Rain ရဲ့မိဘတွေကြောင့် သူတို့မိသားစုဆင်းရဲနေတာလို့ ဖွင့်ဟပြောလာတဲ့အင်တာနက်သုံးစွဲသူတစ်ဦး
Unicode
အင်တာနက်သုံးစွဲသူတစ်ယောက်ဟာ သူတို့မိသားစုဆင်းရဲနွမ်းပါးစွာနေထိုင်နေရတာဟာ Rain ရဲ ့မိဘတွေကြောင့်လို့အခိုင်အမာဖွင့်ပြောလာပါတယ်။
Koreaboo မီဒီယာရဲ ့ဖော်ပြချက်အရ ထိုအင်တာနက်သုံးစွဲသူဟာ နိုဝင်ဘာ ၂၆ရက်နေ့က “အဆိုတော် Rain ရဲ ့မိဘတွေဟာ ကျွန်တော့်မိဘတွေဆီကပိုက်ဆံချေးငှားသွားပြီး ပြန်လည်းမဆပ်ပဲ ပျောက်သွားတယ်”ဆိုတဲ့ခေါင်းစဉ်နဲ့အတူ နာမည်တွေ၊လက်မှတ်တွေရေးထိုးထားတဲ့စာရွက်စာတမ်းတွေကိုပါ ထုတ်ဖော်ပြသခဲ့ပါတယ်။
သူ့ရဲ ့အဆိုအရ “၁၉၈၈ ခုနှစ်တုန်းက သူ့ရဲ ့မိဘတွေဟာ Yongmun စျေးမှာ ဆန်ရောင်းပါတယ်။Rain ရဲ ့မိဘတွေက ဆန်မုန့်ဆိုင်ဖွင့်ထားတာပါ။နောက်တော့ Rain ရဲ ့မိဘတွေဟာ ကိုရီးယားဝမ်ငွေ ၁ရသန်းတန်ဖိုးရှိ ဆန်တွေနဲ့ ငွေသား ၈သန်းကို ချေးငှားခဲ့ပါတယ်။ဒါပေမဲ့ Rain ရဲ ့မိဘတွေကခက်ခဲနေတယ်ဆိုတာ ပြန်မဆပ်ခဲ့ပါဘူး။ငွေရင်းကိုပဲဆပ်ဖို့ပြောတာတောင် မဆပ်ပဲ ပျောက်သွားကြပါတယ်။အခု သူ့မိဘတွေအသက် ၆၀ ကျော်နေပါပြီ။သူတို့က Rain ကိုစာနဲ့ဆက်သွယ်ဖို့ကြိုးစားပေမဲ့မရခဲ့ပါဘူး။Rain တို့က အခု ပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့ဘဝမှာနေနေပေမဲ့ သူတို့မိသားစုကတော့ ခက်ခဲတဲ့အခြေအနေဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ သူတို့ရမယ့် ကိုရီးယားဝမ်ငွေ ၂၅သန်းကို Rain ရဲ့မိဘတွေက ပြန်လည်မဆပ်ခဲ့တဲ့အတွက်ကြောင့်ပါ”ဆိုပြီးရေးသားခဲ့တာပါ။
ဒီအကြောင်းကိစ္စနဲ့ပတ်သက်လို့ Rain ဘက်က ဘာမှတုံ့ပြန်ပြောဆိုတာတော့မတွေ့ရသေးပါဘူး။ဒီသတင်းက ကောလဟာလပဲလား တကယ်ပဲလားဆိုတာဆက်ပြီးစောင့်ကြည့်ရပါဦးမယ်။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.