက္ဖက္လုိက္တာ အားက်လုိက္တာ Idol couple စသျဖင္႔ေပါ႔…တကယ္ေတာ႔ ဒီလုိေပ်ာ္ရႊင္ေအးခ်မ္းေနရတဲ႔အတြဲေတြျကားမွာ ဘယ္လုိသံေယာဇဥ္ေတြနဲ႕ ခ်ည္ေနွာင္ထားရလဲ..ဘယ္လုိသည္းခံမႈေတြနဲ႕တစ္ေယာက္အေပၚတစ္ေယာက္ေနခဲ႔ရလဲ၊ ဘယ္လုိနားလည္မႈေတြ ကို ထားခဲ႔ရလဲ၊ ဘယ္လုိအခက္ခဲေတြကို ေျဖရွင္းခဲ႔ရလည္းဆိုတာ ကာယကံရွင္ေတြအသိဆံုးပါ။ တစ္ေယာက္နဲ႕တစ္ေယာက္ျကိုက္ဖို႕လြယ္ပင္မဲ႕တစ္ေယာက္ကိုတစ္ေယာက္အမွန္တကယ္ခ်စ္ျမတ္နိုးျပီး ဘ၀ထဲထိ၀င္ဖို႕ ျဖတ္သန္းရတာေတြက တစ္ပံုတစ္ပင္ျကီးပါ။

ဒီေတာ႔ ခက္ခဲတဲ႔ လမ္းေတြကို ျဖတ္သန္းဖို႕သင္႔ရဲ႕ခ်စ္သူဟာအနည္းဆံုးေတာ႔ သင္႔ရဲ႕အားနည္းခ်က္ေတြကို ဖံုးဖိေဖာ႕ေတြးေပးျပီးအားသာခ်က္ေတြကို ပိုေတြးေပးတတ္တဲ႔သူမ်ိဳးျဖစ္ေနဖို႕လိုပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္တယ္ဆိုတာ ေမတၱာတရားဆုိတာပါပါဖို႕လိုတာေပါ႔ေနာ္…ေကာင္းတာေတြျကီးရွိမွ ခ်စ္မယ္ဆိုတာက တကယ္ခ်စ္တာမဟုတ္ပါဘူး။ ကိုယ္႔မွာရွိတဲ႔သူမျကိုက္တဲ႕အားနည္းခ်က္ေတြကို သူကိုယ္တုိင္ေျဖေတြးေပးနုိင္ျပီး သူ႕မွာရွိတဲ႔ကိုယ္မျကိုက္တဲ႔အားနည္းခ်က္ေတြကိုလည္းကိုယ္က ေလာ်႔ေတြးေပးနုိင္မွ သင္တို႕အခ်စ္ေရးကသာယာနုိင္မွာပါ။ ဒါေျကာင္႔ျပီးျပည္႔စံုတယ္လို႕မရွိတဲ႔ လူ႕ဘ၀ျကီးထဲမွာ ကိုယ္႔အေပၚခ်စ္တဲ႔စိတ္နဲ႕ကိုယ္႔ရ႕ဲအားနည္းခ်က္ေတြကို လက္ခံနားလည္ျပီးေဖာ႔ေတြးေပးတတ္တဲ႔သူကိုတန္ဖိုးထားနုိင္ပါေစ။

Unicode

Relationship တစ်ခုသာယာဖို့ဆိုတာ လွယ်လွယ်လေးလို့မထင်လိုက်ပါနဲ့…တစ်ချို့သူတွေက ပြောကြတယ် မင်းတို့အချစ်ရေးကကွာသာယာလိုက်တာ…မင်းတို့အတွဲကကွာလိုက်ဖက်လိုက်တာ အားကျလိုက်တာ Idol couple စသဖြင့်ပေါ့…တကယ်တော့ ဒီလိုပျော်ရွှင်အေးချမ်းနေရတဲ့အတွဲတွေကြားမှာ ဘယ်လိုသံယောဇဉ်တွေနဲ့ ချည်နှောင်ထားရလဲ..ဘယ်လိုသည်းခံမှုတွေနဲ့တစ်ယောက်အပေါ်တစ်ယောက်နေခဲ့ရလဲ၊ ဘယ်လိုနားလည်မှုတွေ ကို ထားခဲ့ရလဲ၊ ဘယ်လိုအခက်ခဲတွေကို ဖြေရှင်းခဲ့ရလည်းဆိုတာ ကာယကံရှင်တွေအသိဆုံးပါ။ တစ်ယောက်နဲ့တစ်ယောက်ကြိုက်ဖို့လွယ်ပင်မဲ့တစ်ယောက်ကိုတစ်ယောက်အမှန်တကယ်ချစ်မြတ်နိုးပြီး ဘဝထဲထိဝင်ဖို့ ဖြတ်သန်းရတာတွေက တစ်ပုံတစ်ပင်ကြီးပါ။

ဒီတော့ ခက်ခဲတဲ့ လမ်းတွေကို ဖြတ်သန်းဖို့သင့်ရဲ့ချစ်သူဟာအနည်းဆုံးတော့ သင့်ရဲ့အားနည်းချက်တွေကို ဖုံးဖိဖော့တွေးပေးပြီးအားသာချက်တွေကို ပိုတွေးပေးတတ်တဲ့သူမျိုးဖြစ်နေဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ မေတ္တာတရားဆိုတာပါပါဖို့လိုတာပေါ့နော်…ကောင်းတာတွေကြီးရှိမှ ချစ်မယ်ဆိုတာက တကယ်ချစ်တာမဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့သူမကြိုက်တဲ့အားနည်းချက်တွေကို သူကိုယ်တိုင်ဖြေတွေးပေးနိုင်ပြီး သူ့မှာရှိတဲ့ကိုယ်မကြိုက်တဲ့အားနည်းချက်တွေကိုလည်းကိုယ်က လောျ့တွေးပေးနိုင်မှ သင်တို့အချစ်ရေးကသာယာနိုင်မှာပါ။ ဒါကြောင့်ပြီးပြည့်စုံတယ်လို့မရှိတဲ့ လူ့ဘဝကြီးထဲမှာ ကိုယ့်အပေါ်ချစ်တဲ့စိတ်နဲ့ကိုယ့်ရဲ့အားနည်းချက်တွေကို လက်ခံနားလည်ပြီးဖော့တွေးပေးတတ်တဲ့သူကိုတန်ဖိုးထားနိုင်ပါစေ။

950 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.