Brand event တစ်ခုကို အတူတူတက်ရောက်မယ့် HyunA နဲ့ E’Dawn

HyunA နဲ့ E’Dawn ကတော့ Gangnam မှာကျင်းပမယ့် Luxury brand တစ်ခုရဲ့ပွဲကို နိုဝင်ဘာ ၂၉ရက်နေ့တက်ရောက်မယ်လို့ သိရပါတယ်။ Cube Entertainment မှထွက်ပြီးတည်းက ဒီပွဲဟာ သူတို့နှစ်ယောက်ရဲ့ပထမဆုံး လှုပ်ရှားမှုပဲဖြစ်ပါတယ်။

Image result for HyunA and E’Dawn

သူတို့ရဲ့ဒိတ်သတင်းတွေဟာ ဇူလိုင်လမှာပြုလုပ်ခဲ့တဲ့ Triple H promotions တည်းကထွက်ရှိနေခဲ့တာဖြစ်ပြီး သြဂုတ်လမှာတော့ သူမရဲ့အင်စတာဂရမ်အကောင့်မှာ နှစ်ယောက်သား relationship ကိုအသိပေးခဲ့တာဖြစ်ပါတယ်။ တရားဝင်အသိပေးပြီးကာမှ လူအများရဲ့ဝေဖန်မှုကို အပြင်းထန်ခံနေရပြီး E’Dawn လည်း Pentagon activity ကနေ ဖယ်ရှားခံရပါတယ်။

Image result for HyunA and E’Dawn

စက်တင်ဘာလမှာ HyunA နဲ့ E’Dawn တို့ထွက်ခွာတော့မယ်လို့ Cube Entertainment မှ ကြေညာပြီးနောက် နိုဝင်ဘာလမှာ သေချာဆွေးနွေးမှုပြုကာ HyunA က အေဂျင်စီနဲ့ သူမစာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။ တိုက်ခိုက်ဝေဖန်မှုတွေပြီးနောက်မှာ သူတို့နှစ်ယောက်အတူတူ ပွဲတက်မယ့် Luxury brand တစ်ခုကို မြင်တွေ့ရတော့မှာပါ။

Image result for HyunA and E’Dawn

100 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.